မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်မတိုင်မီ ပြိုင်ဖက် နှစ်ဦးကို ချီးကျူးလိုက်တဲ့ PSG ကြယ်ပွင့် အမ်ဘက်ပီ

မနက်ဖြန် နံနက် 1:30 အချိန် မှာတော့ ပြင်သစ် လီဂူဝမ်း ထိပ်သီး PSG အသင်း နဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်း တို့ဟာ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ်ကို ပါ့စ် ဒက်စ် ပရင့်စ် ကွင်းထဲမှာ အကြိတ်အနယ် ရင်ဆိုင် ကစားသွား ရဖို့ ရှိနေကြ ပါတယ် ။

အဆိုပါ အသင်း နှစ်သင်းဟာ 2019 ခုနှစ် တုန်းက ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ 16 သင်း ရှုံးထွက် အဆင့်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ ဖူူးတဲ့ အသင်းတွေ ဖြစ်ပြီး အိုးလ် ထရပ်ဖို့ဒ်မှာ PSG တို့ 0 – 2 နဲ့ အနိုင် ရရှိခဲ့ကာ ပြင်သစ် မြေမှာတော့ ယူနိုက်တက် တို့ဟာ 1 – 3 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင်ခဲ့ကြ ပါတယ် ။

myan789

ဒါ့ကြောင့် နှစ်ကျော့ပေါင်း 3 – 3 ၊ အဝေးဂိုး စည်းမျဉ်း နဲ့ ယူနိုက်တက် တို့ဟာ ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့ ကြတာပဲ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အတွက် အဆုံးအဖြတ် ဖြစ်စေ နိုင်မယ့် ဂိုးကို တိုက်စစ် ကစား သမား ဖြစ်သူ ရပ်ရှ်ဖို့ က ပင်နယ်တီ မှ တစ်ဆင့် သွင်းယူ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ထိပ်တိုက် ရင်ဆိုင်ပွဲ မတိုင်မီ PSG ကြယ်ပွင့် အမ်ဘက်ပီ က ရပ်ရှ်ဖို့ဟာ တစ်ကယ့်ကို စပါယ်ရှယ် ကစားသမား တစ်ဦး ဖြစ်တယ် ဆိုတာကို လက်ရွေးစင် အသင်းဖော် ပေါလ် ပေါ့ဂ်ဘာက ပြောပြဖူးကြောင်း ဖွင့်ဟရင်း ကလေးငယ် တွေကို အစားအစား ရရှိရေး အတွက် အကူအညီ ပေးနိုင် ခဲ့တဲ့ ရပ်ရှ်ဖို့ ရဲ့ လုပ်ဆောင်ချက်ကို ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” ဒီလို အဆုံးအဖြတ် ဖြစ်စေမယ့် ပင်နယ်တီကို ကန်သွင်း ရမယ် ဆိုရင် လေ့ကျင့်ရေး ကွင်းထဲမှာ ဘယ်လောက် အထိ လေ့ကျင့် ထားခဲ့ သလဲ ဆိုတာက အဓိက မကျတော့ ပါဘူး ။ အဲ့တာက ယုံကြည်မှု ၊ ကစားသမား တစ်ယောက် ဘယ်လောက် ထိ ယုံကြည်ချက် မြင့်မားသလဲ ဆိုတာနဲ့ သက်ဆိုင်သွား ပါပြီ ”

” သူ (ရပ်ရှ်ဖို့) က အင်္ဂလန် ရဲ့ အန္တရာယ် အပေးနိုင်ဆုံး တိုက်စစ် ကစားသမား တစ်ယောက်ပါ ။ သူဟာ ဘယ်လောက်အထိ စပါယ်ရှယ် ဖြစ်သလဲ ဆိုတာ ပေါ့ဂ်ဘာ ကျွန်တော့်ကို ပြောပြခဲ့ဖူး ပါတယ် ။ ပေါ့ဂ်ဘာ ဆိုတာ ကစားသမား တစ်ဦး အကြောင်းကို ချီးကျူး စကား တော်ရုံ ပြောလေ့ မရှိတတ် ပါဘူး ”

” ကစားသမား တစ်ဦး အနေ နဲ့ ကိုယ့်ရဲ့ ရပ်တည်မှုကို အသုံးချပြီး ကမ္ဘာကြီးမှာ အပေါင်း လက္ခဏာ ဆောင်တဲ့ အပြောင်းအလဲတွေကို လုပ်ဆောင် သင့်တယ်လို့ ကျွန်တော်လည်း တွေးဖြစ် ပါတယ် ။ ကျွန်တော်တို့ ရရှိထားတာတွေ အများကြီးပါ ။ ဒီအတွက် ပြန်လည် ပေးဆပ်ဖို့လည်း လိုအပ် ပါတယ် ” လို့ ရပ်ရှ်ဖို့ လို ချာရတီ လုပ်ဆောင်မုှ အပေါ် အပေါင်း လက္ခဏာ ဆောင်တဲ့ မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် အမ်ဘက်ပီဟာ လက်ရွေးစင် အသင်းဖော် တိုက်စစ် ကစားသမား ဖြစ်သူ အန်သိုနီ မာရှယ် နဲ့ ပတ်သက်လို့ အပေါင်း လက္ခဏာ ဆောင်တဲ့ မှတ်ချက်တွေကို ပေးဆောင်ရင်း သူဟာ ဒီနှစ် ဘောလုံး ရာသီ မှာလည်း ယူနိုက်တက် နဲ့အတူ ခမ်းနားတဲ့ ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင် နိုင်လိမ့်မယ်လို့ မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

” သူ (မာရှယ်) ဆိုတာ ကျွန်တော်နဲ့ ကွင်းထဲမှာ တစ်ကယ့်ကို နားလည်မှု ရယူ နိုင်စွမ်း ရှိလွန်းတဲ့ ကစားသမား တစ်ဦး ပါပဲ ။ မာရှယ်လို ပါရမီ ကောင်းတဲ့ ကစားသမား တစ်ဦး နဲ့ အတူ တွဲဖက် ကစားခြင်း ဆိုတာက ခင်ဗျား တို့ကို အလုပ် လုပ်ဆောင်ရ အရမ်းကို လွယ်ကူ စေနိုင် ပါတယ် ။ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့အတူ ခမ်းနားတဲ့ နောက်ထပ် ဘောလုံး ရာသီ တစ်ခုကို သေချာပေါက် ပိုင်ဆိုင် နိုင်ပါ လိမ့်မယ် ”

” ကျွန်တော် ကတော့ လက်ရွေးစင် အသင်းကြီးမှာ သူနဲ့ တစ်ဖန် ပြန်လည် တွဲဖက် ကစား ရဖို့ အတွက် ရှေးရှု နေပါတယ် ။ သူဟာ သူငယ်ချင်းကောင်း တစ်ဦး ဖြစ်သလို ကျွန်တော့် အတွက် ကောင်းကောင်း ချိတ်ဆက် ကစားလို့ ရနိုင်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ် ” လို့ အမ်ဘက်ပီ က ချီးကျူး စကားတွေ ဆိုသွား ခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular