ဘာစီလိုနာအသင်းအပေါ် ချစ်ခင်မြတ်နိုးမှုမှာ ပြောင်းလဲခြင်းမရှိကြောင်း မက်ဆီ ဖွင့်ဟ

ဘာစီလိုနာအသင်းမှ ထွက်ခွာရန် ကြိုးစားခဲ့သော်လည်း မိမိအနေဖြင့် အသင်းအပေါ် ချင်ခင်မြတ်နိုးမှုမှာ ပြောင်းလဲသွားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

အသက် (၃၃)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် ဘာစီလိုနာအသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာရန်တောင်းဆိုခဲ့သော်လည်း အသင်းက လျော်ကြေးယူရိုသန်း (၇၀၀)ရမှသာ ထွက်ခွာခွင့်ပေးမည်ဟု ပြောဆိုခဲ့သဖြင့် အသင်းတွင် တစ်ရာသီဆက်ကစားရန် ဆုံးဖြတ်ခဲ့သည်။

myan789

မက်ဆီက မိမိအနေဖြင့် လာမည့်ရာသီတွင် အသင်းအတွက် အစွမ်းကုန်ပေးဆပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဘာစီလိုနာအသင်းမှာ ကျွန်တော် ဆက်ကစားသွားမှာပါ။ အသင်းက ဘယ်လောက်ပဲ ကျွန်တော် ထွက်ချင်နေပါစေ ကျွန်တော့်ရဲ့ စိတ်သဘောထားက မပြောင်းလဲပါဘူး။ ကျွန်တော် အမြဲတမ်းနိုင်ချင်တယ်။ ကျွန်တော် ယှဉ်ပြိုင်ချင်တယ်။ ရှုံးတာကို ကျွန်တော် မကြိုက်ဘူး။ အသင်းအတွက် အမြဲတမ်း ကျွန်တော် အကောင်းဆုံးဖြစ်ချင်ပါတယ်။ ကိုယ်ကိုယ်တိုင်အတွက်လည်း အကောင်းဆုံးဖြစ်ချင်ပါတယ်”ဟု မက်ဆီက ပြောကြားခဲ့သည်။

ထို့ပြင် မက်ဆီက ဘာစီလိုနာအသင်းမှထွက်ခွာရန် တောင်းဆိုမှုနှင့်ပတ်သက်ပြီး ဘာစီလိုနာအသင်းအပေါ် ၎င်း၏ချစ်ခင်မြတ်နိုးမှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခံရသည့်အတွက် နာကျင်ရကြောင်းလည်း ပြောကြားခဲ့သည်။

မက်ဆီက “ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော့်ကို အားပေးနေတဲ့သူတွေ ရှိပါတယ်။ သူတို့ရဲ့ အားပေးမှုနဲ့တင် ကျွန်တော် ရှေ့ဆက်လျှောက်ဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းအပေါ် ကျွန်တော့်ရဲ့ချစ်စိတ်ကို မေးခွန်းထုတ်ခဲ့ကြတဲ့သူတွေနဲ့ ဂျာနယ်လစ်တွေကြောင့် ကျွန်တော် နာကျင်စွာခံစားခဲ့ရပါတယ်။ ဘောလုံးကမ္ဘာက အရမ်းခက်ခဲပြီး အတုအယောင်တွေ အရမ်းများပါတယ်။ ဒီဖြစ်ရပ်မှာ အတုအယောင်တွေကို ကျွန်တော် သိခွင့်ရခဲ့ပါတယ်။ အသင်းအပေါ် ချစ်စိတ်ကို မေးခွန်းထုတ်ခံရတာတော့ ကျွန်တော့်ကို နာကျင်စေပါတယ်။ ဘာစီလိုနာအသင်းမှာ ကျွန်တော် ဆက်ရှိသည်ဖြစ်စေ၊ အသင်းက ထွက်ခွာသည်ဖြစ်စေ ဘာစီလိုနာကိုချစ်တဲ့ ကျွန်တော့်ရဲ့အချစ်က ဘယ်တော့မှ မပြောင်းလဲပါဘူး”ဟု ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular