ဘရူနိုဖာနန်ဒက် နဲ့ ပေါ့ဘာတို့ကြောင့် ဆိုးရှားကို ကစားသမား တစ်ဦး ခေါ်ယူစေချင်နေတဲ့ မန်ယူနိုက်တက် ဂန္တဝင်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဂယ်ရီပယ်လစ်စတာကသူ့ရဲ့အသင်းဟောင်းအနေနဲ့ဘရူနိုဖာနန် ဒက် နဲ့ ပေါလ်ပေါ့ဘာ တို့ တစ်ဦးဦးသာဒဏ်ရာရရှိသွားခဲ့မယ်ဆိုရင်အဆိုပါနေရာကိုကောင်းကောင်း ဖြည့်တင်း ကစား နိုင်စွမ်း ရှိတဲ့ ကွင်းလယ် ဖန်တီးရှင် တစ်ဦးကို ခေါ်ယူ ထားသင့်တယ်လို့ ဆိုလိုက် ပါတယ်။

ဖာနန်ဒက် နဲ့ ပေါ့ဘာ တို့ဟာ ပရီးမီးယားလိဂ် restart နောက်ပိုင်း မန်ယူနိုက်တက်ရဲ့ကွင်းလယ်မှာ အကောင်းဆုံး တွဲဖက် ကစား နိုင်ခဲ့ကြပြီး ဒီအတွက်ကြောင့်လည်း ယူနိုက်တက် ရဲ့ front three ဟာ သွင်းဂိုးတွေ များစွာ ရရှိ လာခဲ့ပါတယ်။

myan789

ယူနိုက်တက်ဟာယခုနှစ်အစပိုင်းအထိရလဒ်တွေအတက်အကျများနေခဲ့ကာချန်ပီယံလိဂ်ဝင် ခွင့်တောင်မသေချာတဲ့အနေအထားထိရောက်ခဲ့ပေမယ့်လည်းဇန်နဝါရီအပြောင်းအရွေ့မှာဘရူနိုဖာနန်ဒက်စပို့တင်းလစ္စဘွန်းကနေပေါင်၄၆.၆သန်းနဲ့ရောက်ရှိလာခဲ့ပြီးနောက်ကလပ်ဟာကြီးကြီးမားမား အပြောင်းအလဲ ဖြစ်သွား ခဲ့ပါတယ်။

လက်ရှိ အချိန်မှာ ယူနိုက်တက် နည်းပြ အိုလီဂန်နာဆိုးရှားအတွက်ကွင်းလယ်ပိုင်းရွေးချယ်စရာတွေ အများကြီးရှိနေခဲ့ပါတယ်။နီမန်ဂျာမာတစ်ဟာပြီးခဲ့တဲ့ဒုတိယရာသီဝက်မှာပြသခဲ့တဲ့စွမ်းဆောင်ရည်ကြောင့် ကလပ်နဲ့ စာချုပ်သစ် ချုပ်ဆို နိုင်ခဲ့ပြီးဖရက်ကလည်းပြီးခဲ့တဲ့ရာသီမှာခြေစွမ်းပိုမိုကောင်းမွန် လာခဲ့ကာ မက်တိုမီနေး ကလည်း ပရိတ်သတ်ကြိုက် ကစားသမား တစ်ဦး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပယ်လစ်စတာ က ဒီကစားသမား ၃ ဦးဟာ ဖာနန်ဒက် နဲ့ ပေါ့ဘာ တို့လို ဖန်တီးမှု စွမ်းရည်ကောင်းတွေ ရှိမနေကြဘူးလို့ ယုံကြည် နေပြီး ယူနိုက်တက် အနေနဲ့ ပေါ်တူဂီ နဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ တွေရဲ့ ကာဗာ ကစားသမား တစ်ဦး ထားသင့်တယ်လို့ ဆိုခဲ့ ပါတယ်

ပယ်လစ်စတာက “အကယ်လို့များ ပေါ့ဘာ နဲ့ ဘရူနို တို့ ဒဏ်ရာ ရခဲ့မယ် ဆိုရင် ယူနိုက်တက်မှာ သူတို့လို အကွက်မြင်တဲ့ ကစားသမား ရှိလို့လား? ပေါ့ဘာ ဒဏ်ရာ ကနေ ပြန်လာပြီး အသင်းမှာ ပြန်ကစားခင် ၊ ဘရူနိုဖာနန်ဒက် ပေါ်တူဂီ ကနေ ရောက်မလာခင် လူတွေအားလုံးဟာ မက်တိုမီနေး နဲ့ ဖရက် တို့ အကောင်းဆုံး စွမ်းဆောင် ထားခဲ့တာကို ပြောနေကြ ပါတယ်။ အထူးသဖြင့် ဖရက်ပေါ့။

ဖရက်ဟာ ယူနိုက်တက်မှာ ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ် ခဲ့ရပါတယ်။ လူတိုင်းကသူ့ကိုခေါ်ယူ ခဲ့ခြင်းဟာ ပိုက်ဆံ သက်သက်ဖြုန်းတီးတာပဲဆိုပြီးဝေဖန်ခဲ့ကြပါတယ်။သူဟာယုံကြည်မှုပျောက်ဆုံး နေခဲ့ပြီး အင်္ဂလန်မှာ အထိုင်ကျတဲ့ပုံ မရှိခဲ့ ပါဘူး။

ဒါပေမယ့်ပရီးမီးယားလိဂ်lockdownကာလမတိုင်မီသူဟာမန်ချက်စတာယူနိုက်တက်မှာစွမ်းဆောင်ရည် အတည်ငြိမ်ဆုံး ကစားသမားတွေ ထဲကတစ်ဦးဖြစ်ခဲ့ပါတယ်။ဒါ့ကြောင့်သူဟာအရာအားလုံးကို အပြောင်းအလဲ လုပ်နိုင် ခဲ့ပါတယ်။ စကော့မက်တိုမီနေး ကလည်း အသင်း အတွက် အကောင်းဆုံး လုပ်ပေး နေတဲ့ လူငယ် ကြယ်ပွင့် တစ်ဦးပါ။

ဒါပေမယ့် သူတို့မှာ ဖာနန်ဒက် နဲ့ ပေါ့ဘာ တို့လို အကွက်မြင်မြင်ဖန်တီးနိုင်တဲ့စွမ်းရည်မရှိဘူးဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ ဒါပေမယ့် သူတို့ဟာ ကွင်းလယ်ကို မာကျောမှုတော့ ရှိစေ ပါတယ်။

စကော့ဟာမန်ယူနိုက်တက်ရဲ့ငယ်မွေးခြံပေါက်ဖြစ်တာကြောင့်ကလပ်အကြောင်းကိုသူကောင်းကောင်း သိပါတယ်။ ဒါ့ကြောင့် ကွင်းလယ်ပိုင်းနဲ့ ပက်သက်ပြီး ကျွန်တော် သိပ်ပြီး မစိုးရိမ်မိ ပါဘူး။ ကျွန်တော် ခုနက ပြောခဲ့သလိုပဲ ပေါ့ဘာ နဲ့ ဘရူနိုတို့ ဒဏ်ရာ ရခဲ့မယ် ဆိုရင် ဒီနေရာမှာ ဖြည့်ကစား နိုင်မယ့် ကစားသမား တစ်ဦးတော့ လိုအပ် နိုင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ပယ်လစ်စတာ ဟာ ဆိုးရှားရဲ့ လက်အောက်မှာ နေရာ တစ်နေရာ ပြန်လည် ရရှိအောင် စွမ်းဆောင် နိုင်ခဲ့တဲ့ မာတစ် ရဲ့ စွမ်းဆောင်ရည်ကိုလည်း သဘောကျ နေခဲ့ ပါတယ်။

၎င်းက“မာတစ်ဟာဖရက်နဲ့မက်တိုမီနေးတို့လိုကွင်းထဲမှာလုပ်အားကောင်းကောင်းနဲ့ပြေးလွှားဆော့ကစား တက်သူ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့မှာ တည်ငြိမ်တဲ့ စွမ်းရည် ရှိပါတယ်။ နောက်တန်း ၄ ဦးရှေ့မှာ ကစားရတဲ့ ကစားသမား တစ်ဦး ဖြစ်နေတာကြောင့် လူတွေက သူ့ရဲ့ စွမ်းဆောင်ရည်ကို သိပ်ပြီး သတိထားမိမှာ မဟုတ်ပါဘူး။

ဒါပေမယ့် သူ ကွင်းထဲမှာ ဘာတွေ လုပ်ပေး နိုင်သလဲ ဆိုတာအသင်းဖော်တွေကောင်းကောင်းသိကြ တန်းဖိုး ထားကြပါတယ်။ သူဟာခေါင်းအေးအေးနဲ့ကစားတက်ပြီးပွဲကိုကောင်းကောင်းဖတ်နိုင်သူပါ။ သူဟာယူနိုက်တက်ရဲ့ကွင်းလယ်ကိုတည်ငြိမ်စေအောင်လုပ်ပေးနိုင်စွမ်းရှိပါတယ်။”လို့ပြောလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular