မန်စီးတီးနှင့် (၇) မှတ်ပြတ်သွားသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်မလျှော့သေးကြောင်း မန်ယူနည်းပြ ဆိုးလ်ရှား ပြောကြား

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနှင့် (၇)မှတ်ပြတ်သွားပြီဖြစ်သော်လည်း ချန်ပီယံဆုမျှော်လင့်ချက် လက်မလျှော့သေးကြောင်း ပြောကြားသည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၄)အဖြစ် တန်းဆင်းဇုန်အတွင်းမှ ဝက်စ်ဘရွန်းအသင်းနှင့် တနင်္ဂနွေနေ့က အဝေးကွင်းပွဲယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီ သရေကျခဲ့သည်။

myan789

မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ်အဝေးကွင်း ရှုံးပွဲမရှိမှတ်တမ်းမှာ (၁၉)ပွဲဆက်ရှိလာပြီဖြစ်သော်လည်း အိမ်ကွင်း၊ အဝေးကွင်း နောက်ဆုံး (၅)ပွဲတွင်မူ တစ်ပွဲသာအနိုင်ရကာ (၃)ပွဲမြောက် သရေပွဲကြုံတွေ့ခြင်းဖြစ်သည်။

ထို့ကြောင့် မန်ယူအသင်းသည် (၂၄)ပွဲကစားအပြီးတွင် ရမှတ် (၄၆)မှတ်ဖြင့် ဒုတိယနေရာ ရပ်တည်နေသော်လည်း မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနှင့် တစ်ပွဲပို (၇)မှတ် ကွာဟသွားပြီဖြစ်သည်။

သို့သော် ဆိုးလ်ရှားက ”အခု ကျွန်တော်တို့ ရောက်နေတဲ့နေရာနဲ့ဆိုရင် ချာတိတ်တွေကို ချီးကျူးရမှာပါ။ ကျွန်တော်တို့အနေနဲ့ သူတို့ (မန်စီးတီး) ကို အဝေးကြီးပြေးခွင့်ပေးမှာ မဟုတ်ပါဘူး။ မကြာခင်မှာ ကျွန်တော်တို့နဲ့ သူတို့ ကစားရဦးမှာပါ။ ကျွန်တော်တို့ အစောကြီးကတည်းက လက်လျှော့လိုက်မှာ မဟုတ်ပါဘူး။ ဒီရလဒ်ကိုတော့ စိတ်ပျက်မိပါတယ်။ ကိုယ့်အပေါ်ကအသင်းကို စိန်ခေါ်နိုင်ဖို့အတွက် ဒီလိုပွဲမျိုးမှာ (၃)မှတ်ယူနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့က ပွဲအစတစ်မိနစ်မှာပဲ (၁-၀) နဲ့ နောက်က လိုက်ကစားရပြီး ကိုယ့်ကိုယ်ကို ခက်ခဲအောင်လုပ်လိုက်တာပါ”ဟု ပြောကြားသည်။

မန်ယူအသင်းသည် ဇန်နဝါရီ (၁၇)ရက်နေ့မှ ဖေ ဖော်ဝါရီ (၁၄)ရက်နေ့အထိကာလအတွင်း ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၇)ပွဲတွင် (၂)ပွဲသာအနိုင်ရကာ၊ (၄)ပွဲအထိသရေကျပြီး၊ (၁)ပွဲ ရှုံးနိမ့်ခဲ့သည်။

ယင်းအတွက်ကြောင့် အမြင့်ဆုံးရရှိနိုင်သည့် (၂၁)မှတ်တွင် (၁၀)မှတ်သာ ရရှိခဲ့ပြီးနောက် မန်စီးတီးအသင်းနှင့် အမှတ်များစွာကွာဟသွားခဲ့ခြင်းလည်းဖြစ်သည်။

မန်ယူအသင်းသည် ဝက်စ်ဘရွန်းအသင်းကို အဝေးကွင်းတွင်သရေကျခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ် အဝေးကွင်းရှုံးပွဲမရှိမှတ်တမ်းမှာ (၁၉)ပွဲအထိ ရှိလာခဲ့ပြီး ဆိုးလ်ရှားကမူ ”အခုအချိန်မှာတော့ ဒီစံချိန်က ဘာမှ အရေးမပါပါဘူး။ ကျွန်တော်တို့အသင်းဟာ (၃)မှတ်ရဖို့ အသည်းအသန် လိုအပ်နေချိန်မှာ (၁)မှတ်ပဲရခဲ့တာကသာ စိတ်ပျက်စရာဖြစ်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Myanmar
641,377
Total confirmed cases
Updated on December 5, 2023 9:33 pm
Advertismentspot_img

Instagram

Most Popular