မန်ယူနိုက်တက် နဲ့ ပွဲမှာ ရခဲ့တဲ့ သွင်းဂိုး နဲ့ ပတ်သက်ပြီး ဝန်ခံမှု တခု ပြုလုပ်လာတဲ့ #ဂျရူး

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ကစားသွားခဲ့တဲ့ အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ၃ – ၁ ရလဒ် နဲ့ အနိုင်ရခဲ့ကာ ၊ ဗိုလ်လုပွဲ သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် ။

အဲ့ဒီ ပွဲမှာ ချဲလ်ဆီး အသင်း ရဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာလည်း အထူး ခြေစွမ်း ပြခဲ့ပြီး ၊ အဖွင့်ဂိုး ကို လှလှပပ သွင်းယူပေးနိုင်ခဲ့ပါတယ် ။ ဂျရူး ဟာ Lockdown ကာလ နောက်ပိုင်း ပြန်လည် စတင်တဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာ ချဲလ်ဆီး အသင်း အတွက် အသုံးတော်ခံနေတဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါတယ် ။

myan789

ဂျရူး ရဲ့ အဖွင့်ဂိုး ဟာ ချဲလ်ဆီး အတွက် အဖိုးတန်ခဲ့သလို ၊ တဖက် က မန်ချက်စတာ ယူနိုက်တက် အသင်း ဖက်က ပြန်ကြည့်ရင်လည်း ပေါ့ပျက်ပျက် ပေးလိုက်ရတဲ့ ဂိုးတဂိုး လို့ ပြောရမှာပါ ။ ဒီဂိုး မှာ ဂျရူး ကို လူကပ်ပုံ အားနည်းနေခဲ့တဲ့ လင်ဒီလော့ဖ် ၊ အာရုံ စူးစိုက်မှု နည်းနေတဲ့ ဂိုးသမား ဒီဂီယာ တို့ရဲ့ အမှားတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

ဒီဂီယာ ဟာ ဂျရူး ရဲ့ ဂိုးအပြင် ကျန်တဲ့ ချဲလ်ဆီး အသင်း ရဲ့ ဂိုး၂ဂိုး ကိုလည်း ကာကွယ်နိုင်ခဲ့သင့်တယ် လို့ မန်ယူနိုက်တက် ပရိသတ် တွေက ယူဆနေကြပါတယ် ။ ဂျရူး ကိုယ်တိုင် ကလည်း ဒီ ဂိုးအတွက် သူ ကံကောင်းခဲ့တယ် လို့ ဖွင့်ဟ ဝန်ခံလာခဲ့ပါတယ် ။

ချဲလ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာ ဂျရူး က ” ကျွန်တော် ဟာ ကိုယ့်ကို လူကပ်ထားတဲ့ နောက်ခံလူ အရှေ့မှာ နေဖို့ ကြိုးစားခဲ့ပါတယ် ။ အက်ဇ်ပီ ရဲ့ ဖြတ်တင်ဘော ကလည်း ချိန်သားကိုက်ပါပဲ ။ ရောက်လာတဲ့ ဘောလုံး ကို ဘယ်ခြေ အပြင်ဖက် နဲ့ ပိတ်သွင်းဖို့ ကြိုးစားခဲ့ပါတယ် ။ ”

” အဆုံးမှာ ကျွန်တော် နည်းနည်း ကံကောင်းသွားခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒီဂိုး ဟာ ဒေးဗစ် ဒီဂီယာ ရဲ့ ကာကွယ်မှု အပေါ်မှာ အနည်းငယ် မူတည်ခဲ့လို့ပါ ။ ဂိုးသမား နဲ့ ကျွန်တော့ အကြား က အကွာအဝေး က အရမ်း နီးကပ်နေပေမယ့် ကျွန်တော့ ရဲ့ ထိချက် က မြန်ခဲ့လို့ သူ မကာကွယ်နိုင်ခဲ့တာ လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular