ရာသီအဖွင့် နိုင်ပွဲ နဲ့ ကစားကွက်သစ် အကြောင်း ရှင်းပြသွားတဲ့ ပီယာလို

ယူဗင်တပ် အသင်း နည်းပြသစ် အန်ဒရေ ပီယာလို ဟာ ယမန်နေ့ ညက သူ့ရဲ့ ပထမဆုံး စီးရီးအေ ပွဲစဉ် ကို ကိုင်တွယ် ခဲ့ပြီး နိုင်ပွဲ နဲ့ စတင် ဖွင့်လှစ် နိုင်ခဲ့ ပါတယ် ။ ယူဗင်တပ် ဟာ ဆမ့်ဒိုးရီးယား အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ခဲ့ပြီး ကူလူဆပ်ဗ်စကီး ၊ ဘိုနူချီ ၊ ရိုနယ်ဒို တို့ရဲ့ သွင်းဂိုးတွေ နဲ့ အနိုင် ရခဲ့ ပါတယ် ။ ဒါဟာ ချန်ပီယံ တို့ကို အဖွင့် ၃ မှတ် ရရှိ စေခဲ့ပြီး ပီယာလို အတွက်လည်း မျက်နှာပန်း လှသွား စေခဲ့ ပါတယ် ။

ယူဗင်တပ် အတွက် အသစ် ပြောင်းရွှေ့ လာခဲ့တဲ့ ကူလူဆပ်ဗ်စကီး က အဖွင့်ဂိုး သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်း မှာတော့ ဘိုနူချီ နဲ့ ရိုနယ်ဒို တို့က ဂိုးတွေ ဆက်လက် သွင်းယူ ပေးခဲ့ တာပဲ ဖြစ်ပါတယ် ။ ပီယာလို ဟာ ၃-၄-၁-၂ ကစားကွက် နဲ့ ပွဲကို စတင်ခဲ့ပြီး သူ့ရဲ့ လူထုတ်ပုံ ဟာ ပရိသတ်တွေ ကို အံ့သြ စေခဲ့ ပါတယ် ။

myan789

ယူဗင်တပ် နည်းပြသစ် ဟာ အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ဂီယန်လူကာ ဖရာဘော့တာ ကို ပွဲထွက် စာရင်းမှာ ထည့်သွင်းခဲ့ပြီး သူ့ရဲ့ ဒုတိယ မြောက် ယူဗင်တပ် စီနီယာ ပွဲ ဖြစ်စေ ခဲ့ ပါတယ် ။ ဒါ့အပြင် ရှော်ကေး ကနေ ခေါ်ယူ ထားတဲ့ မက်ကိန်း ကို ရာဘီယော့ ၊ ကွာဒရာဒို တို့နဲ့ အတူ ပါဝင် စေခဲ့ ပါတယ် ။

“ကစား သမားတွေနဲ့ စကားပြောတာဟာ အရမ်းကို အရေးကြီး ပါတယ် ။ ကျွန်တော် ကိုယ်တိုင်လည်း သိပ် မကြာ သေးခင် က အထိ ဘောလုံး သမား ဖြစ်ခဲ့ တာပါ ။ အချင်းချင်း ပြောဆို ဆွေးနွေး နေဖို့ က အရမ်း အရေးကြီး ပါတယ် ။ သူတို့ ဘာတွေတွေးနေတယ် ၊ သူတို့ ဘာတွေ ပြောပြ ချင်တယ် ဆိုတာကို သိရဖို့ က တကယ် အရေးပါ ပါတယ်” လို့ နည်းပြ ပီယာလို က အစပြု ပြောဆို ခဲ့ ပါတယ် ။

“ပထမပိုင်း ဟာ တကယ် ကောင်းခဲ့ ပါတယ် ။ ၁ ဂိုးပဲ ရလိုက်တာ ကလွဲရင် ကျန်တာ ဘာမှ ပြောစရာ မရှိ ပါဘူး ။ ဒုတိယ ပိုင်း မှာတော့ လုပ်အားနှုန်း က ကျလာ ခဲ့ ပါတယ် ။ ဒါပေမယ့် ကစားပုံ က ကောင်းနေဆဲပါပဲ ၊ ပွဲကို ထိန်းချုပ် နိုင် ခဲ့ပြီး ဆမ့်ဒိုးရီးယား ရဲ့ တန်ပြန် တိုက်စစ်တွေ ကိုလည်း တားဆီး နိုင်ခဲ့ ပါတယ်”

“ဖရာဘော့တာ ကစားတာ တကယ် ကောင်းပါတယ် ။ အဲလက်စ် ဆန်ဒရို ဒဏ်ရာ ရသွားတာကြောင့် ယူ-၂၃ က ကောင်လေး ကို ကျွန်တော် ခေါ်လာခဲ့ တာပါ ။ သူ့ရဲ့ လေ့ကျင့်ရေး ကွင်းက ရလဒ်တွေ ကိုလည်း ကြိုက်ခဲ့ ပါတယ်”

“အမေရိကန်လေး ( မက်ကင်း ) က ဂျာမဏီ ကနေ ရာသီကြို လေ့ကျင့်မှု စကတည်းက ရောက်နေ ခဲ့တာပါ ။ သူက ကျွန်တော်တို့ ထက် နားရက် ပိုရ ထားပါတယ် ။ ဒါကြောင့် ပုံစံ ကောင်း ရနေခဲ့ ပါတယ် ။ ဘောလုံးပေး တာ အမှားနည်းနည်း ရှိခဲ့ ပေမယ့် သူ့ရဲ့ ပထမဆုံးပွဲ ဆိုတော့ ဒါကို နားလည် ပေးရမှာပါ”

“ကစားပုံ အမျိုးမျိုး ကို ကျွန်တော်တို့ အသုံးပြု သွားမှာပါ ။ ဘယ်သူ့ရဲ့ အကြံဉာဏ် ကို မှ ပုံတူ ကူးချ သွားမှာ မဟုတ်ပါဘူး ။ ကျွန်တော့ရဲ့ ကိုယ်ပိုင် အယူအဆ နဲ့ ပဲ ကစားသွား မှာပါ ။ ဒါပေမယ့် အသင်းက လူအားလုံး ရဲ့ အမြင် နဲ့ အယူအဆတွေ ကိုတော့ နားထောင် သွားမှာပါ” လို့ အန်ဒရေ ပီယာလို က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ကွင်းလယ်လူ ၄ ဦး အသုံးပြု ခဲ့မှု နဲ့ ပတ်သက်လို့လည်း “ကွင်းလယ်လူ ၄ ဦး နဲ့ ကစားတာက ၂ ယောက် တည်းနဲ့ ကစားတာထက် ပိုပြီး ဟန်ချက် ညီစေ တယ်လို့ ထင်ပါတယ် ။ နောက်ပွဲတွေ မှာလည်း ဒီစနစ် ကို သုံးသွား ဖို့ စိတ်ကူး နေပါတယ် ။ ဒီစနစ် က ခံစစ် ကစားချိန် မှာ ၄ ဦး ၊ တိုက်စစ် ကစားချိန် မှာ ၅ ဦး နဲ့ ကစား နိုင်ပါတယ်” လို့ ပီယာလို က ဖြေကြား သွားခဲ့ ပါတယ် ။

ယူဗင်တပ် အသင်းဟာ လာမယ့် ပွဲစဉ် ( ၂ ) မှာတော့ ရိုးမား အသင်း ၊ ပွဲစဉ် ( ၃ ) မှာတော့ နာပိုလီ အသင်းနဲ့ ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular