spot_img

မက်ဆီအား ဘာစီလိုနာအသင်းသို့ ပြန်လည်ရောက်ရှိစေလိုသော်လည်း ဘဏ္ဍာရေးစည်းမျဉ်းကို ပြောင်းလဲပေးမည်မဟုတ်ကြောင်း တီဘက်စ် ပြောကြာ

လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က မိမိ အနေဖြင့် မက်ဆီ၏ ပရိသတ်တစ်ဦးဖြစ်သောကြောင့် ၎င်းအား ဘာစီလိုနာအသင်းသို့ ပြန်လည်ရောက်ရှိစေလိုသော်လည်း ဘဏ္ဍာရေးစည်းမျဉ်းကို ပြောင်းလဲပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က မက်ဒရစ်မြို့၌ပြုလုပ်သည့် လာလီဂါအထူးအစည်းအဝေးအပြီးတွင် တီဘက်စ်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းအနေဖြင့် မက်ဆီ အပါအဝင် ကစားသမားသစ်များ ခေါ်ယူလိုပါက အသင်း၌ ရှိသူများကို ရောင်းချရမည်ဟု ဆိုခဲ့သည်။

myan789

မက်ဆီကို ဘာစီလိုနာအသင်း ပြန်လည်ခေါ်ယူရန် အခွင့်အရေးရှိမရှိ မေးမြန်းမှုနှင့်ပတ်သက်၍ တီဘက်စ်က “အဲဒီကိစ္စက ဒီနေ့အထိတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အချိန်တွေအများကြီး ကျန်ပါသေးတယ်။ လာမယ့်ရာသီအတွက် သူတို့ရဲ့ဘဏ္ဍာရေးအစီအစဉ်တွေကို ကျွန်တော်တို့ စောင့်နေပါတယ်။ မက်ဆီ ရောက်လာဖို့အတွက် လိုအပ်တဲ့ နေရာလွတ်ဖြစ်စေဖို့ သူတို့လုပ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ မက်ဆီကို ခေါ်ယူဖို့အတွက် ကျွန်တော်တို့ရဲ့စည်းမျဉ်းတွေကို အပြောင်းအလဲလုပ် သွားမှာ မဟုတ်ပါဘူး။ ဘာကာအနေနဲ့ အပြောင်းအရွှေ့ လုပ်နိုင်ပါတယ်။ သူတို့ကစားသမားတွေကိုတော့ ရောင်း ချရလိမ့်မယ်။ အဲဒီလိုဖြစ်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က မက်ဆီရဲ့ ပရိသတ်တစ်ယောက်ဖြစ်လို့ပါ။ မက်ဆီကို ကျွန်တော်တို့ ရဲ့လိဂ်ပြိုင်ပွဲမှာ ကစားစေချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ စည်းမျဉ်းတွေကိုတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး။ အဲဒါက ရှုပ်ထွေးပါတယ်။ ဒါပေမဲ့ သူတို့မှာ လုပ်နိုင်တဲ့ အစွမ်းရှိတယ်လို့ ကျွန်တော်ထင်တယ်”ဟု ဖြေကြားခဲ့သည်။

မက်ဆီ (၃၅ နှစ်) နှင့် PSG အသင်း၏ စာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး နှစ်လဝန်းကျင်သာ ကျန်ရှိသော်လည်း စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်း မရှိသေးသဖြင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။ 

မက်ဆီကို ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက စံချိန်တင်လစာဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေသလို မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းနှင့် အသင်းဟောင်းဖြစ်သည့် ဘာစီလိုနာတို့ကလည်း ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။ 

ဘာစီလိုနာအသင်း ဒုဥက္ကဋ္ဌ ရာဖာယယ်ယူစတေကလည်း မက်ဆီကို ပြန်လည်ခေါ်ယူရန် ဆက်သွယ်နေကြောင်း ဧပြီလဆန်းပိုင်းတွင် ထုတ် ဖော်ပြောကြားထားသည်။ 

မက်ဆီသည် ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီထွက် ကစားသမားဖြစ်ပြီး စီနီယာအသင်းအတွက် ၂၀၀၄-၂၀၀၅ မှ ၂၀၂၀-၂၀၂၁ ရာသီအထိ (၁၇) ရာသီအတွင်း ပြိုင်ပွဲစုံ (၇၇၈) ပွဲကစား၊ (၆၇၂) ဂိုးသွင်းယူကာ အသင်း၏ ပွဲအများဆုံးနှင့် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular