ရင်ဆိုင်ဖူးသမျှထဲ ကန်ချက် အပြင်းဆုံး ကစားသမား အမည်ကို ထုတ်ဖော် ပြောပြလိုက်တဲ့ ဒင်းန် ဟန်ဒါဆန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီထွက် လူငယ် ကြယ်ပွင့် ဂိုးသမားလေး ဖြစ်တဲ့ ဒင်းန် ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အထိ အငှား ထွက်ခွာ ကစားခဲ့ ရတာ များခဲ့ ပေမယ့် အသင်းနဲ့တော့ ကာရင်တန်မှာ လေ့ကျင့်ခွင့် တွေကို လုပ်ဆောင်ခွင့် အနည်း နဲ့ အများ ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။

2017 ခုနှစ် မှာလည်း သူဟာ ဂရင်စဘီ တောင်း အသင်း နဲ့ အငှား စာချုပ် ကုန်ဆုံး သွားခဲ့တဲ့နောက် ယူနိုက်တက် အသင်းဆီ ပြန်လည် လာရောက်ခွင့် ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။ အဲ့ဒီ အချိန် မှာပဲ သူဟာ ယူနိုက်တက် အသင်း ရဲ့ စီနီယာ ကစားသမား စာရင်း နဲ့ အတူ ပထမဆုံး အကြိမ် လေ့ကျင့်ခွင့် ပိုင်ဆိုင် သွားနိုင်ခဲ့ ပါတယ် ။

myan789

အဲ့ဒီ တုန်းက လေ့ကျင့်ရေး အစီအစဉ် ကပဲ သူ့ကို တစ်သက်တာ အမှတ်တရ တစ်ခုကို ပေးဆောင် သွားခဲ့ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ လေ့ကျင့်ရေး ကွင်းထဲမှာ ဘောလုံး လောကရဲ့ စူပါ စတား တစ်ဦး ဖြစ်တဲ့ ဇလာတန် အီဗရာဟီ မိုဗစ် ရဲ့ ကန်ချက်ကို ကိုယ်တွေ့ ရင်ဆိုင်ခဲ့ ရလို့ပဲ ဖြစ်ပါတယ် ။

အဆိုပါ အချိန် တုန်းက ယူနိုက်တက် အသင်း ရဲ့ တတိယ ဦးစားပေး ဂိုးသမား ဖြစ်သူ ဂျိုး ပါရဲရားဟာ ဒဏ်ရာ ပြသနာ ကြုံတွေ့ နေခဲ့တဲ့ အတွက် ဟန်ဒါဆန်ဟာ စီနီယာ အသင်း နဲ့ အတူ လေ့ကျင့်ခွင့် ပိုင်ဆိုင် နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ထို့အတူ သူဟာ ဇလာတန် နဲ့ အကြိမ်ပေါင်း များစွာ အတူ လေ့ကျင့်ခွင့် ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။

အဆိုပါ အချိန် တုန်းက အသက် 20 သာ ရှိနေခဲ့ သေးတဲ့ ဟန်ဒါဆန် က အခုတော့ ဇလာတန် အီဗရာဟီမိုဗစ် ရဲ့ ကန်ချက် တွေဟာ သူ ရင်ဆိုင်ခဲ့ဖူး သမျှထဲ အပြင်းထန်ဆုံး ဖြစ်ခဲ့ရကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” လေ့ကျင့်ရေး အစီအစဉ်ကို ကျွန်တော် မှတ်မိပါ သေးတယ် ။ ကျွန်တော်ဟာ ဂရင်စဘီ တောင်း ကနေ အငှား ကစားပြီး ယူနိုက်တက်ကို ပြန်လာ ခဲ့တာပါ ။ အဲ့ဒီတုန်းက ဇလာတန် ရောက်ခါစ ဖြစ်ခဲ့ပြီး ကျွန်တော်လည်း သူနဲ့ လေ့ကျင့်ခွင့် ရရှိခဲ့ ပါတယ် ။ ဒါက ကျွန်တော့် အတွက် တစ်ကယ့်ကို ရူးသွပ်ဖွယ် ကောင်းတဲ့ အခိုက်အတန့် တစ်ခု ပါပဲ ”

” ဇလာတန် ၊ ဒီ ဘဲကြီးက ဘောလုံးကို တစ်ကယ့် အားပြင်းြပ်င်းနဲ့ ကန်သွင်းခဲ့ပါတယ် ။ ကျွန်တော့် ဘဝမှာ တစ်စုံတယောက် က ဘောလုံးကို ဒီလောက် အထိ အားပြင်းပြင်း နဲ့ ကန်နိုင်တာ တစ်ခါမှ မတွေ့မြင် ခဲ့ဖူးပါဘူး ။ လေ့ကျင့်ရေး ကွင်းထဲ သူနဲ့ ပြိုင်ဖက် အဖြစ် ကစားခဲ့ ရတာ တွေက တစ်ကယ့်ကို အံ့ဖွယ် ပါပဲ ”

” မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ် တစ်ဦး အဖြစ် နဲ့ ကြီးပြင်း လာခဲ့တဲ့ လူငယ် ကစားသမား တစ်ဦး ဖြစ်တဲ့ ကျွန်တော့် အတွက်တော့ ဒီလို ကစားသမား တွေနဲ့ စတင် လေ့ကျင့်ခွင့် ရရှိတာက တစ်ကယ့်ကို စိတ်ဓါတ် တက်ကြွဖွယ်ရာ ဖြစ်ခဲ့ရ ပါတယ် ”

” ဒါက ကျွန်တော့် အတွက်တော့ တစ်ကယ့်ကို ခမ်းနားလွန်းခဲ့ ပါတယ် ။ ကျွန်တော်က ဒါကို အမြဲတမ်း အမှတ်ရ နေမှာပါ ” လို့ ဟန်ဒါဆန် က သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ အစ တုန်းက အမြဲတမ်း အမှတ်တရ ဖြစ်နေစေ ခဲ့တဲ့ ဇလာတန် နဲ့ အတွေ့အကြုံ အကြောင်း ပြန်ပြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular