ယူနိုက်တက် အသင်းဖော်တွေကို တိုက်တွန်း နှိုးဆော်မှု တစ်ခု ပြုလုပ်သွားတဲ့ ဝမ် ဘစ်ဆာကာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ် မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ လန်ဒန် အခြေစိုက် မဟာ ပြိုင်ဖက် အသင်း တစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းကို ဧည်ခံ ကစား ခဲ့ပြီး 0 – 1 ဆိုတဲ့ ရလဒ်နဲ့ စိတ်ပျက်ဖွယ် အိမ်ကွင်း ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် အတွင်း နှစ်ဖက် အသင်းဟာ အခွင့်အရေး အချို့ကို အသုံးမချ နိုင်ခဲ့ ကြတဲ့ အတွက် အများ မျှော်လင့်ထာခဲ့သလို သွင်းဂိုးတွေ မမြိုင်ဆိုင် ခဲ့ရ ပါဘူး ။ အာဆင်နယ် တို့ဟာ တလုံးထဲသော အနိုင်ဂိုးကို ဘယ်လာရင်ကြောင့် ရရှိ ခဲ့တဲ့ ပင်နယ်တီမှ တစ်ဆင့် သွင်းယူ သွားနိုင် ခဲ့တာပဲ ဖြစ်ပါတယ် ။

myan789

အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက် တို့ဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အိမ်ကွင်း ပွဲစဉ် တွေမှာ နိုင်ပွဲ လုံးဝ မရနိုင်သေးတဲ့ မှတ်တမ်းဆိုး တစ်ရပ်ကို ပိုင်ဆိုင် ခဲ့လိုက်ကြ ပါတယ် ။ အာဆင်နယ် ကတော့ အိုးလ် ထရပ်ဖို့ဒ်မှာ 14 နှစ်ကြာ နိုင်ပွဲ မရသေးတဲ့ မှတ်တမ်းဆိုးကို ချေဖျက် သွားနိုင်ခဲ့ကြ ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်း ရဲ့ ညာ နောက်ခံလူ ဖြစ်တဲ့ ဝမ် ဘစ်ဆာကာ က အခုတော့ အသင်း အတွက် ရွေးချယ် နေစရာ လမ်းစ မရှိတော့ကြောင်း ၊ နောက် တစ်ပွဲမှာ မှန်ကန်တဲ့ လမ်းကြောင်း အပေါ် ပြန်လည် တက်လှမ်း နိုင်ဖို့ အစွမ်းကုန် အားထုတ် ကြိုးပမ်း ရတော့မှာ ဖြစ်ကြောင်း အသင်းဖော် တွေကို တိုက်တွန်း နှိုးဆော် သွားခဲ့လိုက် ပါတယ် ။

” ဒါဟာ တကယ့်ကို စိတ်ပျက်စရာ ရလဒ် တစ်ခု ပါပဲ ။ ဒုတိယပိုင်း အတွင်း ကွင်းထဲ ဝင်ရောက်ခဲ့ ကြပြီး စွမ်းနိုင် သမျှ အကုန် အားထုတ် ကြိုပမ်း ခဲ့ကြ ပါတယ် ။ ဒီလို စွမ်းဆောင်ရည် တွေကို ပြသခဲ့ ပြီးမှ အခုလို ရလဒ် နဲ့ ကွင်းထဲက ပြန်ထွက် လာရတယ် ဆိုတာဟာ တစ်ကယ့်ကို စိတ်ပျက်စရာ ပါပဲ ”

” ကျွန်တော် တို့ဟာ ပွဲစဉ်တိုင်းကို အနိုင် ရလိုကြတဲ့ စိတ်ဓါတ် ၊ စွမ်းဆောင်ရည်ကောင်း ပြသမယ် ဆိုတဲ့ ခံယူချက် နဲ့ပဲ ယှဉ်ပြိုင် ကစားခဲ့ ကြတာပါ ။ ကျွန်တော်တို့ အခု ရလဒ်ကနေ သင်ခန်းစာယူပြီး လာမယ့် ပွဲစဉ်မှာ မှန်ကန်တဲ့ လမ်းကြောင်း အပေါ် တက်လှမ်း နိုင်ဖို့ ကြိုးစား ရပါ တော့မယ် ” လို့ ဝမ်ဘစ်ဆာကာ က MUTV နဲ့ အင်တာဗျူး မှာ ပြောကြား သွားခဲ့လိုက် ပါတယ် ။

ယူနိုက်တက် တို့ဟာ အိမ်ကွင်းမှာ ပွဲစဉ် 4 ပွဲ ကစားခဲ့ပြီးနောက် ရမှတ် 1 မှတ်သာ စုဆောင်း ထားနိုင်ခဲ့ ပေမယ့် အဝေးကွင်း မှာတော့ ရလဒ်တွေ အထူး ကောင်းမွန် နေခဲ့ကြ ပါတယ် ။ ဒါပေမယ့် ဘစ်ဆာကာ ကတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းကြောင့် ဖိအားတွေ ခံစား နေရတာ မဟုတ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ အဝေးကွင်း ပွဲတိုင်းကို အနိုင် ရရှိ နေကြတာက ထူးဆန်းလှ ပါတယ် ။ ကျွန်တော်တို့ အိုးလ် ထရပ်ဖို့ဒ် မှာတော့ နိုင်ပွဲ ရယူ နိုင်ခဲ့ကြ ပါဘူး ။ RB လက်ပ်ဇစ် နဲ့ ကစား ခဲ့တဲ့ ( အိမ်ကွင်း ပွဲစဉ် ) စွမ်းဆောင်ရည် ကတော့ တစ်ကယ်ပဲ ခြားနားခဲ့ ပါတယ် ”

” ဒါပေမယ့် (အာဆင်နယ်နဲ့) ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ တွေဟာ ခြားနားတဲ့ စိတ်ဓါတ်နဲ့ အတူ ကွင်းထဲ ဝင်ရောက် ခဲ့ပြီး အခွင့်အရေတွေ ဖန်တီးခဲ့ ကြတာကို ခင်ဗျား တို့ တွေ့မြင် နိုင်ပါ လိမ့်မယ် ။ ကျွန်တော်တို့ လိုအပ် နေခဲ့တာက အဲ့တာတွေကို အသုံးချ နိုင်ဖို့ ပါပဲ ”” ပိုင်နိုင်တဲ့ အခွင့်အရေး တွေကို ရရှိ နိုင်ဖို့ ဆိုတာက နှစ်သင်းလုံး အတွက် ခက်ခဲခဲ့ ပါတယ် ။ အရေးကြီးတာက အခွင့်အရေး တွေကို ဖန်တီး နိုင်ဖို့ နဲ့ အရ ယူနိုင်ဖို့ ပါပဲ ” လို့ ဘစ်ဆာကာ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular