ယနေ့ယှဉ်ပြိုင်ကစားမည့် စီးရီးအေဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပါးမား နှင့် နာပိုလီ (၂၀-၉-၂၀၂၀ ညနေ ၅:၀၀ နာရီ)
ကူလူဆက်ဗ်စကီးမရှိတော့တာ ပါးမားကို ဘယ်လောက်ထိခိုက်စေနိုင်မလဲ။ ပါးမားရဲ့ ထက်မြက်တောင်ပံတိုက်စစ်အတွက် ကူလူဆက်ဗ်စကီးနေရာ ဘယ်သူအစားဝင်မှာလဲ။ ကစားသမားသစ်တချို့ ခေါ်ယူထားပေမယ့် စောင့်ကြည့်ရပါဦးမယ်။ နာပိုလီက ပွဲကျပ်ကာလမတိုင်မီ ရာသီအစ(၂)ပွဲမှာ ရလဒ်ကောင်းအောင် ရုန်းကန်ထားမယ်ထင်တယ်။ အိုဆင်မန်က နာပိုလီတိုက်စစ်အတွက် မျှော်လင့်ချက်ဖြစ်ပြီး ဂိုးမပြတ်ဘဲ နိုင်ပါလိမ့်မယ်။

ဂျီနိုအာ နှင့် ခရိုတိုနီ (၂၀-၉-၂၀၂၀ ည ၇:၃၀ နာရီ)
ဂျီနိုအာနည်းပြ မာရန်က တန်ပြန်တိုက်စစ်ဗျူဟာကိုပဲ အားကိုးပါဦးမယ်။ အဓိကကစားသမားတချို့ ဆုံးရှုံးထားသလို ပြန်ရောက်လာတဲ့ ကစားသမားတွေကလည်း စောင့်ကြည့်ရပါဦးမယ်။ တန်းတက် ခရိုတိုနီက ခပ်လွယ်လွယ်တန်းပြန်မဆင်းရအောင် အေဂျက်စ်နောက်ခံလူ မာဂါလန်၊ စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ အက်ဒွါဒိုအင်းနရစ်တို့ ခေါ်ယူထားပြီး အားဖြည့်ထားတယ်။ ဂျီနိုအာ အလွန်ဆုံးကပ်နိုင်ရုံပါပဲ။

myan789

ဆာဆူအိုလို နှင့် ကာဂလီယာရီ (၂၀-၉-၂၀၂၀ ည ၁၀:၃၀ နာရီ)
ဆာဆူအိုလိုရဲ့ တိုက်စစ်ကစားပုံဟာ ပြီးခဲ့တဲ့ရာသီတုန်းက စောင့်ကြည့်ချင်စရာကောင်းခဲ့တယ်။ ဘိုဂါမရှိရင် အားနည်းသွားနိုင်ပေမယ့် နည်းပြ ဒီဇာဘီက သူ့အသင်းကို ဥရောပပြိုင်ပွဲ ဝင်ခွင့်ရတဲ့အထိမျှော်လင့်နေပုံပဲ။ တူရကီနောက်ခံလူ အာဟန်းနဲ့ အက်သလက်တီကိုလူငယ်ကစားသမား ရှီအက်ပါကက်ဆီ တို့ကိုခေါ်ယူထားတယ်။ ကာဂလီယာရီကလည်း ကစားသမား ကောင်းတချို့ရှိနေလို့ သရေကျသွားနိုင်ပါတယ်။

ဂျူဗင်တပ်စ် နှင့် ဆမ်ဒိုးရီးယား (၂၁-၉-၂၀၂၀ နံနက် ၁:၁၅ နာရီ)
ဂျူဗင်တပ်စ်က ဒီရာသီမှာရော စီးရီးအေကို ဆက်လက်လွှမ်းမိုးနိုင်ဦးမှာလား။ ပြီးခဲ့တဲ့ရာသီမှာ (၉)ရာသီဆက်ချန်ပီယံဆုကို ဂျူဗင်တပ်စ် သိမ်းပိုက်နိုင်ခဲ့တာ ကံတရားရဲ့ ဖေးမမှုကို မေ့ထားလို့မရဘူး။ Restart ကာလမှာ ဂျူဗင်တပ်စ်ရဲ့ အနီးဆုံးပြိုင်ဘက် လာဇီယို ပြိုလဲသွားတာ၊ ကွန်တီရဲ့ အင်တာမီလန် မတည်ငြိမ်ခဲ့တာ၊ အတ္တလန်တာက သမိုင်းဝင်ချန်ပီယံလိဂ်အောင်ပွဲတွေဆီ စိတ်ရောက်နေတာ၊ အေစီမီလန်က ဥရောပဝင်ခွင့်လောက်ပဲ မျှော်လင့်ခွင့်ရှိခဲ့တာ၊ ဒါတွေဟာ ဂျူဗင်တပ်စ်ရဲ့ (၉)ရာသီဆက်စီးရီး အေချန်ပီယံအောင်ပွဲကို ဖေးမခဲ့တာများလား။ ဆာရီရဲ့ ဂျူဗင်တပ်စ်ဟာ ချန်ပီယံဆုသိမ်းပိုက်နိုင်ခဲ့ပေမယ့် လေးစားခံအဆင့်မဟုတ်ခဲ့ဘူး။ နည်းပြသစ် ပီယာလိုက ဂျူဗင်တပ်စ်အသိုင်းအဝိုင်းက လေးစားပြီးသားအခြေအနေကို ပိုင်ဆိုင်ထားတယ်။ ဂျူဗင်တပ်စ်မှာ သူ ဘယ်လောက်လုပ်ပြနိုင်မလဲ။ ဒီဘားလားနဲ့ စီရော်နယ်လ်ဒိုကို မှီခိုနေရတဲ့တိုက်စစ်ကို ဘယ်လိုပြုပြင်ပြောင်းလဲမလဲ။ အာသာရောက်လာပေမယ့် ပီယာလိုက သူ့ကွင်းလယ်စုဖွဲ့မှုကို စိတ်တိုင်းမကျသေးဘူး။ ဆမ်ဒိုးရီးယားက ဂတ်ဘီယာဒီနီ၊ ရာမီရက်ဇ်၊ ဝါရင့်ကွာဂလီရယ်လာတု့ိနဲ့ စုဖွဲ့မှု သိပ်ပြီးအပြောင်းအလဲမရှိဘူး။ ဂျူဗင်တပ်စ် အနိုင်သေချာပေမယ့် (၂)ဂိုးပြတ်မပြတ်စဉ်းစားရမယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular