ရိုနာဒို ဟာ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တယ် လို့ မှတ်ချက်ပေးခဲ့တဲ့ အီတလီ အားကစား ဝန်ကြီးကို ဒေါသတကြီး တုန့်ပြန်လိုက်တဲ့ ဂျူဗီ ဥက္ကဌ

လက်ရှိမှာ ဗိုင်းရပ် ကူးစက်ခံထားရတဲ့ ရိုနာဒို က အီတလီ ကို ပြန်လည် ဝင်ရောက်လာခဲ့တာ နဲ့ ပတ်သက်ပြီး၊ကျန်းမားရေးစောင့်ရှောက်မှုဆိုင်ရာချမှတ်ထားတဲ့စည်းမျဉ်းတွေကိုချိုးဖောက်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့တဲ့ အီတလီ အားကစား ဝန်ကြီးကို ဂျုဗီ ဥက္ကဌ အက်နဲလီကဒေါသတကြီး နဲ့ တုန့်ပြန်လိုက် ပါတယ်။

နိုင်ငံတကာ ပွဲစဉ်ကာလမှာတော့ရိုနာဒိုဟာပေါ်တူဂီအတွက်ကစားပေးဖို့မွေးရပ်မြေဆီရောက်ရှိ နေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲပြင်သစ်၊စပိန်တို့နဲ့ကစားခဲ့တဲ့ပွဲစဉ်တွေမှာပါဝင်ကစားပေးခဲ့ပြီးနောက် ၊ ကျန်းမာရေး စစ်ဆေးမှုတွေ ဆက်လက်ခံယူခဲ့ရာမှာ ဗိုင်းရပ်ပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိရတာကြောင့် ၊ ဆွီဒင်နဲ့ ကစားခဲ့တဲ့ ပွဲကို လွဲချော်ခဲ့ ပါတယ်။

myan789

ချက်ခြင်းဆိုသလို သူဟာ လက်ရှိ သူနေထိုင်ရာ အီတလီကတူရင်ကိုပြန်လာခဲ့ပြီး၊အဲဒီကအိမ်မှာပဲ ကွာရာတင်း ဝင်တာတွေ လုပ်ဆောင်လျှက် ရှိနေပါတယ်။

အီတလီအားကစားဝန်ကြီးဖြစ်သူဗင်စင်ဇိုစပါဒါဖိုရာကတော့အဲဒီလိုပိုးတွေ့လူနာတစ်ယောက်ဟာ နိုင်ငံအတွင်းကို ပြန်လည် ဝင်လာတာဟာ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ကို ချိုးဖောက်ရာ မကျဘူးလား ဆိုတဲ့ မေးခွန်းကို အခုလို ပြန်လည် ဖြေကြား ခဲ့ပါတယ်။

“ ဟုတ်မှာပါ….ကျနော်လဲ အဲဒီ အတိုင်းပဲ ထင်ပါတယ်။ သူ့မှာ ကျန်းမာရေးဝန်ကြီးဌာနကသီးသန့် ခွင့်ပြုချက်မရှိဘူးဆိုရင်တော့၊ချမှတ်ထားတဲ့စည်းမျဉ်းတွေကိုချိုးဖောက်နိုင်ပါတယ်”လို့ပြောဆိုသွားခဲ့ ပါတယ်။

အဲဒီပြောဆိုမှုကိုမကျေမနပ်ဖြစ်နေတဲ့သူကဂျူဗီဥက္ကဌအက်နဲလီပါ။အထူးသဖြင့်သူ့ရဲ့ကစားသမားကို ကလပ်အသင်း လက်လှမ်းမီတဲ့ နေရာမျိုးမှာ ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှုတွေ အပြည့်အ၀ပေးထားချင်သလို၊အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်လဲ ဝန်ကြီး ရဲ့ ပြောဆိုမှုကို အခုလို တုန့်ပြန်သွားခဲ့ ပါတယ်။

“ကျန်းမာရေးဝန်ကြီးဌာနကိုကြိုက်တဲ့အချိန်ဖုန်းခေါ်ပြီးလှမ်းမေးနိုင်ပါတယ်။တကယ်လို့ကျနော်တို့ဘက်ကတစ်စုံတရာချိုးဖောက်ခဲ့တယ်ဆိုရင်၊ဘယ်လိုချိုးဖောက်ခဲ့တာလဲဆိုရှင်းပြခိုင်းလိုက်ပါ” လို့ သတင်းသမားတွေကို ခပ်မာမာပဲ ဖြေကြားသွားခဲ့ ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးပေါ်တူဂီကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့လိုအပ်တဲ့စာရွက်စာတမ်းတွေ ၊ အချက်အလက်တွေ အားလုံး ပြည့်စုံမှ အီတလီ ကို ထွက်ခွာခွင့် ပေးခဲ့တာဖြစ်ကြောင်း ပြန်လည် ရှင်းလင်းထားပါတယ်။

“ဗိုင်းရပ်ကူးစက်ခံထားရတဲ့လူနာတစ်ယောက်အနေနဲ့လက်ရှိနေထိုင်ရာနိုင်ငံကိုပြန်သွားချင် တယ်ဆိုရင်သယ်ယူပို့ဆောင်ရေးနဲ့လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်တွေအားလုံးဟာသူကပဲအပြည့်အ၀တာဝန်ယူရတာပါ။သူတို့ဘက်ကစီစဉ်ထားတားတွေအားလုံးကိုကျနော်တို့ဆီကိုတင်ပြခဲ့သလို၊လုံခြုံမှုပိုင်းဆိုင်ရာအတွက်လဲအာမခံသွားလို့ခွင့်ပြုချက်ပေးလိုက်တာပါ။ဒါဟာရိုနာဒိုရဲ့ကိစ္စကိုအနှစ်ချုပ်ပြောပြခြင်းဖြစ်ပါတယ်”လို့ပေါ်တူဂီပြည့်သူ့ကျန်းမာရေးဒါရိုတ်တာကပြောပြသွားခဲ့ ပါတယ်။

ရိုနာဒိုဟာကိုယ်ပိုင်ဂျက်လေယာဉ်နဲ့အီတလီကိုရောက်ရှိလာခဲ့တာဖြစ်ပြီး၊ခရီးလမ်းတစ်လျှောက်မှာလဲ ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှု အပြည့်အ၀ ရှိခဲ့သလို ၊ လေဆိပ်မှာ ကြိုနေတဲ့ ကား နဲ့ ဝန်ထမ်းတွေ က အစ ကြိုတင် ကာကွယ်မှု အတွက် PPE ဝတ်စုံ အပြည့်နဲ့ ဆောင်ရွက်ပေးခဲ့ ကြပါတယ်။

ဂျူဗီ ကတော့ လက်ရှိမှာ ကလပ်အတွင်း ဗိုင်းရပ် ပျံ့နှံ့တဲ့ပြသနာပေါ်ပေါက်လာမှာကိုစိုးရိမ်မှုတွေ မြင့်တက်လျှက် ရှိနေပါတယ်။ စီနီယာ အသင်းကြီးမှာရိုနာဒိုနဲ့မက်ကန်နင်းတို့ကူးစက်ခံထားရပြီး ၊ ယူ 23 အသင်းမှာလဲ ကစားသမား တစ်ယောက် နဲ့ ဝန်ထမ်း တစ်ယောက် မှာပိုးတွေ့ရှိခဲ့ကြောင်း ဒီမနက်မှာ တရားဝင် ကြေငြာချက် ထုတ်ပြန်ထားပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular