ယူနိုက်တက်အတွက် စတင် ကစားပေးလိုက်ပြီဖြစ်တဲ့ ကာဗာနီရဲ့ အနာဂတ်အပေါ် ဟောကိန်းထုတ်လိုက်တဲ့ မိုက်ကယ် အိုဝင်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ နောက်ဆုံး ရက်စွဲ တုန်းက အသင်း လက်မဲ့ ဖြစ်နေ ခဲ့တဲ့ PSG အသင်း ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ အီဒင်ဆန် ကာဗာနီကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ခဲ့ပြီး တိုက်စစ်ပိုင်း အင်အား ဖြည့်တင်းခဲ့ ပါတယ် ။

ဒါပေမယ့် ကာဗာနီဟာ အင်္ဂလန် မြေကို ရောက်ရှိ ခဲ့တဲ့နောက် ကွာရန်တင်း ဝင်နေခဲ့ ရတဲ့ အတွက် အသင်းသစ် အတွက် ပွဲထွက် ကစား ပေးဖို့ ကြန့်ကြာ နေခဲ့ရ ပါတယ် ။ ကနဦး တုန်းကတော့ သူဟာ အသင်းဟောင်း PSG နဲ့ ရင်ဆိုင် ရမယ့် ပွဲစဉ်မှာ ပါဝင်ဖို့ သတင်းကြီးခဲ့ပါ သေးတယ် ။

myan789

ဒါပေမယ့် နည်းပြ ဆိုးလ်ရှား ကတော့ သူဟာ လေ့ကျင့်ရေး တွေကို လုပ်ဆောင်ဖို့ လိုအပ် နေသေးတဲ့ အတွက် ချန်လှပ်ခဲ့တာ ဖြစ်ကြောင်း အကြောင်းပြချက် ပေးသွားခဲ့ ပါတယ် ။ ဒါပေမယ့် ချဲလ်ဆီး အသင်း နဲ့ ရင်ဆိုင် ရတဲ့ ပွဲစဉ် မှာတော့ ကာဗာနီ ဟာ ယူနိုက်တက် အတွက် ကစားခွင့် ပိုင်ဆိုင် သွားနိုင်ခဲ့ ပါတယ် ။

သူဟာ ပွဲချိန် 58 မိနစ်မှာ အရံခုံ ပေါ်ကနေ ကွင်းထဲ ဝင်ရောက်ခွင့် ပိုင်ဆိုင် ခဲ့ပြီး ပထမဆုံး ဘောလုံး ထိချက်က ရင်ခုန်စရာ ဖြစ်ခဲ့ရ ပါတယ် ။ သူဟာ ဂိုး ဧရိယာ ရဲ့ ဘယ်ဖက် အခြမ်းမှာ နေရာယူ ပြေးလွှား နေခဲ့ပြီး ဘောလုံး ရောက်ရှိ လာချိန်မှာ ဖြစ်သလို ကန်သွင်းပြကာ ဂိုးပေါက် ခြိမ်းခြောက် သွားခဲ့ ပါတယ် ။

ဒါ့အပြင် သူဟာ ပုံစံကောင်း အချို့ကိုလည်း ပြသ သွားနိုင်ခဲ့တဲ့ အတွက် ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က ဥရုဂွေး လက်ရွေးစင်ဟာ အသင်းဟောင်းမှာ ကောင်းမွန်လှတဲ့ အနာဂတ် တစ်ခုကို ပိုင်ဆိုင် သွားနိုင် လိမ့်မယ်လို့ ဟောကိန်း ထုတ်သွား ခဲ့လိုက် ပါတယ် ။

” ကျွန်တော်ကတော့ ဒီကောင့်ရဲ့ လှုပ်ရှားမှုတွေကို ချစ်မြတ်နိုးခဲ့ရ ပါတယ် ။ သူဟာ ကျွန်တော် နဲ့ ပုံစံ တူညီတဲ့ တိုက်စစ်မှူးမျိုး ပါပဲ ။ ဂိုးပေါက် အနီး တစ်ကိုက်ခွဲ အကွာအဝေး ဆိုတာ နှစ်ကိုက် ၊ သုံးကိုက် ဆိုတဲ့ အကွာအဝေး ထက် ပိုကောင်းတယ် ဆိုတဲ့ အကြောင်း ကျွန်တော် အမြဲတမ်း ပြောခဲ့ဖူးပါတယ် ”

” ဘာဖြစ်လို့လဲ ဆိုတော့ ဘောလုံးဟာ အမြဲတမ်း အဲ့ဒီလို နေရာကို မရောက် နိုင်လို့ ပါပဲ ။ အဲ့လို ဖြစ်လာ ခဲ့ပြီ ဆိုရင်လည်း ခင်ဗျားဟာ ခန္ဓာကိုယ် တစ်ပတ်လှည့်နေတဲ့ အချိန်မှာ ပြိုင်ဖက် ခံစစ် ကစားသမားက ခင်ဗျား အနားကို အမြန်ဆုံး ရောက်လာ နိုင်ကြပါ လိမ့်မယ် ။ ဒီလို အနေအထားမှာ အချိန်ကိုက် လှုပ်ရှား နိုင်ဖို့ အရေးကြီး ပါတယ် ”

” ကာဗာနီက PSG အသင်းမှာ သီယာဂို ဆေးလ်ဗားနဲ့ အတူ ကစားခဲ့ဖူးသူ ပါပဲ ။ ဒါ့ကြောင့် ကာဗာနီ အချိန် မဆွဲပဲ တန်းကန် နိုင်စွမ်း ရှိတာကို သီယာဂို သိနေခဲ့ ပါတယ် ။ ဒါ့ကြောင့် သူဟာ အမြဲလို ကာဗာနီကို ချိန်သားကိုက် ဟန့်တား နိုင်ဖို့ လုပ်ဆောင် သွားခဲ့ ပါတယ် ။ ပြိုင်ဖက် အကြောင်း သိနေတာက ခုခံ ကစားဖို့ အကောင်းဆုံး နည်းလမ်း ရရှိ စေတယ်လေ ”

” ပုံမှန် အတိုင်းသာ ဆိုရင် အခြား ခံစစ် ကစားသမား တွေကို ရင်ဆိုင် ရတဲ့ အခါမှာ ကာဗာနီက အသာလေး ကျော်ဖြတ်ပြ နိုင်မယ့် ကစားသမားမျိုး ပါပဲ ။ ပြိုင်ဖက် အနေ နဲ့ သူ့ရဲ့ ကန်ချက်တွေကို ပိတ်ဆို့ ဟန့်တားရုံ လောက်ပဲ တက်စွမ်း နိုင်ကြပါ လိမ့်မယ် ”

” ခင်ဗျား တို့က အခုမှ ဇာတ်လမ်းတွဲထဲက အပိုင်း တစ်ခုပဲ ကြည့်ရသေးတာပါ ။ ဒါပေမယ့် ကျွန်တော် သူ့ကို စောင့်ကြည့် နေခဲ့တာ နှစ်ပေါင်း များစွာ ကြာခဲ့ ပါပြီ ။ သူဟာ လှုပ်ရှားမှု အရမ်း ကောင်းလွန်းတဲ့ တိုက်စစ်မှူး ဖြစ်တယ် ဆိုတာကို ကျွန်တော် တွေ့မြင် ခဲ့ရ ပါတယ် ။ သူဟာ ခံစစ်မှူးတွေ အရှေ့မှာ တစ်ချက်ထိဂိုး သွင်းယူ ရတာ နှစ်သက်တဲ့ တိုက်စစ်မှူး ပါပဲ ”

” သူဟာ ဂိုးအချို့ သွင်းယူ နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ယူနိုက်တက်တို့ ပြိုင်ဖက်ကို ဖိအားပေး ကစားမယ် ၊ ဖြတ်တင်ဘောတွေ ပေးပို့ နိုင်မယ် ဆိုရင် သူဟာ 18 ကိုက်စည်းထဲမှာ လှုပ်ရှားမှု တွေကို လုပ်ဆောင်ရင်း ဂိုးတွေ သွင်းယူသွားနိုင်မယ့် တိုက်စစ်မှူးမျိုး ပါပဲ ” လို့ အိုဝင် က သုံးသပ် ပြောကြား ခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular