spot_img

ယခုနွေရာသီ ငွေကြေးသုံးစွဲမှုအများဆုံး(၁၀)သင်း၌ အင်္ဂလန်ကလပ် (၈)သင်းပါဝင်

လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလတွင် ငွေကြေးသုံးစွဲမှုအများဆုံးအဖြစ် ဦးဆောင်နေသည့် ကလပ်အသင်း(၁၀)သင်းစာရင်း၌ အင်္ဂလန်ကလပ် (၈)သင်းအထိ ပါဝင်နေကြောင်း သိရသည်။

အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ကလပ်အသင်းများသည် ယခုနွေရာသီတွင် ငွေကြေးသုံးစွဲမှုများ အပြိုင်အဆိုင်ပြုလုပ်နေကြခြင်းကြောင့် စံချိန်တင်ငွေကြေးသုံးစွဲသည့် နွေရာသီအဖြစ်လည်း မှတ်တမ်းဝင်နေသည်။

myan789

ငွေကြေးအများဆုံးသုံးစွဲထားသည်မှာ ပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်ထားသည့် ချယ်လ်ဆီးအသင်းဖြစ်ပြီး ယူရိုသန်း (၂၀၀)ကျော် သုံးစွဲထားခြင်းဖြစ်သည်။

ဒုတိယနေရာတွင် ဘာစီလိုနာအသင်း ရှိနေပြီး ပရီးမီးယားလိဂ်မှ မဟုတ်ဘဲ ထိပ်ဆုံး(၁၀)သင်းစာရင်းထဲ ရပ်တည်နိုင်သည်မှာ ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့သာ ရှိကြောင်းလည်း သိရသည်။

ယူရို(၁၃၇.၅)သန်း သုံးစွဲထားသည့် ဘိုင်ယန်မြူးနစ်အသင်းက အဆင့်(၆)နေရာတွင် ရှိနေခြင်းဖြစ်ပြီး ကျန်(၈)သင်းမှာ ပရီးမီးယားလိဂ်အသင်းများသာဖြစ်သည်။

တန်းတက်ကလပ် နော်တင်ဟမ်ဖောရက်စ်အသင်းက ငွေကြေးသုံးစွဲမှုအများဆုံးစာရင်းတွင် တတိယနေရာ၌ ရှိနေပြီး ယူရို(၁၃၉)သန်း သုံးစွဲထားကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular