မန်စီးတီးနဲ့ သတင်းကြီးနေတဲ့ မက်ဆီဟာ ပရီးမီးယားလိဂ်နဲ့ အံ၀င်မှာ မဟုတ်တဲ့ အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ဂျွန်ဘန်း

လီဗာပူး ဂန္တ၀င် ဂျွန်ဘန်းက ဘာစီလိုနာ ဂန္တ၀င် လီယွန်နယ်မက်ဆီဟာ ပရီးမီးယားလိဂ် နဲ့ အံ၀င်ခွင့်ကျ ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး အာဂျင်တီးနား စူပါစတား အနေနဲ့ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တာကြောင့် ပြိုင်ပွဲရဲ့ ကြံ့ခိုင်မှု အားပြု ကစားဟန်နဲ့ အသားတကျ ဖြစ်အောင် လုပ်ဖို့ အချိန်လည်း မရှိနိုင်ဘူးလို့ သုံးသပ် သွားခဲ့ ပါတယ်။

အာဂျင်တီးနား တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဘာစီလိုနာ အသင်းထံ တရား၀င် ထွက်ခွာခွင့် တောင်းဆို ခဲ့တာကြောင့် နူးကမ့် ကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက hot topic ဖြစ်လာ ခဲ့ပါတယ်။ ဘာစီလိုနာဟာ နောက်ပိုင်း နှစ်တွေမှာ စီမံခန့်ခွဲမှု အလွဲအမှား တွေနဲ့ အတူ တစ်ဖြည်းဖြည်း ကျဆင်း လာခဲ့ပြီး ဒီရာသီမှာ ဖလား လက်မဲ့ ဖြစ်ခဲ့သလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာလည်း ဘိုင်ယန်မြူးနစ်ကို ၈-၂ နဲ့ ဂိုးပြတ် ရှုံးနိမ့် ခဲ့ပါတယ်။

myan789

ဒါ့ကြောင့် မက်ဆီဟာ ကလပ်ရဲ့ ဦးတည်ချက် အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေပြီး နူးကမ့်ကနေ ထွက်ခွာဖို့ ယခုလိုပဲ လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီ အနေနဲ့ အသင်းပြောင်းခဲ့မယ် ဆိုရင် ပက်ဂွာဒီယိုလာ ရှိနေတဲ့ မန်စီးတီး ကိုသာ ပြောင်းရွေ့ဖို့ အခွင့်အရေး အများဆုံး ဖြစ်ပြီး ဘာစီလိုနာ ဘက်ကတော့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၇၀၀ ကို ကိုင်ကာ မက်ဆီကို နူးကမ့်မှာ ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစား နေပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မက်ဆီရဲ့ အေးဂျင့်ဖြစ်တဲ့ ၎င်းရဲ့ ဖခင်ဟာ ဘာစီလိုနာကို ရောက်ရှိလာခဲ့ပြီး ကလပ် ဥက္ကဋ္ဌနဲ့ ၃ နာရီကြာ ဆွေးနွေးမှု ပြုလုပ်ခဲ့ကာ နောက်ဆုံး မှာတော့ မက်ဆီ ဘာစီလိုနာမှာ ဆက်ရှိဖို့ အတွက် ၉၀% သေချာနေတယ်လို့ သတင်းထွက် လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ၎င်းရဲ့ အနာဂတ် ဘယ်လိုပဲ ဖြစ်လာသည် ဖြစ်စေ ဂျွန်ဘန်းက မက်ဆီဟာ အင်္ဂလန် ထိပ်တန်းလိဂ်နဲ့ ကောင်းကောင်း အံ၀င်မယ်လို့ ယူဆ ထားခြင်း မရှိပါဘူး။

ဘန်းက “လီယွန်နယ်မက်ဆီဟာ အသက် ၃၃ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ သူဟာ တစ်ချိန်တုန်းက မက်ဆီ မဟုတ်တော့ ပါဘူး။ အထူးသဖြင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို လာရောက် ခြေချရတာ ခက်ခဲလှပြီး ဒီပြိုင်ပွဲဟာ ကြံ့ခိုင်မှု အသားပေးတဲ့ လိဂ်ပါ။ အဲဒီလို ပြိုင်ပွဲမှာ သူဟာ လွန်ခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း ဘာစီလိုနာမှာ လိုမျိုး တူညီတဲ့ နည်းလမ်း ၊ တူညီတဲ့ ကစားသမားတွေနဲ့ တွဲဖက် ကစား ရမှာ မဟုတ်ပါဘူး။

သူ့အနေနဲ့ စီးတီးမှာ အသားကျဖို့ အချိန် ယူရ နိုင်ပါတယ်။ သူနဲ့ တွဲဖက် ကစား ရမယ့် သူတွေ ကလည်း မက်ဆီရဲ့ အထာကို သိဖို့ အချိန်ယူ ရမှာပါ။ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တာကြောင့် အချိန်က မရှိပါဘူး။ ကျွန်တော် ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ သူနဲ့ ကိုက်ညီတယ်လို့ မထင်မိ ပါဘူး။

မန်ချက်စတာစီးတီးဟာ အခြား ကလပ်တွေထက် စာရင် သူ့အတွက် ပိုမို အံ၀င်မှု ရှိပါတယ်။ ဘာလို့လဲဆိုတော့ ပက်ဂွာဒီယိုလာ ရှိနေလို့ပါ။ ဒီအသင်းရဲ့ ကစားဟန်ဟာ ဘာစီလိုနာနဲ့ ဆင်တူပါတယ်။ ကစားပုံအသစ် ၊ အသင်းသစ် ၊ အစုအဖွဲ့ အသစ် နဲ့ အသားတကျ ဖြစ်ဖို့ အချိန်တော့ ယူသွား ရမှာပါ။

မက်ဆီဟာ စီးတီးရဲ့ ထိပ်တန်း ကစားသမား တွေကို အဟန့်အတားတော့ ဖြစ်စေမှာပါ။ အန်တွိုင်ဂရစ်မန်း ဘာစီလိုနာ ကို ပြောင်းရွေ့ လာခဲ့တဲ့ အချိန်မှာ မက်ဆီဟာ အဟန့်အတား ဖြစ်စေ ခဲ့သလိုပဲပေါ့။ ဖိလစ်ပီကော်တင်ညို လည်း အဟန့်အတား ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဘာစီိလိုနာဟာ မက်ဆီကို တည်ကာ တည်ဆောက် ထားတဲ့ အသင်း ဖြစ်နေလို့ပါ။

မက်ဆီရဲ့ အသက်က ၂၅ ၂၆ ၂၇ နှစ် ဆိုရင်တော့ သူ့ကို ၀န်းရံပြီး အသင်းကို တည်ဆောက်ကာ အိုကေပါတယ်။ ဒါပေမယ့် သူဟာ အခု အသက် ၃၃ နှစ်တောင် ရှိနေပါပြီ။ သူဟာ တစ်ချိန်ကလို powerhouse မဟုတ်တော့ ပါဘူး။ ဒါ့ကြောင့် ကိုယ့်မှာ ရှိနေပြီးသား ထိပ်တန်း ကစားသမား အားလုံးကို မက်ဆီရဲ့ ၀န်းရံသူတွေ အဖြစ် သွပ်သွင်း ရတာဟာ မှန်ကန်တဲ့ အရာ ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော် မထင်မိ ပါဘူး။” လို့ ပြောလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular