မန်ယူအသင်းအား ဝယ်ယူရန် ကမ်းလှမ်းထားသူများတွင် ဖင်လန်သူဌေး ဆီလီယာကို့စ် ပါဝင်လာပြီး ပရိသတ်များနှင့် တစ်ဝက်စီ ပိုင်ဆိုင်ခွင့်ရရန် စီစဉ်ထားကြောင်း ထုတ်ဖော်ပြောကြား

မန်ယူအသင်းအား ဝယ်ယူရန် ကမ်းလှမ်းထားသူများစာရင်းတွင် ဖင်လန်စီးပွားရေးလုပ်ငန်းရှင် သောမတ်စ်ဆီလီယာကို့စ်လည်း ပါဝင်လာကြောင်း သိရသည်။ မန်ယူအသင်းအား ဝယ်ယူလိုသူများအနေဖြင့် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၉ နာရီနောက်ဆုံးထား၍ ဒုတိယအကြိမ် ကမ်းလှမ်းရမည်ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမည့်သူများ၏ တောင်းဆိုမှုကြောင့် နောက်ဆုံးသတ်မှတ်ရက်ကို ထပ်မံတိုးမြှင့်ပေးထားသည်။ 

ယင်းကဲ့သို့ သတ်မှတ်ရက်တိုးမြှင့်ပေးခဲ့ပြီးနောက် ဖင်လန်သူဌေး ဆီလီယာကို့စ်က မန်ယူ အသင်းအား ကမ်းလှမ်းထားကြောင်း ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆီလီယာကို့စ်သည် ဖင်လန်ထိပ်တန်းကလပ် HJK ဟယ်လ်ဆင်ကီးအသင်း နှင့် ရေခဲပြင်ဟော်ကီချန်ပီယံ ဂျိုကီရစ်အသင်းတို့ကို ပိုင်ဆိုင်ထားပြီး မန်ယူအသင်းအား ပရိသတ်များနှင့် တစ်ဝက်စီ ပိုင်ဆိုင်ခွင့်ရရန် စီစဉ်ထားကြောင်းလည်း ပြောကြားခဲ့သည်။

myan789

“ဘယ်အားကစားအသင်းမဆို ပရိသတ်တွေကပဲ ပိုင်ဆိုင်ခွင့်ရသင့်ပါတယ်။ ကျွန်တော့်ရဲ့ကမ်းလှမ်းမှုကလည်း ပရိသတ်တွေနဲ့ တန်းတူတည်ဆောက်ထားတာပါ။ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုအရ ဘီလျံနာရှိတ် (အာရပ်စော်ဘွား) တွေနဲ့ အော်လီဂါ (ခရိုနီ) တွေက အသင်းတွေကို ပိုင်ဆိုင်ပြီး သူတို့ရဲ့ကိုယ်ပိုင်ကစားကွင်းတွေအဖြစ် လုပ်နေကြတယ်။ ဒါက ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုမဟုတ်ပါဘူး။ အသင်းရဲ့ လက်ရှိစျေးကွက်တန်ဖိုးက ဒေါ်လာ ၃ ဒသမ ၉ ဘီလျံ (ပေါင် ၃ ဒသမ ၁၇ ဘီလျံ) အောက်ပဲ ရှိပါတယ်။ ဆိုလိုတာ အသင်းရဲ့ပရိသတ်တွေအားလုံးက ဝယ်ယူမယ်ဆိုရင် ပရိသတ်တစ်ယောက်ကို ခြောက်ဒေါ်လာထက်တောင် နည်းမှာပါ။ ကျွန်တော့် အဖွဲ့က အသင်းကိုဝယ်ယူဖို့ စုစုပေါင်းပမာဏရဲ့ တစ်ဝက်လောက်ပဲ လိုပါတယ်။ ပြီးတော့ အသစ်တည်ထောင်မယ့်ကုမ္ပဏီက တခြားတစ်ဝက်ပါဝင်ဖို့ ပရိသတ်တွေကို မေးသွားမှာပါ။ ပရိသတ်အားလုံးသာ ပါဝင်မယ်ဆိုရင် တစ်ဦးကို သုံးဒေါ်လာထက်တောင် နည်းမယ့် သဘောပါ” ဟု ဆီလီယာကို့စ်က ဆိုသည်။

သို့ဖြစ်ရာ မန်ယူအသင်းအား ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း တရားဝင်ထုတ်ဖော်ကြေညာသူ သုံးဦးရှိလာပြီး ဆီလီယာကို့စ်အပြင် Ineos ပိုင်ရှင် ဗြိတိန်ဘီလျံနာ ဆာဂျင် ရက်ကလစ်ဖ်နှင့် QIB ဘဏ်ဥက္ကဋ္ဌ ကာတာ  စော်ဘွား ရှိတ်ဂျက်ဆင်တို့လည်း ကမ်းလှမ်းထားသည်။ Ineos ကုမ္ပဏီ၏ ပြောရေးဆိုခွင့် ရှိသူက ဒုတိယအကြိမ်ကမ်းလှမ်းမှုကို ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့ကြောင်း အရိပ်အမြွက်ပြောကြားထားပြီး ရှိတ်ဂျက်ဆင်မှာမူ အတည်ပြုခြင်းမရှိသေးသော်လည်း ထပ်မံကမ်းလှမ်းထားဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။ 

မန်ယူအသင်းပိုင်ရှင် ဂလေဇာက အသင်းအား ပေါင်ငါးဘီလျံမှ ခြောက်ဘီလျံ ဝန်းကျင်ဖြင့် ရောင်းချရန် ဆန္ဒရှိသော်လည်း ဆာဂျင်ရက်ကလစ်ဖ်နှင့် ရှိတ်ဂျက်ဆင်တို့ကမူ ပေါင် ၄ ဒသမ ၅ ဘီလျံဝန်းကျင်ဖြင့်သာ ကမ်းလှမ်းထားကြောင်း သိရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular