ရိုနယ်ဒို – ဆွာရက် အတွဲကို မြင်ရတော့မှာလား . . . ယူဗင်တပ် ဒါရိုက်တာဆီ ဆက်သွယ်လိုက်တဲ့ ဘာကာတိုက်စစ်မှုး

ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှုးကြီး လူးဝစ် ဆွာရက် ဟာ အီတလီ စီးရီးအေ ကို ပြောင်းရွှေ့ ဖို့ စိတ်ကူး လာခဲ့ပြီး ယူဗင်တပ် အသင်းရဲ့ အားကစား ဒါရိုက်တာ ပေဗယ် နက်ဗက် ကို ချိတ်ဆက် ခဲ့တယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။ ဒါဟာ ဆွာရက် ကို ယူဗင်တပ် တိုက်စစ်မှုးကြီး ခရစ္စတီယာနို ရိုနယ်ဒို နဲ့ တွဲဖက် ကစားဖို့ ဖြစ်လာ စေနိုင်ပြီး မက်ဆီ – ရိုနယ်ဒို ၂ ဦး စလုံးနဲ့ ကစားဖူးတဲ့ နောက်ထပ် ကစား သမားသစ် ဖြစ်လာ နိုင်မှာ ပဲ ဖြစ်ပါတယ် ။

လီဗာပူး တိုက်စစ်မှုးဟောင်း ဆွာရက် ဟာ ဘာစီလိုနာ မှာ အောင်မြင်မှု များစွာ ရယူ နိုင်ခဲ့သူ ဖြစ်ပေမယ့် အသစ် ရောက်ရှိ လာတဲ့ နည်းပြ ရော်နယ် ကိုးမန်း က သူ့ရဲ့ အစီအစဉ်တွေ မှာ ဆွာရက် ကို ထည့်သွင်း မထားတော့ဘူး လို့ အသိပေး ပြောဆို လာခဲ့ ပါတယ် ။

myan789

ဒါကြောင့် ဆွာရက် အနေနဲ့ နူးကမ့် ကို စွန့်ခွာ ရတော့ မှာ ဖြစ်ပြီး ယူဗင်တပ် အသင်း ကလည်း စာချုပ် ဖျက်သိမ်း လိုက်ပြီ ဖြစ်တဲ့ ဂွန်ဇာလို ဟီဂွာအင် ရဲ့ နေရာကို အစားထိုးဖို့ အတွက် တိုက်စစ်မှုး တစ်ယောက် ကို လိုအပ် နေခဲ့ ပါတယ် ။ ဒီအတွက် ရိုးမား တိုက်စစ်မှုး ဒီဇစ်ကို ကို ချိတ်ဆက် နေပေမယ့် အဆင်မပြေ မှုတွေ ရှိနေ ခဲ့ ပါတယ် ။

ရိုးမား ဟာ ဇစ်ကို အတွက် အစားထိုးဖို့ တိုက်စစ်မှုး ရရှိမှသာ မန်စီးတီး တိုက်စစ်မှုးဟောင်း ကို ရောင်းချ မှာ ဖြစ်တဲ့ အခြေအနေ မှာ ဆွာရက် လို တိုက်စစ်မှူမျိုး က ကမ်းလှမ်းလာမှုဟာ ယူဗင်တပ် အတွက် အစီအစဉ် တွေကို ပြောင်းလဲဖို့ ဖြစ်လာ စေခဲ့ ပါတယ် ။

ကတ်တလန် အခြေစိုက် အားကစား သတင်းစာ မွန်ဒို ဒီပို့တီပို ရဲ့ ဖော်ပြချက် အရ ဆွာရက် ဟာ ယူဗင်တပ် အကြီးအကဲ ပေဗယ် နက်ဗက် နဲ့ ဆက်သွယ် စကား ပြောဆို ထားပြီး အီတလီ ချန်ပီယံဆီ လာရောက် ကစားဖို့ စိတ်ကူး ကြောင်း အသိပေး ပြောဆို ထားခဲ့ ပါတယ် ။ ဒါဟာ လာမယ့် ရာသီမှာ ဆွာရက် + ဒိုင်ဘားလား + ရိုနယ်ဒို တိုက်စစ် အတွဲကို မြင်တွေ့ရဖွယ် ရှိပြီး နည်းပြသစ် ပီယာလို ဟာလည်း ဆွာရက် ကို နှစ်သက် သဘောကျသူ ဖြစ်တယ်လို့ သိရ ပါတယ် ။

ဆွာရက် နဲ့ ရိုနယ်ဒို တို့ ဟာ ပရီးမီးယားလိဂ် မှာ ကစားခဲ့ဖူး သလို စပိန်မြေ ပေါ်မှာလည်း နှစ်ပေါင်း များစွာ ပြိုင်ဘက်တွေ အဖြစ် ကစားခဲ့ကြ ဖူးပါတယ် ။ သူတို့ ၂ ဦး ဟာ ၂၀၁၄ ခုနှစ် ဥရောပ ရွှေဖိနပ်ဆု ကို ပူးတွဲ ရရှိ ခဲ့ကြသူတွေ ဖြစ်ပြီး အဆုံးသတ် ကောင်းမွန်တဲ့ တိုက်စစ်မှုးတွေ ဖြစ်တာကြောင့် ဆွာရက် ရောက်လာပါက ယူဗင်တပ် ရဲ့ တိုက်စစ်ပိုင်း အတွက် စိတ်ချ သွားရတဲ့ အခြေအနေ ရှိလာနိုင် ပါတယ် ။

ဒါ့အပြင် ဆွာရက် ဟာ လီယွန်နယ် မက်ဆီ နဲ့ အလွန် ရင်းနှီးသူ ဖြစ်တာကြောင့် ဆွာရက် ယူဗင်တပ် ကို ရောက်လာပါက မက်ဆီ ရဲ့ အင်တာ မီလန် ကစား သမား ဖြစ်လာ နိုင်ချေဟာ အလွန် နည်းပါး သွားမှာ ဖြစ်ပြီး ယူဗင်တပ် ကိုပင် ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့ လာနိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေ လည်း ပေါ်ထွက် လာခဲ့ ပါတယ် ။

မက်ဆီ ဟာ ဘာစီလိုနာ အသင်း နဲ့ မသက်ဆိုင်တော့ဘူး လို့ ဆုံးဖြတ် ထားပြီး ယမန်နေ့ က ပြုလုပ် ခဲ့တဲ့ ရာသီကြို ပြင်ဆင်မှု ( ဆေးစစ်ခြင်း နှင့် သွေးပူလေ့ကျင့်ခန်း ဆင်းခြင်း ) ကို မလာရောက် ခဲ့ပါဘူး ။ အဆိုပါ အစီအစဉ် ကို ဆွာရက် အပါအဝင် ရောင်းထုတ် ခံရမယ်လို့ သတင်းကြီး နေတဲ့ စီနီယာ အသင်းသား အားလုံး ရောက်လာ ခဲ့ကြ ပေမယ့် မက်ဆီ နဲ့ အမ်တီတီ ( ဒဏ်ရာ ရနေသူ ) တို့သာ ပျက်ကွက် ခဲ့ကြ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular