spot_img

မက်ဆီ – နေမာ ပြန်လည် ပေါင်းစည်းမှု ကို မြင်ချင်နေတဲ့ ရီဗယ်ဒို

ြ့ပီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ကတည်းက ဘာစီလိုနာ အသင်း ကနေ ထွက်ခွာဖို့ တကဲကဲ ဖြစ်နေခဲ့တဲ့ အာဂျင်တိုင်း စူပါစတား လီယွန်နယ် မက်ဆီ ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ မှာတော့ ဘာကာ ကနေ အလွတ် နဲ့ အပြီးတိုင် ထွက်ခွာခွင့် ရှိလာတော့မှာ ဖြစ်ပါတယ် ။

မက်ဆီ တယောက် ပြီးခဲ့တဲ့ နွေရာသီ အတွင်းမှာ ဘာစီလိုနာ ကနေ ထွက်ခွာချင်တဲ့ အကြောင်း အိတ်ဖွင့်စာ ပေးပြီးကတည်းက ၊ ဥရောပ ရဲ့ အခြား ထိပ်တန်း ကလပ် တွေရဲ့ အာရုံစိုက်ခြင်း ကို စတင် ရရှိလာခဲ့ပါတယ် ။ ဒီ အသင်းတွေထဲမှာ မက်ဆီ ရဲ့ အသင်းဖော်ဟောင်း နေမာ ရှိနေတဲ့ ပီအက်စ်ဂျီ အသင်း နဲ့ မက်ဆီ ရဲ့ ဆရာဟောင်း ပတ်ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီး အသင်း တို့က ထိပ်ဆုံး က ပါဝင်နေပါတယ် ။

myan789

ဒီတော့ မက်ဆီ – နေမာ ပေါင်းစည်းမှု ကို မြင်ရမလား ၊ မက်ဆီ – ဂွာဒီယိုလာ ပေါင်းစည်းမှု ကို မြင်ရမလား ဆိုတာ စိတ်ဝင်စားရာ ကောင်းနေပါတယ် ။ အသက် ၃၃နှစ် အရွယ်ရှိ မက်ဆီ နဲ့ ဘာစီလိုနာ အသင်း အကြားမှာတော့ နောက်ထပ် စာချုပ်သစ် အတွက် ထူးထူးခြားခြား အစီအစဉ် မရှိတာတော့ သေချာနေပါတယ် ။

ဘာစီလိုနာ ဂန္တဝင် တိုက်စစ်မှူးဟောင်း ရီဗယ်ဒို ကတော့ မက်ဆီ နဲ့ နေမာ ပြန်လည် ပေါင်းစည်းမှု ကို မြင်လိုတဲ့အတွက် ၊ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မှာ မက်ဆီ တယောက် ပီအက်စ်ဂျီ သို့ ပြောင်းရွှေ့နိုင်ဖို့ကို မျှော်လင့် စောင့်စားနေပါတယ် ။

BetFair နဲ့ တွေ့ဆုံခဲ့ရာမှာ ရီဗယ်ဒို က ” ပီအက်စ်ဂျီ အားကစား ဒါရိုက်တာ ဖြစ်တဲ့ လီယိုနာဒို ဟာ မက်ဆီ ကို ဘာစီလိုနာ နဲ့ ၎င်းအကြား စာချုပ် သက်တမ်း ကုန်ဆုံးမယ့် အချိန် ၊ လာမယ့် နွေရာသီ ဈေးကွက် အတွင်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အကြောင်း ဝန်ခံစကား ဆိုထားပြီးသား ဖြစ်ပါတယ် ။ ”

” ဒါဟာ မက်ဆီ အတွက် အရမ်း ကောင်းတဲ့ ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ် ။ အထူးသဖြင့် တနိုင်ငံတည်းသား မန်နေဂျာ မော်ရစ်စီယို ပိုချက်တီနို ကလည်း ပီအက်စ်ဂျီ ကို ကိုင်တွယ်နေတဲ့ အချိန်မှာပေါ့ ။ နောက်ပြီး မက်ဆီ ဟာ သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေ တဦး ဖြစ်တဲ့ နေမာ နဲ့ ပြန်ပြီး ပေါင်းစည်းခွင့် ရဖို့ ရှိပါတယ် ။ ”

” ဒီတော့ ပီအက်စ်ဂျီ ဖက်ကသာ အပြောင်းအရွှေ့ ကိစ္စ နဲ့ ပတ်သက်တဲ့ တရားဝင် ကမ်းလှမ်းမှုတွေ လုပ်လာရင် ၊ မက်ဆီ ဖက်က ခေါင်းညိမ့်ဖို့ အတွက် အကြောင်းပြချက် အနည်းငယ် ရှိလာနိုင်တာပေါ့ ။ လီဂူးဝမ်း မှာတော့ မက်ဆီ ဟာ အခက်အခဲ လုံးဝမရှိပဲ ခြေစွမ်း တောက်ပနေဦးမှာ သေချာပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒီလိဂ် ဟာ လာလီဂါ ၊ ပရီးမီးယားလိဂ် တွေထက် ပြိုင်ဆိုင်မှု အနည်းငယ် နိမ့်ကျတဲ့ လိဂ်ဖြစ်လို့ပါ ။ ”

” အဲ့ဒီ အတွက်ကြောင့် မက်ဆီ အဖို့ ဘောလုံး ရာသီ တလျှောက် ကြံ့ခိုင်မှု နဲ့ ပတ်သက်ပြီး ၊ စိတ်ကြိုက် စီမံခန့်ခွဲခွင့် ရှိလာနိုင်မှာ ဖြစ်သလို ၊ ချန်ပီယံလိဂ် ပွဲတွေ အတွက် ခွန်အား ချွေတာ ကစားခွင့် ရလာမှာပါ ။ ဘဏ္ဍာရေး အရ ကြည့်မယ် ဆိုရင်လည်း ပီအက်စ်ဂျီ လိုမျိုး မက်ဆီ ကို လစာ ပေးချေနိုင်မယ့် အသင်း ကလည်း ခပ်ရှားရှားပါ ။ ”

” ဒါကြောင့် ပီအက်စ်ဂျီ ဟာ မက်ဆီ အတွက် ကောင်းသော ရွေးချယ်မှု တခု ဖြစ်လာနိုင်ပါတယ် ။ တဖက်မှာ ပြင်သစ် ဘောလုံး လောက ဟာလည်း မက်ဆီ ရောက်လာတာနဲ့ တပြိုင်နက် ၊ စပွန်ဆာ နဲ့ မီဒီယာ ရှုထောင့် အရ တဟုန်ထိုး ကြီးကျယ် တိုးတက်လာမှာ သေချာပါတယ် ။ ” လို့ ဆိုခဲ့ပါတယ် ။

မက်ဆီ ရဲ့ ဘာစီလိုနာ အသင်း ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘီလ်ဘာအို အသင်း နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန် စူပါဖလား ဗိုလ်လုပွဲ မှာ ၃ – ၂ ရလဒ် နဲ့ အရေးနိမ့်ခဲ့လို့ ၊ ဒီရာသီ ပထမဆုံး ဆုဖလား ရရှိနိုင်မယ့် အခွင့်အရေး ကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ် ။ အဲ့ဒီ ပွဲမှာ မက်ဆီ ဟာ ပြိုင်ဖက် တိုက်စစ်မှူး ဗီလာလီဘာ ရဲ့ မျက်နှာ ကို လက်နဲ့ ဆွဲပိတ်ခဲ့သလို ဖြစ်လို့ ၊ တိုက်ရိုက် အနီ နဲ့ အထုတ်ခံခဲ့ရပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular