ဘရူနိုကို အတုယူဖို့ ယူနိုက်တက် ကစားသမားလေးဦးကို တိုက်တွန်းလိုက်တဲ့ ဂါ့သ် ခရွတ်ခ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2020 – 21 ဘောလုံး ရာသီ အတွင်း တည်ငြိမ်တဲ့ ကွင်းအတွင်း စွမ်းဆောင်ရည် တွေကို ပုံမှန် အတိုင်း ပြသ နိုင်ဖို့ အတော်လေး ရုန်းကန် နေခဲ့ ရပြီး ရလဒ်ကောင်းတွေ ပိုင်ဆိုင် နိုင်ဖို့လည်း အခက်တွေ့ နေခဲ့ရ ပါတယ် ။

ဒါ့အပြင် အဆိုပါ အချိန် ကာလ အတွင်း ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ ကစားသမား အချို့လည်း ပုံစံကောင်း တွေကို ပြသ နိုင်ဖို့ အတွက် ရုန်းကန် နေခဲ့ ကြရ ပါတယ် ။ အဆိုပါ အချိန် အတွင်း မှာတော့ ဘရူနို ဖာနန်ဒက်စ် တစ်ဦးတည်းသာ ပုံစံကောင်း အချို့ကို ပြသ ထားနိုင်ခဲ့ ပါတယ် ။

myan789

ဘရူနိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး ထူးကဲတဲ့ ခြေစွမ်း ၊ ခေါင်းဆောင် နိုင်မှု စွမ်းရည် တွေနဲ့ အတူ ယူနိုက်တက် တို့ကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် ကူညီ ပေးနိုင်ခဲ့ ပါတယ် ။

ဒါ့အပြင် အသင်းဖော် တွေကိုလည်း ပုံစံကောင်းတွေ ပြသ နိုင်အောင် ကူညီ ပေးနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် လက်ရှိ ဘောလုံး ရာသီ အတွင်းမှာတော့ ယူနိုက်တက် အသင်းရဲ့ အားထား ရတဲ့ ကစားသမား အချို့ဟာ ပုံစံကောင်း တွေကို ပြသ နိုင်ဖို့ အတွက် ရုန်းကန် နေခဲ့ ကြရ ပါတယ် ။

ပေါလ် ပေါ့ဂ်ဘာဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံခဲ့ရ ကတည်းက ပုံစံကောင်း ပြသ နိုင်ဖို့ ရုန်းကန် နေခဲ့ရ ပါတယ် ။ လူငယ် တိုက်စစ် ကစားသမားလေး ဖြစ်တဲ့ မေဆွန် ဂရင်းဝုဒ် ကတော့ အိုက်စလန် မြေမှာ ကိုဗစ် စည်းမျဉ်း ချိုးဖောက်ခဲ့ ကတည်းက ခြေစွမ်း ကျဆင်း နေခဲ့ ပါတယ် ။

နီမန်ဂျာ မာတစ် ကတော့ ပွဲကစားချိန် မိနစ် တွေကို အရင်လို မရရှိတော့တဲ့ အပြင် ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းကလောက် ယုံကြည်ဖွယ် ခြေစွမ်း မပြသနိုင်ခဲ့ ပါဘူး ။ အန်သိုနီ မာရှယ် ရဲ့ ကတော့ စပါး အသင်း နဲ့ ပွဲစဉ်မှာ အနီကဒ် ပြသ ခံခဲ့ရ ကတည်းက အကောင်းဆုံး ပြန်လာ နိုင်ဖို့ ရုန်းကန် နေခဲ့ရ ပါတယ် ။

အခုတော့ BBC ရဲ့ သတင်း သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ဂါ့သ် ခရွတ်ခ် က ယူနိုက်တက် အသင်း ရဲ့ ကြယ်ပွင့် လေးဦး ဖြစ်တဲ့ မာတစ် ၊ ပေါ့ဂ်ဘာ ၊ ဂရင်းဝုဒ် နဲ့ မာရှယ် တို့ဟာ ဘရူနို ဖာနန်ဒက်စ် ကို အတုယူဖို့ လိုအပ်ကြောင်း တိုက်တွန်း နှိုးဆော် သွားခဲ့လိုက် ပါတယ် ။

” အိုးလ် ထရပ်ဖို့ဒ်မှာ ဘရူနို ဖာနန်ဒက်စ်ဟာ မီဒီယာ တွေရဲ့ အာရုံကို ဘယ်လို ဆွဲဆောင် လိုက်သလဲ ဆိုတာ ကျွန်တော် မသိပါဘူး ။ ဒါပေမယ့် အဲဗာတန် နဲ့ ပွဲစဉ် မှာတော့ သူဟာ ဘာကို လုပ်ချင်သလဲ ၊ ဘယ်လို ရည်မှန်းချက် တွေကို ပိုင်ဆိုင်ထားသလဲ ဆိုတာ တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ ခဲ့ရ ပါတယ် ”

” သူဟာ ရရှိ ခဲ့တဲ့ ဘောလုံးတိုင်း အတွက် တိုက်ပွဲဝင်ခဲ့ ပါတယ် ။ ပြိုင်ဖက် ခြေထဲက ဘောလုံး တိုင်းကို အရ လုယူနိုင်ဖို့ ကြိုးစားခဲ့ ပါတယ် ။ အကျိုးဆက် အဖြစ် အဝါကဒ် ပြသ ခံခဲ့ရ ပါတယ် ။ ဒါတောင် သူက ကိုယ်တိုင် နှစ်ဂိုး သွင်းယူ ခဲ့ပြီး အသင်းဖော် ကာဗာနီ အတွက် တစ်ဂိုး ဖန်တီး နိုင်ခဲ့ပါ သေးတယ် ”

” သူဟာ နေရာတိုင်း ကို သွားရောက် ပြေးလွှား ကစား ခဲ့ပြီး အနာဂတ် မတည်မငြိမ် ဖြစ်နေတဲ့ ဆိုးလ်ရှား အတွက် ရလဒ်ကောင်း ရရှိ စေနိုင်ဖို့ အစွမ်းကုန် ကြိုးစား အားထုတ်ခဲ့ ပါတယ် ။ ယူနိုက်တက်မှာ သာမန်ထက် ထူးကဲ လွန်းတဲ့ အသင်း တစ်သင်း ရှိနေပြီး သူ့ အနေနဲ့ ဒါကို ဂရုတစိုက် အသုံးချ သွားဖို့ လိုအပ် နေပါတယ် ”

” ဒါ့အပြင် ပေါ့ဂ်ဘာ ၊ မာတစ် ၊ မာရှယ် နဲ့ ဂရင်းဝုဒ် တို့လည်း ဘရူနို လုပ်ဆောင် နေသလိုမျိုး စွမ်းဆောင်ရည် တွေကို ပြသ နိုင်ဖို့ လိုအပ် နေပါတယ် ။ နည်းပြ က သူတို့ တွေကို ပွဲထွက် ကစားခွင့်တွေ ပေးဆောင် နေတဲ့ အပေါ် ပြန်လည် ပေးဆပ်ပြီး နည်းပြ နဲ့ အသင်း အတွက် အကောင်းဆုံး ကြိုးစားပြဖို့ လိုအပ် နေပါသေးတယ် ” လို့ ဂါ့သ် ခရွတ်ခ် က ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular