ဗိုင်းရပ် ကူးစက်ခံရသူ 6 ဦး အထိရှိလာလို့ ၊ ပွဲစဉ်တွေကို ရပ်ဆိုင်းလိုက်ရတဲ့ PSG

ဥရောပ ထိပ်သီးလိဂ် အသင်းကြီးတွေ အားလုံးထဲမှာ ဗိုင်းရပ် ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ ကလပ်အသင်းကတော့ PSG ဖြစ်ပါတယ်။ပြီးခဲ့တဲ့ အပတ်က ကွင်းလယ် ကစားသမား ဒီမာရီယာ နဲ့ ပါရီဒက် တို့ နှစ်ယောက် မှာ ပိုးတွေ့ခဲ့ပြီး နောက် ၊ တိုက်စစ်မှုး နေမာထံမှာလဲ ဆက်ပြီး တွေ့ခဲ့တာပါ။

PSG ကစားသမားတွေ ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ အပြီး စပိန်က အိုင်ဘီဇာ ကမ်းခြေမှာ အပန်းဖြေ ခရီး ထွက်ခဲ့ပြီးနောက် ၊ အသင်းဆီ ပြန်လည် ရောက်ရှိလာချိန်မှာ ဗိုင်းရပ်ပိုးတွေ ပါလာခဲ့တာ ဖြစ်ပါတယ်။

myan789

မနေ့ကတော့ ကလပ်အသင်းဟာ အသင်းရဲ့ စီနီယာ ကစားသမားတွေ အတွင်းမှာ ထပ်ပြီး ဆေးစစ်မှုတွေ ပြလုပ်ခဲ့သလို ၊ နောက်ထပ် ကူးစက်ခံရသူူ 3 ဦး အထိလဲရှိနေတယ်လို့ အတည်ပြုသွားခဲ့ပြန်ပါတယ်။ PSG ဟာ ထပ်ပြီး ကူးစက်ခံရသူတွေဟာ ဘယ်သူ ဘယ်ဝါတွေ ဖြစ်တယ် ဆိုတဲ့ တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် ၊ နောက်ပိုင်းမှာတော့ ပြင်သစ် သတင်းတွေက ခံစစ်မှုး မာကွင်ဟို ၊ ဂိုးသမား နာဗက် ၊ တိုက်စစ်မှုး အီကာဒီ တို့ ဖြစ်တယ်လို့ အတိအကျ ဖော်ထုတ်သွားခဲ့ ပါတယ်။

ဒါကြောင့် အခုဆိုရင် ပီအက်စ်ဂျီဟာ ဗိုင်းရပ် ကူးစက်ခံထားရသူပေါင်း က 6 ဦး အထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ၊ အားလုံးဟာ ပွဲထွက် ကစားသမားတွေချည်းပဲ ဖြစ်လို့ စိုးရိမ်စရာလဲ ဖြစ်ပါတယ်။

ပြင်သစ် လီဂူး ပြိုင်ပွဲ တာဝန်ရှိသူတွေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ အရ ကလပ်အသင်းအသင်းဟာ ပိုးတွေ့ ကစားသမား အနည်းဆုံး 4 ယောက် တွေ့ရှိတာနဲ့ ၊ ပွဲစဉ်တွေအားလုံးကို အလိုအလျှောက် ရွှေ့ဆိုင်းရမယ်လို့ သတ်မှတ်ထားခဲ့တာပါ။

ဒါကြောင့် မာဆေး နဲ့ စိန့်အီတင်း တို့ ကစားမယ့်ပွဲစဉ်ကို နောက်ဆုတ်လိုက်ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အခြား ပြင်သစ် ကလပ်တွေ ဖြစ်တဲ့ မွန့်ပယ်လေယာ ၊ ရင်းနက် နဲ့ လီယွန် အသင်းတွေ ကလဲ ဗိုင်းရပ် ဒဏ်ကို ခံစားနေရပါတယ်။

အခြား လီဂူး ကလပ်တွေဟာ ပွဲစဉ် 2 ပွဲ အထိ ယှဉ်ပြိုင် ကစားကြပြီးပြီ ဖြစ်ပေမယ့် ၊ ပီအက်စ်ဂျီ ကတော့ နှစ်ပွဲ စလုံးကို ရွှေ့ဆိုင်းထားရပါတယ်။ ရာသီအဖွင့်ပွဲစဉ် ဖြစ်တဲ့ မက်ဇ် နဲ့ ပွဲဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရတာကြောင့် နောက်ဆုတ်လိုက်ရတာ ဖြစ်ပြီး ၊ သြဂုတ်လ 29 ရက်နေ့မှာ ကစားမယ့် လန်းစ်နဲ့ ပွဲစဉ်ကိုတော့ ပြင်ဆစ် ဘောလုံးအဖွဲ့ချုပ်က စက်တင်ဘာလ 10 ရက် မှာ ပြောင်းရွှေ့ ကစားဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ။

လောလောဆယ် ဗိုင်းရပ် ကူးစက်ခံရတဲ့ အရေအတွက်ဟာ 6 ဦး အထိ ဖြစ်နေတာကြောင့် ပီအက်စ်ဂျီ အနေနဲ့ အသင်းရဲ့ ပွဲစဉ်တွေ ပြန်လည် စတင်နိုင်ဖို့ က ကြန့်ကြာနေဦးမှာ ဖြစ်ပါတယ်။ ဒါဟာ သူတို့ အတွက် ထိုးနှက်ချက်ကြီး ဖြစ်ပြီး ၊ ပြန်လည် ကစားခွင့် ရရင်တောင် ပွဲစဉ်တွေ ဆက်တိုက် ကစားပေးသွားရဖွယ် ရှိနေပါတယ်။

လက်ရှိ အချိန်မှာတော့ လီဂူးပွဲစဉ် 1 ပွဲ မှ ကစားရခြင်း မရှိသေးပေမယ့် ၊ ရမှတ် 0 နဲ့ အတူ အဆင့် 14 နေရာမှာ ရပ်တည်လျှက် ရှိနေပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ က ပြင်သစ် ပြည်တွင်းဖလား 4 လုံး စလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ အထိ အောင်မြင်မှု ရရှိခဲ့တာပါ။

ဗိုင်းရပ် ကူးစက်ခံထားရတဲ့ ကစားသမားတွေ အားလုံးလဲ အမြန်ဆုံး သက်သာ ပျောက်ကင်းပါစေဗျာ….

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular