ယနေ့ညကစားမည့် UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အိုက်စလန် – အင်္ဂလန် (မြန်မာစံတော်ချိန် စက်တင်ဘာ ၅ ရက်၊ ည ၁၀:၃၀ နာရီ)
ယူရို-၂၀၁၆ တုန်းက ပုံစံကောင်းနေတဲ့ အင်္ဂလန်ကို အိုက်စလန်က ပြိုင်ပွဲက ကန်ထုတ်ခဲ့ဖူးတယ်။ ရွန်နီက ပွဲအစက တည်းက ဂိုးစသွင်းခဲ့ပြီး၊ အိုက်စလန်က မိနစ် (၂၀)မပြည့်ခင် (၂-၁)နဲ့ ပြန်ဦးဆောင်၊ ပွဲပြီးသွားတဲ့အထိ ဒီရလဒ်အတိုင်းကစားသွားခဲ့လို့ အင်္ဂလန် ရှုံးထွက်အဆင့်က ထွက်ခဲ့ရတယ်။ ဒါပေမဲ့ လက်ရှိအင်္ဂလန်က အဲဒီအချိန်က အသင်းနဲ့ ယှဉ်လိုက်ရင် အများကြီးပြောင်းလဲသွားပြီး၊ လူငယ်ကြယ်ပွင့်တွေ အများကြီးထွက်ပေါ်လာတယ်။ ခြေစစ်ပွဲတွေမှာ စိတ်ချရတဲ့အသင်း၊ နိုင်သင့်တဲ့ ပွဲတွေ အနိုင်ယူတဲ့အသင်းဖြစ်လာပြီး လက်ရှိအချိန်မှာလည်း ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အထိ တက်ခဲ့တဲ့အသင်းဖြစ်တယ်။ အိုက်စလန်ကတော့ ဒီဘက်နှစ်တွေမှာ သိသိသာသာကျဆင်းသွားပြီး၊ အဓိကကစားသမားတချို့ အနားယူ၊ အရွယ်လွန်၊ ခြေကျလာတာမျိုးတွေလည်း တွေ့ရတယ်။ အင်္ဂလန်ရဲ့လူစာရင်းက ရှေ့၊ လယ်၊ နောက် နေရာစုံမှာအားကောင်းပြီး ခြေစွမ်းပြနေတဲ့ လူငယ်တွေနဲ့ စုဖွဲ့ထားတယ်။ အင်္ဂလန်ရဲ့အမြန်နှုန်း၊ ကစားအားကို အိုက်စလန်ရပ်တန့်နိုင်ဖို့ မလွယ်ပါဘူး။ အင်္ဂလန်ပဲ အနိုင်ရလိမ့်မယ်။

ဆိုက်ပရပ်စ် – မွန်တီနီဂရိုး (မြန်မာစံတော်ချိန် စက်တင်ဘာ ၅ ရက်၊ ည ၁၀:၃၀ နာရီ)
ဆိုက်ပရပ်စ်အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး အိမ်ရှင်အား သာချက်က သိပ်တော့အရေးမပါသလိုဖြစ်နေတယ်။ ပြီးတော့ လူစာရင်းရော၊ ခြေစွမ်းအရပါ မွန်တီနီဂရိုးက ပိုကောင်းပါတယ်။ မွန်တီနီဂရိုးကိုပဲ ကြိုက်တယ်။

myan789

ဒိန်းမတ် – ဘယ်လ်ဂျီယံ (မြန်မာစံတော်ချိန် စက်တင်ဘာ ၆ ရက်၊ နံနက် ၁:၁၅ နာရီ)
ဘယ်လ်ဂျီယံက ကွန်ပနီ နားသွားတဲ့အချိန်မှာ ဒီနေယာ၊ ဒန်ဒွန်ကာတို့ ပြန်ထွက်ပေါ်လာပြီး ဗာတွန်ဂန်၊ အယ်လ်ဒါဝီရယ်လ်တို့ ရှိနေဆဲပဲ။ ကွင်းလယ်နဲ့ တိုက်စစ်မှာလည်း ဒီဘရိုင်းနား၊ ဟာဇက်တို့နဲ့ လူစုံပါနေတယ်။ ဒိန်းမတ်က အဲရစ်ဆင်၊ ခရစ္စတီယန်ဆန်နဲ့ ပေါလ်ဆင်တို့ကြောင့် အားကောင်းတဲ့အသင်းပါ။ ဒါပေမဲ့ ဘယ်လ်ဂျီယံကို ယှဉ်ကစားနိုင်ဖို့ကတော့ ခက်ပါတယ်။ ဘယ်လ်ဂျီယံပဲ နိုင်ပွဲရလိမ့်မယ်။

ပေါ်တူဂီ – ခရိုအေးရှား (မြန်မာစံတော်ချိန် စက်တင်ဘာ ၆ ရက်၊ နံနက် ၁:၁၅ နာရီ)
ပေါ်တူဂီက စီရော်နယ်လ်ဒို ဦးဆောင်ပြီး၊ ထိပ်တန်းစုဖွဲ့မှုနဲ့ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်လူစာရင်း ဖြစ်လာတယ်။ ခရိုအေးရှားလည်း ကစားသမားကောင်းတွေအများကြီးနဲ့ စုဖွဲ့ထားတဲ့အသင်းကြီးပါ။ ခံစစ်ပိုင်းမှာတော့ ကွာခြားမှုရှိတယ်။ ပေါ်တူဂီကို ပိုကြိုက်ပါတယ်။

ဆွီဒင် – ပြင်သစ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၆ ရက်၊ နံနက် ၁:၁၅ နာရီ)
ပြင်သစ်ရဲ့တိုက်စစ်ကတော့ ဂျရူး၊ မာစီယဲလ်၊ ဂရီးဇ်မန်း၊ ဘာပေတို့နဲ့ ကြောက်စရာပါပဲ။ ကွင်းလယ်နဲ့ ခံစစ်လည်းအားကောင်းတယ်။ ဆွီဒင်လူစာရင်းက ပြင်သစ်ကို မမီဘူး။ ဒါပေမဲ့ မာကျောပြီး၊ စုစည်းမှုကောင်းပါတယ်။ ပြင်သစ် အနိုင်ရနိုင်ပေမယ့် ဂိုးမပြတ်နိုုင်ဘူး။

မက်ဆီဒိုနီးယား – အာမီးနီးယား* (မြန်မာစံတော်ချိန် စက်တင်ဘာ ၅ ရက်၊ ည ၇:၃၀ နာရီ)

*ဂျီဘရော်လ်တာ – ဆန်မာရီနို (မြန်မာစံတော်ချိန် စက်တင်ဘာ ၅ ရက်၊ ည ၇:၃၀ နာရီ)

အဇာဘိုင်ဂျန် – လူဇင်ဘတ်* (မြန်မာစံတော်ချိန် စက်တင်ဘာ ၅ ရက်၊ ည ၁၀:၃၀ နာရီ)

အက်စ်တိုးနီးယား – ဂျော်ဂျီယာ* (မြန်မာစံတော်ချိန် စက်တင်ဘာ ၅ ရက်၊ ည ၁၀:၃၀ နာရီ)

(*ပြထားသည့်အသင်းများမှာ အယ်ဒီတာအကြိုက်ရွေးချယ်ထားခြင်းဖြစ်သည်)

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular