ယူရို သန်း 90 ပေးမယ် ဆိုရင် ကူလီဘယ်လီ ကို ခေါ်လို့ ရတယ် လို့ ပြောဆိုလိုက်တဲ့ နာပိုလီ ဥက္ကဌ

ကူလီဘယ်လီ ရဲ့ ခြေစွမ်းဟာ ဘယ်လောက်အထိ ကောင်းမွန်လဲ ဆိုတာ ပရိသတ်တိုင်း သိထားပြီးသားပါ။ ဒါကြောင့် နောက်တန်း အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ ဥရောပ ထိပ်သီး ကလပ်တိုင်းက သူ့ရဲ့ စွမ်းဆောင်ရည်ကို သဘောကျကြပါတယ်။

အထူးသဖြင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ခဏခဏ ရင်ဆိုင် ကစားခဲ့ဖူးတဲ့ လီဗာပူး ပရိသတ်တွေက ၊ လိုဗရန် ရဲ့ နေရာကို အစားထိုးပြီး ခေါ်ယူဖို့ အတွက်တောင် စိတ်ကူးယဉ် မျှော်လင့်ချက်တွေ အများကြီး ထားနေကြပါတယ်။

myan789

လက်ရှိ အနေအထား အရတော့ ကူလီဘယ်လီ ကို ခေါ်ယူဖို့ ထိပ်ဆုံး ကနေ ရေပန်းစားလျှက် ရှိနေတာက မန်စီးတီး ပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီ က ကွန်ပနီ နဲ့ လမ်းခွဲခဲ့ပေမယ့် ၊ အဲဒီနေရာကို ဖြည့်တင်းခဲ့ခြင်း မရှိတဲ့ အကျိုးဆက်တွေက တော်တော်လေးကို ကြီးမားလွန်းခဲ့ပါတယ်။

ဒါကြောင့် ပက်ဂွာဒီယိုလာ ဟာ ဒီရာသီမှာ နောက်တန်း အင်အားကို အစားထိုး ဖြည့်တင်းဖို့ လုပ်ဆောင်နေတယ် ဆိုတဲ့ သတင်းတွေက အခိုင်အမာ ထွက်ပေါ်ထားခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကတော့ မန်စီးတီး ဟာ ဘုန်းမောက် အသင်းရဲ့ ခံစစ်မှုး အကီကို ခေါ်ယူဖို့ အတွက် ပေါင် သန်း 40 နဲ့ သဘောတူညီမှု ရယူထားခဲ့ပြီးပါပြီ။ လက်ရှိမှာ နှစ်ဖက် အသင်း တာဝန်ရှိသူတွေဟာ အပြောင်းအရွှေ့အတွက် အပြီးသတ်နိုင်ဖို့ ၊ စာရွက်စာတမ်း ကိစ္စတွေ ၊ ငွေပေးချေမှု ပုံစံတွေကို အနှစ်ချုပ် ဆွေးနွေးနေကြတယ်လို့ ယုံကြည်ရပါတယ်။

အီတလီ က သတင်းတွေမှာတော့ မန်စီးတီး ဟာ ကူလီဘယ်လီ အတွက်ကို ယူရို 65 သန်း နဲ့ ပထမဆုံး အကြိမ် ကမ်းလှမ်းခဲ့ပေမယ့် နာပိုလီ ဘက်က ပယ်ချထားခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့မှာတော့ နာပိုလီ အသင်းရဲ့ ဥက္ကဌ ဒီလော်ရန်တစ် က သူလိုချင်တဲ့ ပမာဏမျိုးကို ကိုယ်တိုင် ထုတ်ဖော် ပြောဆိုလာခဲ့ပြီး ၊ အဲဒီ အတိုင်းရမယ် ဆိုရင် ရောင်းချမယ့် အကြောင်းကိုလဲ အရိပ်အမြွက် ပြောဆိုသွားခဲ့ပါတယ်။

“ ကူလီဘယ်လီ လို ကစားသမားမျိုးကို နာပိုလီ မှာပဲ ကစားသမားဘ၀ သက်တမ်း ကုန်ဆုံးတဲ့ အထိ ရှိစေချင်တာပေါ့။ ဒါပေမယ့် ကတိတွေ ပေးမထားချင်ဘူးဗျာ။

သူဟာ လူတော်တစ်ယောက်လဲ ဖြစ်နေလို့ ၊ သူ့ကိုသာ ဆုံးရှုံးရမယ် ဆိုရင် ကျနော်ဖြင့် တော်တော်လေး ဝမ်းနည်းမိမှာ သေချာပါတယ်။ ဒါပေမယ့် ဘဝမှာ တစ်ကွေ့ကွေ့တော့ ခွဲခွာရစမြဲလေ။

ယူရို သန်း 90 မရပဲနဲ့တော့ သူ့ကို ရောင်းချဖို့ ဆုံးဖြတ်ချက်မျိုးကို ချမှတ်မှာ မဟုတ်ပါဘူး” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ကူလီဘယ်လီ ဟာ လက်ရှိမှာ အသက် 29 နှစ် အရွယ် ရှိနေပြီ ဖြစ်ပြီး ၊ စာချုပ်သက်တမ်းက 2023 ခုနှစ် အထိ ကျန်ရှိနေသးပါတယ်။ သူ့ရဲ့ ဒီရာသီ စွမ်းဆောင်ရည်တွေ ကြည့်လိုက်မယ် ဆိုရင် ပြိုင်ပွဲပေါင်းစုံ 32 ပွဲ အထိ ပါဝင် ကစားပေးထားပြီး ၊ ဂိုးတော့ သွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။

သို့သော် သူဟာ နာပိုလီ ကို ပြောင်းလာပြီးနောက်ပိုင်း ပါဝင် ကစားခဲ့တဲ့ 6 ရာသီမှာ ၊ စုစုပေါင်း ဒဏ်ရာ ရရှိတဲ့ အရေအတွက်ဟာ 4 ကြိမ်ပဲ ရှိသေးတာပါ။ ဒါကြောင့် သူ့ရဲ့ ကြံ့ခိုင်မှု ပိုင်းက တော်တော်လေးကို ကောင်းမွန်လွန်းနေတယ်လို့ မှတ်ချက် ပေးရမှာ ဖြစ်ပါတယ်။

နာပိုလီ ဥက္ကဌ ဒီလော်ရန်တစ် ကတော့ မကြာခင်က စီးရီးအေ ဖလားကြီးကို ဆွတ်ခူးသွားတဲ့ နည်းပြဆာရီ ရဲ့ နာပိုလီ ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချခဲ့တာဟာ တော်တော်လေး မိုက်မဲလွန်းရာ ကျတယ်လို့လဲ ထပ်ပြီး ပြောဆိုသွားခဲ့ ပြန်ပါတယ်။

“ဂျူဗီ မှာ စီးရီးအေ ဖလား ဆွတ်ခူးတာ အထူးအဆန်း မဟုတ်ပါဘူး။

ကျနော်တို့ အသင်းကို စွမ်းဆောင်ပေးခဲ့တဲ့ အရာတွေ အားလုံးအတွက် ဆာရီကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ သူသာ နာပိုလီမှာ ဆက်ပြီး ရှိနေမယ် ဆိုရင် စီးရီးအေ ဖလားကြီးကို သိမ်းပိုက်ဖို့ အတွက် ကူညီကောင်း ကူညီပေးနိုင်ခဲ့မှာပေါ့ ။ ဒါပေမယ့် သူကတော့ ထွက်သွားတယ်လေ။

အခုချိန် သူ့ကြည့်ရတာ နာပိုလီ မှာတုန်းကလဲ စိတ်မချမ်းသာရ ရှာပါဘူး။ ကျနော်တို့ နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက် ချသွားတာ တော်တော်မိုက်မဲလွန်းပါတယ်” လို့ ဝေဖန်သွားခဲ့ပြန်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular