မန်ယူအသင်းသို့ အဆင့်(၅၊ ၆၊ ၇)နေရာများအတွက် ယှဉ်ပြိုင်ရန် ရောက်ရှိလာခြင်းမဟုတ်ဘဲ အဆင့်(၄)နေရာရလျှင်ပင် ကျရှုံးခြင်းဖြစ်သည်ဟု စီရော်နယ်လ်ဒို ပြောကြား

မန်ယူအသင်း၏ တိုက်စစ်မှူး စီရော်နယ်လ်ဒိုက မိမိအနေဖြင့် မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းမှာ အဆင့်(၅၊ ၆၊ ၇)နေရာများအတွက် ယှဉ်ပြိုင်ရန် ရောက်ရှိလာခြင်းမဟုတ်ဘဲ အဆင့်(၄)နေရာရလျှင်ပင် ကျရှုံးခြင်းဖြစ်သည်ဟုယူဆကြောင်း ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

myan789

ယင်းအတွက် မန်ယူအသင်းသည် ပြောင်းရွှေ့ကြေး ပေါင်(၁၂.၈)သန်းသာ ပေးခဲ့ရသော်လည်း စွမ်းဆောင်ရည်အပေါ် မူတည်၍ ပေါင်(၇)သန်းနီးပါး ထပ်မံပေးချေရမည်ဖြစ်သလို၊ လစာအဖြစ်လည်း တစ်ပတ်လျှင် ပေါင်(၄)သိန်းနီးပါး ပေးချေနေရ သည်။

ထို့ကြောင့် မန်ယူအသင်းသည် စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ခြင်းအတွက် ကုန်ကျစရိတ်အလွန်များပြားကြောင်း ထောက်ပြမှုများလည်းရှိနေသည်။

ယင်းအခြေအနေတွင် အသင်းအနေဖြင့် ရလဒ်ပိုင်းတွင်ရော ခြေစွမ်းပိုင်းတွင်ပါ တိုးတက်မှုမရှိသည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသလို၊ စီရော်နယ်လ်ဒိုအနေဖြင့် အသင်းတွင် မပျော်ရွှင်တော့ဘဲ အသင်းသစ်ရှာဖွေရန် စီစဉ်နေပြီ ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

ထို့ ကြောင့် Sky Sprts က တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ရာ စီရော်နယ်လ်ဒိုက မန်ယူအသင်းနှင့် ပြန်လည်လက်တွဲခဲ့ခြင်းအတွက် မျှော်မှန်းထားသည်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုက ”မန်ယူအသင်းဟာ ချန်ပီယံဆု ရယူနိုင်သင့်သလို၊ ဒုတိယနေရာ ဒါမှမဟုတ် တတိယနေရာတော့ ရရှိသင့်ပါတယ်။ မန်ယူအသင်းကို တခြားနေရာတွေမှာ ကျွန်တော် မြင်ကြည့်လို့ မရပါဘူး။ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး(၃)သင်းထက် နိမ့်ကျတဲ့နေရာကို လက်ခံလို့လည်း မရပါဘူး”ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ(၂၁)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၁၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သော်လည်း အသင်းအတွက် ထူးထူးခြားခြား အကျိုးသက်ရောက်မှုမရှိကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

ထို့ပြင် နည်းပြ ရန်းနစ်နှင့် အဆင်မပြေမှုအချို့ရှိနေပြီး လာမည့်နွေရာသီ၌ မန်ယူအသင်း၏ နည်းပြအပြောင်းအလဲအပေါ်မူတည်၍ ၎င်း၏အနာဂတ်ကို ဆုံးဖြတ်ဖွယ်ရှိကြောင်းလည်း သတင်းထွက်ခဲ့သည်။

သို့သော် စီရော်နယ်လ်ဒိုက ရန်းနစ်ကို ထောက်ခံမှုပြုလုပ်ခဲ့ပြီး ၎င်းရောက်ရှိလာချိန်တွင် အပြောင်းအလဲများစွာ ဖြစ်ခဲ့သည်ဟု ဆိုခဲ့သည်။

စီရော်နယ်လ်ဒိုက ”သူက အသင်းကို အများကြီးပြောင်းလဲပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ သဘောထားတွေကို ကစားသမားတွေ သဘောပေါက်ဖို့ အချိန်တော့ ပေးရမှာပါ။ ကျွန်တော်တို့ အကောင်းဆုံး မကစားနိုင်သေးဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ တိုးတက်မှုရှိလာဖို့ ပွဲတွေအများကြီးရှိနေပါတယ်။ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲပေးနိုင်ဖို့နဲ့ ကစားပုံကို ပြောင်းလဲနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ပရိသတ်တွေ မျှော်လင့်နေတဲ့ အဆင့်မျိုးကို မန်ယူအသင်း ပြန်ရောက်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular