ဘာစီလိုနာမှာပဲ ဆက်ရှိဖို့ သေချာသွားပြီမို့ ၊ လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ဆောင်နေတဲ့ ကော်တင်ဟို

လီဗာပူး ရဲ့ အဓိက ကစားသမား တစ်ဦးလဲ ဖြစ်ခဲ့သလို ၊ 2018 ကမ္ဘာ့ဖလားမှာလဲ နေမာ ကို ကျော်ဖြတ်ကာ ဘရာဇီး လက်ရွေးစင် အသင်းရဲ့ ကွင်းလယ် ဖန်တီးရှင် တစ်ယောက် အဖြစ် ခြေစွမ်းပြခဲ့တဲ့ ကော်တင်ဟို ဟာ ဘာစီလိုနာ မှာတော့ ကံမကောင်းဘူးလို့ ဆိုရမှာပါ။

နည်းပြ နှစ်ယောက် အပြောင်းအလဲ လုပ်ခဲ့သည့်တိုင်အောင် ၊ ဘယ်သူကမှ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို ဆွဲထုတ်နိုင်ခြင်း မရှိလို့ ရာသီ မပိတ်သိမ်းခင် ကတည်းက အရောင်းစာရင်း တင်ခံခဲ့ရသူပါ။

myan789

ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်တွေ နဲ့ သတင်းတွေ အကျယ်ဆုံး ထွက်ခဲ့သလို ၊ အာဆင်နယ် အသင်းက အငှားနဲ့ ခေါ်ယူမယ် ဆိုတဲ့ အကြောင်းအရာတွေကလဲ ဂန်းနား ပရိသတ်တွေ အကြားမှာ တော်တော်လေး ရိုတ်ခတ်ခဲ့ပါတယ်။

သို့သော် ဘာစီလိုနာ ရဲ့ အလှည့်အပြောင်းတွေ ၊ ကော်တင်ဟို ရဲ့ ဘိုင်ယန် မြူးနစ် နဲ့ အတူ ခြေစွမ်းပြမှုတွေ နဲ့ အတူ အခြေအနေတွေက ပြောင်းပြန်ကို ဖြစ်လာပါတယ်။ ဘာစီလိုနာ ဟာ နယ်သာလန် နည်းပြ ရော်နယ် ကိုးမန်း ကို ခန့်အပ်လိုက်ချိန်မှာတော့ ၊ ကော်တင်ဟို ဟာ အသွင်သစ် နဲ့ တည်ဆောက်မယ့် စာမျက်နှာသစ်မှာ အခွင့်အရေး ရဖို့ ပြန်လည် အကြောင်းဖန်လာခဲ့ပါတယ်။

လက်ရှိမှာ သက်ကြီး ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ရာကီတစ် ၊ ဗီဒယ် တို့ကို လမ်းခွဲနေပြီ ဖြစ်လို့ ၊ လာမယ့် ဘောလုံးရာသီမှာ ကော်တင်ဟို ကစားခွင့် ရမယ့် အခွင့်အလမ်းကလဲ ပေါ်လွင်လို့နေပါတယ်။

ဒါကြောင့် ဘရာဇီးသားဟာ ထွက်ပေါ်လာတဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ အတွက် အစွမ်းကုန် ပြင်ဆင်လျှက်ရှိနေပါတယ်။ မူလက ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားခဲ့တာကြောင့် စက်တင်ဘာလ 7 ရက်နေ့ ရောက်မှ အသင်းကို ပြန်လာဖို့ စီစဉ်ခဲ့ပေမယ့် ၊ သူ့ရဲ့ ကြံ့ခိုင်မှုတွေ ပျက်စီးသွားမှာ စိုးရိမ်တာကြောင့် လဆန်း ပိုင်းကတည်းက ဘာစီလိုနာ ကို ပြန်လည် ရောက်ရှိနေခဲ့ပါတယ်။

လက်ရှိမှာ ဗိုင်းရပ် စစ်ဆေးခံယူမှုတွေ နောက်ကျသွားတဲ့ အတွက် သီးသန့်လေ့ကျင့်ခန်း တွေကို တစ်ဦးတည်း လုပ်ဆောင်လျှက် ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့ အေးဂျင့် ဖြစ်သူ ဂျိုရပ်ချိအန် ကလဲ ကော်တင်ဟို ဟာ ဘာစီလိုနာ ကနေ ထွက်ခွာမှာ မဟုတ်ပဲ ၊ နူးကမ့်မှာ ဆက်ရှိသွားမယ့် အကြောင်းကို အခုလို အတည်ပြု ပြောဆိုလာခဲ့ပါတယ်။

“ ရော်နယ် ကိုးမန်း က ဘိုင်ယန် မြူးနစ် နဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်စွဲတဲ့ ပွဲစဉ် အပြီးမှာပဲ ဖုန်းခေါ်လာခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ အစီအစဉ်တွေထဲမှာ ကော်တင်ဟို က အများကြီး အရေးပါနေတယ် ဆိုတာ ရှင်းပြတယ်လေ။ တစ်ဆက်တည်းမှာပဲ အသင်းကို ပြန်လာဖို့ ဖိတ်ခေါ်သွားခဲ့တာပါ။

မူလ စီစဉ်ထားတာက စက်တင်ဘာ 7 ရက်နေ့ မှ ဘာစီလိုနာ ကို ပြန်ဖို့ပါ။ ဒါပေမယ့် စက်တင်ဘာ လဆန်း ပိုင်း ကတည်းက ပြန်သွားပါတယ် ဘာလို့လဲ ဆိုတော့ သူက လက်ရှိ သူ့ရဲ့ ပုံစံကောင်းတွေကို မဆုံးရှုံးချင်သလို ၊ ကြံ့ခိုင်မှုတွေကို ရာခိုင်နှုန်းပြည့် ထိန်းထားချင်တာလေ။

အခုတော့ အသင်းမှာ လေ့ကျင့်ခန်း အစီစဉ်တွေတောင် လုပ်ဆောင်နေပါပြီ။

ဒီအခြေအနေမျိုး က မျက်လှည့်ဆန်ဆန်ကြီးကို ရောက်ရှိလာတာဗျ။ မနှစ်က ပုံစံအတိုင်း ဆိုရင် ဒီလို ဖြစ်လာဖို့ အကြောင်းကို မရှိပါဘူး။ ဒါပေမယ့် သူတို့က ရှေ့ဆက်မယ့် အိုက်ဒီယာသစ်တွေ ကို အပြောင်းအလဲ လုပ်လိုက်ပြီး ၊ ကော်တင်ဟို ၊ ဒမ်ဘီလီ ၊ ဂရစ်ဇ်မန်း တို့လို ကစားသမားတွေ နဲ့ အခြေခံပြီး တည်ဆောက်သွားတော့မှာပါ။

ကော်တင်ဟို ဆိုရင် ဘိုင်ယန် ကို အငှားနဲ့ သွားကစားခဲ့ရပေမယ့် ၊ သူ့အလုပ်ကို သူ အကောင်းဆုံး လုပ်ပြလိုက်တော့ ၊ ဘာစီလိုနာ က ငမ်းငမ်းတက်ကို ပြန်လိုချင်နေတော့တာပဲလေ” လို့ Talk Sport နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ ပါတယ်။

ဘာစီလိုနာ ဟာ စနေနေ့မှာတော့ ဂင်နက်စ်တစ် ဒီ တာရာဂိုနာ အသင်းနဲ့ ဂျိုဟန်ခရိုတ် ကွင်းကြီးထဲမှာ ခြေစမ်းပွဲ ကစားဖို့ စီစဉ် ထားပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular