ဗီလာကို ရှုံးခဲ့တာဟာ တစ်ပွဲတစ်လေ ခြေချော်လက်ချော် ဖြစ်ခဲ့တာဖြစ်ပြီး အမှတ်ပေးဖလား အတွက် လီဗာပူးတို့ ပြန်လာလိမ့်မယ်လို့ ယုံကြည်နေတဲ့ မာဖီ

ဒန်နီမာဖီက လီဗာပူးတို့ အက်စတွန်ဗီလာကို ၇ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းဟာ ၎င်းတို့ကို လှုပ်နှိုးလိုက်သလို ဖြစ်သွား စေလိမ့်မယ်လို့ ယုံကြည် နေပြီး the Reds တို့ဟာ ပရီးမီးယားလိဂ် ဖလားကို ၂ ရာသီဆက်တိုက် ရယူဖို့ ကြိုးစားတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ကျေနပ် အားရနေမှု ကနေ ရုန်းထွက်ဖို့ လိုအပ်ခဲ့တယ်လို့ ဆိုသွား ပါတယ်။ ဆက်လက်ပြီး မာဖီက ယာဂန်ကလော့ရဲ့ အသင်းဟာ ဗီလာပက်မှာ ပျင်းရိ လေးလံ နေပြီး ကိုယ့်ကိုကိုယ်လည်း အထင်ကြီး နေခဲ့တယ်လို့ ဝေဖန် ခဲ့ပါတယ်။

အိုလီဝက်ကင်းဟာ သူ့ကစားသမား ဘဝရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ဟက်ထရစ် နဲ့ စတား ဖြစ်ခဲ့သလို ဂျက်ဂရီလစ်ချ် ကလည်း သွင်းဂိုး ၂ ဂိုး အပြင် ဂိုးဖန်တီးမှု ၃ ကြိမ် လုပ်ပေးခဲ့ကာ ဗီလာပက်မှာ အထူး ခြေစွမ်းပြ ကစား သွားခဲ့ ပါတယ်။ လီဗာပူး အသင်း ကတော့ အဆိုပါ ပွဲစဉ်က တိုက်စစ် နဲ့ ကွင်းလယ်ရဲ့ high pressing တွေ ပျောက်နေ ခဲ့သလို ၊ second balls တွေလည်း တစ်ကြိမ်မှ အသာရ ခဲ့ခြင်း မရှိ ခဲ့တာကြောင့် ပြိုင်ဘက်ကို စီးမကစား နိုင်ခဲ့တဲ့ အပြင် ဂိုးသမား နဲ့ နောက်တန်း ကလည်း အမှားအယွင်းတွေ များပြား လှတာကြောင့် ဗီလာရဲ့ ယခုလို ဂိုးပြတ် ချေမှုန်းခြင်းကို ခံခဲ့ ရတာ ဖြစ်ပါတယ်။

myan789

ကလော့ ကတော့ သူ့ရဲ့ အသင်းဟာ ပွဲအစီအစဉ် အတိုင်း လုံး၀ မကစား ခဲ့ဘူးလို့ ဆိုလိုက်ပြီး ကစားသမားတွေဟာ ဘောလုံးပွဲ တစ်ပွဲမှ လုံး၀ မလုပ်သင့်တဲ့ အမှားတွေ အားလုံးကို ကျူးလွန် ခဲ့ကြတယ်လို့ ဝန်ခံ ခဲ့ပါတယ်။ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ၄ ပွဲ ကစားပြီးချိန်မှာ ပေးဂိုး ၁၁ ဂိုးထိ ရှိသွားခဲ့ပြီ ဖြစ်ကာ လိဒ်ယူနိုက်တက်ကို ၄-၃ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ် တုန်းကလည်း ခံစစ်ပိုင်းကို မေးခွန်းထုတ်မှုတွေ ခံခဲ့ ရပါတယ်။

ဒီကြားထဲမှာ လီဗာပူး အတွက် ကံဆိုးစေတာ ကတော့ အလီဆွန် ဒဏ်ရာကြောင့် ၆ ပတ်လောက် အနားယူ သွားရမယ့် အရေး ဖြစ်ပြီး အက်ဒရီယန်ဟာ လီဗာပူးရဲ့ standard နဲ့ လုံး၀ ကိုက်ညီတဲ့ ဂိုးသမား မဟုတ်တဲ့ အပြင် အသင်းဖော်တွေရဲ့ ယုံကြည်မှုလည်း ရထားသူ မဟုတ်ပါဘူး။ မာဖီကတော့ ချန်ပီယံ တို့ဟာ လွန်ခဲ့တဲ့ ၁၉၆၃ ခုနှစ်နောက်ပိုင်း ကလပ်ရဲ့ အဆိုးရွားဆုံး ရှုံးပွဲကနေ ရုန်းထွက် နိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ပြိုင်ဘက် မန်ယူနိုက်တက်ရဲ့ အခြေအနေထက် လီဗာပူးက အများကြီး သာသေးတယ်လို့ ဆိုသွားပါတယ်။

မာဖီက “လီဗာပူးရဲ့ ကစားပုံ ဒီလိုမျိုး ပျင်းရိပျင်းတွဲ ဖြစ်ခဲ့တာဟာ အတော့် အတော် ကြာမှ ပထမဦးဆုံး အကြိမ် ပြန်လည် မြင်တွေ့ ခဲ့ရတာ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ကျေနပ် အားရနေမှုတွေ ရှိနေ ခဲ့သလို အဖွင့်ပွဲစဉ်တုန်းက လိုမျိုး ပြိုင်ဘက်ကို အနည်းငယ် အထင်သေးပြီး ကစားခဲ့တဲ့ ပုံစံ တချို့ကို မြင်တွေ့ ခဲ့ရပါတယ်။ အာဆင်နယ်နဲ့ ပွဲတုန်းကတောင် သူတို့ဟာ ဒုတိယပိုင်းမှာ ကစားအားကို လျော့ချ ခဲ့တာကို တွေ့ခဲ့ ရပါတယ်။

ခံစစ်ကစားပုံဟာ ပျင်းရိပျင်းတွဲ ဖြစ်နေပြီး ပြိုင်ဘက်တွေကို လူကျွံဘော ဖမ်းကစားဖို့ပဲ ကြိုးစား ခဲ့ကြပါတယ်။ ဒါမျိုး တောက်လျှောက် ဖြစ်ခဲ့တာပါ။ high defensive line နဲ့ ကစားတာ ဘာပြသနာမှ မရှိပါဘူး။ ဒါပေမယ့် အသင်းဖော်တွေ ဘောလုံးကို လိုက်လံ ဖိအားပေး ကစားတာ ရှိမှ ဒီလို ကစားလို့ ရတာပါ။ ဘောလုံးကို ဖိအားပေး ကစားမှု မရှိတာနဲ့ တစ်ပြိုင်နက် ခံစစ်ကြောင်း ဆုတ်ပြီး runners တွေနောက် လိုက်ရပါမယ်။

တကယ့်ကို ကို့ရို့ကားယား ဖြစ်ခဲ့ပါတယ်။ ဒါဟာ စိုးရိမ်စရာပါ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ၇-၂ နဲ့ ရှုံးတယ် ဆိုတာ စိတ်ပူစရာပါ။ ဒါပေမယ့် ယူနိုက်တက်ရဲ့ ပြသနာတွေနဲ့ ယှဉ်ကြည့်လိုက်မယ် ဆိုရင်တော့ ကျွန်တော်တို့က ဒီအဆင့် မရောက်သေးပါဘူး။ လီဗာပူးတို့ အိုကေ သွားမှာပါ။ သူတို့ဟာ ကျားနာ တစ်ကောင်လို ဖြစ်နေပါလိမ့်မယ်။ သူတို့ ခြားနားတဲ့ ပုံစံနဲ့ ပြန်လာ ပါလိမ့်မယ်။ ယာဂန်ကလော့ဟာ ဒီလို ပုံစံမျိုး အကြာကြီး ခွင့်ပြုမှာ မဟုတ်ပါဘူး။ သူ အသင်းကို ဒီအရှုံးကနေ ဆွဲထုတ် သွားမှာပါ။

q1သူတို့ဟာ အခြေခံတွေ အနည်းငယ် မေ့သွားတာ ဖြစ်နိုင်သလို သူတို့ကို လှုပ်နှိုးဖို့ လိုအပ် နေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ဟာ မယုံနိုင်လောက်အောင် စွမ်းဆောင်ရည် တည်ငြိမ် ခဲ့တဲ့ အသင်း ၊ အင်္ဂလန်ရဲ့ ခံစစ် အကောင်းဆုံး အသင်း အဖြစ် ၂ နှစ်လောက် ဖြတ်သန်း ခဲ့ပြီးနောက် ဒါဟာ အနည်းငယ် ရောင့်ရဲမှု နဲ့ တည်ငြိမ်မှု ပျောက်သွား ခဲ့တာပါ။
လီဗာပူးဟာ အချိန်အတိုင်းအတာ တစ်ခုထိ ထိပ်ဆုံးမှာ ရှိနေ ခဲ့တာပါ။ ဒါ့ကြောင့် အနည်းငယ် ကျဆင်း သွားမှုဟာ နားလည် ပေးလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ကိုယ့်ကိုကိုယ် ကျေနပ်မှု ဆိုတာ ရှိနိုင်လို့ပါ။ သူတို့ဟာ အရင်က အခြေအနေကို ပြန်သွားပါလိမ့်မယ်။ ကလော့ဟာ ဒီကစားသမားတွေကို လမ်းကြောင်းမှန်ပေါ် ပြန်ပို့ ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည် ပါတယ်။

ကစားသမား အချို့ရဲ့ စွမ်းဆောင်ရည် ကိုတော့ သူ လုံး၀ လက်ခံ သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့အတွက် ကံကောင်းတာက သူ့မှာ အရမ်းကောင်း ကောင်းပြီး လှည့်လည် သုံးစွဲလို့ ရတဲ့ တောင့်တင်းတဲ့ လူအင်အားကို ပိုင်ဆိုင် ထားတာပါ။ ဒါပေမယ့် ဒီကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို သူ ဒေါသထွက်ကာ လက်ခံ သွားမှာတော့ မဟုတ်ပါဘူး။ ကျွန်တော် လီဗာပူး အတွက် စိုးရိမ်မိပါတယ်။ ၂ နှစ်လောက် ခံစစ် အကောင်းဆုံး မှတ်တမ်း ပိုင်ဆိုင် ထားခဲ့တဲ့ အazသင်းဟာ နေ့ချင်းညချင်း ဆိုးဆိုးရွားရွား ဖြစ်သွား ခဲ့တာပါပဲ။” လို့ ဆိုသွားပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular