မက်ဆီ ရဲ့ အနာဂတ် မသေချာမှုကြောင့် စပွန်ဆာကြေးတွေ လျှော့နည်းသွားခဲ့တဲ့ ဘာစီလိုနာ

မက်ဆီ လို ကစားသမားတစ်ယောက် ကို ပိုင်ဆိုင်ထားပြီ ဆိုရင် ကွင်းထဲက စွမ်းဆောင်ရည်တွေတင် မကပဲ ၊ ကွင်းပြင်ပ ဆိုင်ရာ စီးပွားရေးတွေ အတွက် ငွေထုတ်ကြီးကို ပိုက်ထားရသလိုပါပဲ။သူ့ရဲ့ မြင့်မားလွန်းတဲ့ ပုံရိပ်တွေကြောင့် ၊ ဘာစီလိုနာဟာ စပွန်ဆာကြေးတွေ များစွာ ရရှိနေတဲ့ နှစ်ပေါင်းများစွာတိုင်ခဲ့ ပါပြီ။

သို့သော် အဲဒီ ရွှေရောင် နေ့ရက်တွေ ဟာလဲ မက်ဆီ ရဲ့ အနာဂတ် မသေချာ မရေရာမှုတွေ နဲ့ အတူ ေ၀ဝါးလာပါတယ်။အထူးသဖြင့် လက်ရှိ အဓိက စပွန်ဆာကြီး ဖြစ်တဲ့ Rakuten ကတောင် ပုံမှန် ပေးချေနေကြ ပမာဏထက် 15 သန်း အထိ လျှော့နည်းက ပေးချေ သွားခဲ့ပါတယ်။

myan789

ဘာစီလိုနာ နဲ့ Rakuten တို့အကြား က စာချုပ်ကို ပြီးခဲ့တဲ့ လကမှ သက်တမ်းတိုး ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ သို့သော် ဒီရာသီ ကုန်ဆုံးတာနဲ့ မက်ဆီဟာ နူးကမ့်မှာ ဆက်ရှိဖို့ မသေချာတော့တာကြောင့် ၊ စာချုပ်သစ်ကိုလဲ 2022 ခုနှစ် အထိသာ တိုးမြှင့်သွားခဲ့ပါတယ်။ယခင်ကတော့ တစ်ရာသီ အတွက် စပွန်ဆာကြေးကို ယူရို 55 သန်း အထိ ပေးချေခဲ့ပေမယ့် ၊ ဒီတစ်ကြိမ်မှာတော့ ယူရို သန်း 30 နဲ့ ပဲ ကျေနပ်လိုက်ရပါတယ်။

ဘာတိုမြူ လက်ထက်က အသင်းရဲ့ မားကက်တင်း ဆိုင်ရာကိစ္စရပ်တွေ ကို တာဝန်ယူခဲ့တဲ့ စင်တို အာဂျန် ကတော့ နေမာ နဲ့ ဆွာရက် တို့ ထွက်သွားတဲ့ ကိစ္စဟာ အသင်းရဲ့ ပုံရိပ်ကို အများကြီး ထိခိုက်ခဲ့သလို ၊ မက်ဆီ ရဲ့ အနာဂတ် မရေရာမှုတွေကြောင့်လဲ အခုလို စပွန်ဆာကြေးတွေ လျှော့နည်းလာတာ ဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။

“ အဖြစ်မှန် ကတော့ ဗိုင်းရပ် ကိစ္စကြောင့် ကမ္ဘာတစ်ဝန်းက စီးပွားရေးတွေ ကျဆင်းနေချိန်မှာ ၊ စပွန်ဆာ တန်ဖိုးတွေလဲ လိုက်ကျသွားတာပါ။ ပရိသတ်တွေ ဝင်ရောက် ကြည့်ရှုခွင့် မရှိတော့ ၊ ကြေငြာတွေကို မြင်တွေ့နိုင်တဲ့ စွမ်းရည်ကလဲ ကျဆင်းသွားတယ်လေ။

နောက်ထပ် အကြောင်းအရာတစ်ခု ကို ထပ်ပြီး ပြောရရင် Rakuten နဲ့ စာချုပ်မှာ တန်ဖိုး လျှော့နည်းသွားတဲ့ အချက်က မက်ဆီ နဲ့ ကလပ်အသင်းတို့ အကြား ဆက်ပြီး လက်တွဲဖို့ မသေချာတော့တဲ့ ကိစ္စကြောင့်ပါ။

ဘာစီလိုနာ နဲ့ Rakuten တို့ စပြီး လက်တွဲတုန်းက ဆိုရင် အသင်းမှာ နေမာ ၊ မက်ဆီ ၊ ဆွာရက် တို့ ရှိနေတယ်လေ။ ကျနော်တို့လို ကြေငြာသမားတွေ အတွက်တော့ ဝင်ငွေရှာရတာ ၊ အရမ်းကို လွယ်ကူခဲ့တဲ့ အခိုက်အတန့်တွေပေါ့။

သူတို့ ရဲ့ နာမည်တွေကို ရှေ့ထားလိုက်ပြီ ဆိုတာနဲ့ ငွေတွေက အလိုလို နောက်ကနေ ပါလာပါပြီ။ မက်ဆီ က တစ်ကမ္ဘာလုံး ကို ကိုယ်စားပြုနေတဲ့ ပုံရိမ် တစ်ခုပဲလေ။

အခုချိန်မှာတော့ ဆွာရက် နဲ့ နေမာ လဲ မရှိတော့သလို ၊ မက်ဆီ ကလဲ အသင်းကနေ ထွက်ခွာမယ့် သတင်းတွေ ဆက်တိုက် ထွက်နေတာကြောင့် အခုလို ထိခိုက်မှုတွေ ရှိလာတာပါ” လို့ သုံးသပ်သွားခဲ့ ပါတယ်။

ဘာစီလိုနာ ကို လွှဲပြောင်း တာဝန်ယူမယ့် ဘုတ်အဖွဲ့ဝင်တွေ အနေနဲ့တော့ မက်ဆီ ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းကြမလဲ ဆိုတဲ့ မေးခွန်းက အဓိက ကျလာဖွယ် ရှိနေပါတယ်။

ယခင် ဘုတ်အဖွဲ့ဝင်ဟောင်းတွေ ဆီကတော့ မက်ဆီ အပေါ် ပေးချေနေရတဲ့ လစာ ပမာဏဟာ အရမ်းကို များလွန်းတယ် ဆိုတဲ့ ပြောဆိုမှုတွေကို ခဏခဏ ကြားခဲ့ရတာပါ။ ဒါကြောင့်လဲ မက်ဆီ ကိုယ်တိုင်က သူ တစ်သက်လုံး ကျင်လည်လာခဲ့တဲ့ ကလပ်ကနေတောင် ထွက်ခွာဖို့အတွက် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

အကယ်၍ မက်ဆီ ကိုသာ ဒီရာသီ အကုန်မှာ ထွက်ခွာခွင့် ပေးလိုက်မယ် ဆိုရင် ၊ လက်ရှိ ကျပ်တည်းနေတဲ့ လစာ ပေးချေမှုက ချောင်လည်သွားနိုင်ပေမယ့် ၊ သူ့ရဲ့ ပုံရိပ်ကနေ ရရှိနေတဲ့ ဝင်ငွေအားလုံးလဲ ကျဆင်းသွားနိုင်တဲ့ အချက်ကို သတိထားရမှာပါ။ ဒါ့အပြင် ကွင်းထဲက လစ်ဟာသွားမယ့် စွမ်းဆောင်ရည်တွေကိုပါ ထည့်သွင်း စဉ်းစားရဦးမှာ ဖြစ်လို့ ၊ ဘုတ်အဖွဲ့သစ် အတွက် အကြီးမားဆုံး စိန်ခေါ်မှုကလဲ မက်ဆီ ရဲ့ အနာဂတ် ကိစ္စ ဖြစ်လာဖွယ် ရှိနေပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular