ယူနိုက်တက်ကို ပိုပြီး တောင့်တင်း စေနိုင်မယ့် ကစားသမား 5 ဦး အမည်ကို ပြောပြလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က အသင်းဟာ ဆုဖလား တွေကို စိန်ခေါ် နိုင်စွမ်း ရှိကြောင်း ယုံကြည်နေ ပေမယ့် ပထမဆုံး အနေ နဲ့ ပြိုင်ဖက် မန်စီးတီး ၊ လီဗာပူး အသင်း တွေနဲ့ ခြားနားချက် ကျဉ်းမြောင်းအောင် လုပ်ဆောင်ရ လိမ့်မယ်လို့ ဆိုခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးဆုံးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အမှတ်ပေး ဖလား ပြိုင်ပွဲမှာ ရမှတ် 66 မှတ်ထိ ရယူ နိုင်ခဲ့ပြီး အဆင့် 3 နေရာ နဲ့ ရာသီ ပိတ်သိမ်း နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပြိုင်ဖက် မန်စီးတီး အသင်း နဲ့ 15 မှတ် ၊ ချန်ပီယံ ဖြစ်ခဲ့တဲ့ လီဗာပူး အသင်းအောက် 33 မှတ် အထိ ရမှတ် ခြားနားချက် ကြီးမားခဲ့ ပါတယ် ။

myan789

လက်ရှိ အချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဗန်ဒီ ဘိခ်ကို ခေါ်ယူ ထားခဲ့ပြီး ကစားသမား 31 ယောက် ရှိတဲ့ အစုအဖွဲ့ တစ်ခုကို ပိုင်ဆိုင် နေပါတယ် ။ ဒါအပြင် ယူနိုက်တက် တို့ဟာ နောက်ထပ် ကစားသမားသစ် ခေါ်ယူမှု တွေကို လုပ်ဆောင်ရင်း အသင်းကို တောင့်တင်း စေလိုနေ ပါတယ် ။

ဒီအတွက် အပြောင်းအရွှေ့ ဈေးကွက် မပိတ်သိမ်းမီ လှုပ်ရှား သွားဖို့ ရှိနေ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ လက်ရှိ အသင်း ရဲ့ အစုအဖွဲ့ အပေါ် အားရ ကျေနပ်ကြောင်း ပဲလေ့စ် အသင်း နဲ့ ရင်ဆိုင် ရမယ့် ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြား ခဲ့လိုက် ပါတယ် ။

” နောက် တစ်ဆင့် ကတော့ ထိပ်ပိုင်းက အသင်း နှစ်သင်း နဲ့ နီးစပ်မှု ရရှိအောင် လုပ်ဆောင်ရေးပါပဲ ။ ကျွန်တော်တို့ ခြားနားချက် တွေကို ဘယ်လောက် အထိ ကျဉ်းမြောင်း စေနိုင်မလဲ ဆိုတာကို စောင့်ကြည့် ကြစို့ ။ အမှန်တရား ကတော့ ရှေ့က အသင်း နှစ်သင်းဟာ ကျွန်တော် တို့နဲ့ ခြားနားချက် ကြီးမား နေတာ ပါပဲ ”

” ကျွန်တော်တို့ သူတို့ကို လိုက်မီအောင် လုပ်ဆောင်ရ ပါ့မယ် ။ ဒီလို လုပ်ဆောင် နေတဲ့ အချိန် ကာလ အတွင်းမှာ ရူးသွပ်ဖွယ် ကောင်းတဲ့ အရာတွေ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူက တပ်အပ် ပြောနိုင် မလဲဗျာ ။ ကျွန်တော်တို့ ရာသီသစ်ကို ကောင်းကောင်း စတင်ရ ပါ့မယ် ။ ကျွန်တော်တို့ ခြေစွမ်း တည်ငြိမ်ဖို့ လိုအပ် နေပါ သေးတယ် ”

” ကျွန်တော် ဒီအသင်းကို ဘာမှ ထပ်ပီး အထွေအထူး အပြောင်းအလဲ မလုပ်လိုသေး ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့ဟာ စိတ်ဓါတ် ကောင်းတဲ့ ကစားသမား တွေကို ပိုင်ဆိုင်ထား ကြတယ်လေ ။ ကျွန်တော်တို့ အသင်းမှာ ဟန်ဒါဆန် ၊ ဗန်ဒီ ဘိခ် ၊ ဘရူနို ၊ ပေါလ် တို့ ရှိကြတဲ့ အပြင် အဲရစ် ဘိုင်လီ ပြန်လာခြင်းက အသင်းကို ပိုပြီး တောင့်တင်း စေပါ လိမ့်မယ် ”

” ကျွန်တော်တို့ ဒီကစားသမား အစုအဖွဲ့ တွေနဲ့ အကောင်းဆုံး ရှေ့ဆက် နိုင်လိမ့်မယ်လို့ မျှော်လင့် နေပါတယ် ။ ကျွန်တော် တို့ မလုပ် နိုင်ဘူး ဆိုပြီး ဘယ်သူ ရဲရဲကြီး ပြောနိုင် သလဲဗျာ ” လို့ ဆိုးလ်ရှားက သူ့ရဲ့ ကစားသမား အစုအဖွဲ့အပေါ် ကျေနပ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

လက်ရှိ ဆိုးလ်ရှား ရဲ့ ပြောကြားချက် အရတော့ ယူနိုက်တက် အသင်း ရဲ့ ဂိုးပေါက် မှာ ဒီဂီယာ ကိုပဲ ဆက်လက် မြင်တွေ့ ရနိုင်ခြေ များပြား နေပြီး ကွင်းလယ်မှာတော့ ပေါ့ဂ်ဘာ ၊ ဘရူနို နဲ့ ဗန်ဒီ ဘိခ် သုံးဦးလုံး ကို မြင်တွေ့ရ နိုင်ဖွယ် ရှိနေတယ်လို့ သိရှိ နေရ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular