ရီးယဲလ်အသင်းသည် မိမိကို အသင်းမှထွက်ခွာခွင့်မပေးကြောင်း ဘေးလ် ပြောကြား

ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်က ရီးယဲလ်အသင်းသည် မိမိကို အသင်းမှထွက်ခွာခွင့်ပေးဘဲ ခက်ခဲအောင်ပြုလုပ်နေသည်ဟု Sky Sports နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ထို့ပြင် ဘေးလ်က မိမိ၏အနာဂတ်မှာ ရီးယဲလ်အသင်း၏ လက်ထဲတွင်ရှိနေပြီး ပရီးမီးယားလိဂ်သို့ ပြန်လည် ပြောင်းရွှေ့ကစားလိုကြောင်းလည်း ဝန်ခံခဲ့သည်။

myan789

အသက် (၃၁)နှစ်အရွယ်ရှိ ဘေးလ်သည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီက ရီးယဲလ်အသင်းတွင် ပြိုင်ပွဲစုံ ပွဲ (၂၀)သာကစားခဲ့ရပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်အသင်း ရောင်းချမည့်ကစားသမားစာရင်း၌ ပါဝင်နေသူဖြစ်သည်။

ရီးယဲလ်အ သင်းနှင့် ချုပ်ဆိုထားသည့် ဘေးလ်၏ လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ဘေးလ်သည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ တွင် တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း ရီးယဲလ်အသင်းက တားမြစ်ခဲ့သဖြင့် ပျက်ပြယ်ခဲ့ရသည်။

ဘေးလ်က “ပြီးခဲ့တဲ့နှစ်က ကျွန်တော် အသင်းပြောင်းဖို့ အားလုံးအသင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ နောက်ဆုံးစက္ကန့်မှာ ရီးယဲလ်အသင်းက တားမြစ်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော့်အတွက် ပရောဂျက်အသစ် ရှိလို့လားဆိုပြီး စိတ်လှုပ်ရှားခဲ့ပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။ တခြားအကြောင်းလေးတွေလည်း ရှိပြီး ကျွန်တော့်အနေနဲ့ အသင်းကထွက်ချင်ပေမယ့် သူတို့က ခွင့်မပြုပါဘူး။ ကျွန်တော် ဘောလုံးကစားဖို့ စိတ်အားထက်သန်ဆဲပါ။ အသင်းက အရာအားလုံးကို ချုပ်ကိုင်ထားပြီး ကျွန်တော့်ရဲ့အနာဂတ်က သူတို့လက်ထဲမှာပါ။ ရိုးရိုးသားသားပြောရရင် ခက်ခဲအောင်လုပ်နေတာ သူတို့ပါပဲ”ဟုပြောကြားခဲ့သည်။

ထို့ပြင် ဂါရတ်ဘေးလ်က မိမိအနေဖြင့် ပရီးမီးယားလိဂ်အသင်းများ ကမ်းလှမ်းလာပါက လက်ခံစဉ်းစားရန်အသင့်ရှိကြောင်း Sky Sports သို့ ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular