ဗာနာ ကို လီဗာပူး ၊ မန်စီးတီး တို့ထက် လက်ဦးမှု ရယူကာ ဘယ်လို ခေါ်ယူခဲ့ရလဲ ဆိုတာ ပြန်ပြောင်း ပြောပြလာတဲ့

ချဲလ်ဆီး အသင်း ဟာ ၎င်းတို့ရဲ့ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှု အဖြစ် ပြီးခဲ့တဲ့ ဇွန်လ အတွင်းကပဲ လစ်ပ်ဇစ် အသင်း ရဲ့ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ကို ယူရိုသန်း ၅၀ ၊ တပတ် လုပ်ခ ပေါင် ၁၇၀၀၀၀ နဲ့ ၅နှစ် စာချုပ်ချုပ်ဆိုကာ ခေါ်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဗာနာ ဟာ ချဲလ်ဆီး သို့ တရားဝင် ပြောင်းရွှေ့ဖို့ မဖြစ်လာသေးခင် အချိန် အထိ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူး အသင်း သို့ ရောက်ရှိဖို့ အတော်လေး သတင်း ထွက်ပေါ်ခဲ့ပါတယ် ။ ဒါ့အပြင် မန်စီးတီး အသင်း နဲ့လည်း သတင်း အစအန တချို့ ထွက်ပေါ်ခဲ့ပါသေးတယ် ။

myan789

လီဗာပူး ဖက်က ဗာနာ ခေါ်ယူဖို့ အရင်ဆုံး ကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့် ၊ ပွဲထွက်ခွင့် အတွက် အာမခံချက် မပေးနိုင်ခြင်း ၊ လစ်ပ်ဇစ် အသင်း ဖက်က တောင်းဆိုတဲ့ စာချုပ် ဖျက်သိမ်းခ ကို အတိအကျ မပေးချေလိုခြင်း အစရှိတဲ့ အချက်တွေကြောင့် အပြောင်းအရွှေ့ ညှိနှိုင်းမှု ပျက်ပြယ်ခဲ့ရပါတယ် ။

ဒီ အချိန်မှာ ချဲလ်ဆီး အသင်း ဟာ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် နဲ့ နည်းစနစ် ဒါရိုက်တာ ဖြစ်သူ ပီတာချက် တို့ရဲ့ အလျင်အမြန် စည်းရုံးမှုတွေ အပြင် ၊ ဗာနာ ကိုယ်တိုင် ကလည်း ချဲလ်ဆီး အသင်း ရဲ့ အနာဂတ် အစီအစဉ် ၊ ကစားခွင့် ပုံမှန် ရမယ့် အခြေအနေ တို့ အပေါ် အတော်လေး သဘောကျခဲ့တာကြောင့် လန်ဒန် သို့ ဗာနာ တယောက် ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ် ။

ဗာနာ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၂၈ ဂိုး အထိ သွင်းယူကာ ၊ Prolific Goalscorer ဖြစ်ကြောင်း နဲ့ ချဲလ်ဆီး အသင်း ရဲ့ လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ကြောင်း သက်သေပြထားပြီး ဖြစ်ပါတယ် ။

ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကတော့ ဗာနာ ကို လီဗာပူး ၊ မန်စီးတီး တို့ထက် လက်ဦးမှု ရယူခဲ့ပုံ နဲ့ ပတ်သက်ပြီး ” ကစားသမားသစ် တယောက် အတွက် လီဗာပူး ၊ မန်စီးတီး တို့လို အသင်းတွေနဲ့ ယှဉ်ပြိုင် ခေါ်ယူရတဲ့ နေရာမှာ ခင်ဗျား ဟာ အဲ့ဒီ ကစားသမား ကို ခင်ဗျား ဖက်က ကမ်းလှမ်းပေးတဲ့ အကောင်းဆုံး ပုံစံ ကို တင်ဆက်ပေးရပါတယ် ။ ”

” ကစားသမားသစ်တွေကို ခေါ်ယူရာမှာ ကျွန်တော် ဟာ ကလပ် အသင်း အတွက် ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် တွေကို ကြိုးစား ထုတ်ပြရပါတယ် ။ ပီတာ ဆိုရင်လည်း ကျွန်တော်နဲ့ တူတူပါပဲ ။ တီမို လို ကစားသမားမျိုး ကို ခေါ်ယူဖို့ ကျွန်တော်တို့ သေချာပေါက် စိတ်ဝင်စားခဲ့တာပါ ။ ”

” သူ ကိုယ်တိုင်ကလည်း ကျွန်တော်တို့ သူ့ကို ဘယ်လောက် အထိ လိုအပ်သလဲ ဆိုတာ နားလည်ဖို့ လိုပါတယ် ။ ကျွန်တော် နဲ့ စကားပြော ဆွေးနွေးရာမှာ သူ ပြောခဲ့တဲ့ အကြောင်းအရာ မှန်သမျှ ကို အလွန်ပဲ သဘောကျခဲ့ပါတယ် ။ တခြား ခေါ်ယူနိုင်ခဲ့တဲ့ ကစားသမားသစ် တွေလည်း အတူတူပါပဲ ။ ”

” မန်နေဂျာ – ကစားသမား အပြန်အလှန် ဆွေးနွေးမှု ဟာ အသင်း အတွင်း ကောင်းမွန်တဲ့ ဆက်ဆံရေး တခု ကို တည်ဆောက်ဖို့ အတွက် အရမ်းပဲ အရေးပါလှပါတယ် ။ ခင်ဗျား လုပ်ပေးနိုင်တဲ့ တခုတည်းသော အရာ က ကလပ် အတွက် ကိုယ့်ရဲ့ အကောင်းဆုံး ပုံစံနဲ့ ပေးဆပ်ဖို့ပါ ။ ”

” ကျွန်တော် တို့ဟာ ဒီလို ထိပ်တန်း အဆင့် ကစားသမားမျိုးတွေကို ခေါ်ယူနိုင်ခဲ့လို့ ပျော်ရွှင်နိုင်ကြပါပြီ ။ ဒါဟာ ကျွန်တော်တို့ ရှေ့ဆက် ဘယ်လို အလုပ်လုပ်မလဲ ဆိုတာ ပြသနိုင်ခဲ့တာပါ ။ အခုတော့ ကျွန်တော်တို့ဟာ အဆင့် ၂ ကို တက်လှမ်းနေပါတယ် ။ ဒီ ကစားသမားသစ်တွေ အထိုင်ကျဖို့ ၊ သူတို့ရဲ့ အကောင်းဆုံး အရည်အသွေးတွေကို ထုတ်ယူနိုင်ဖို့ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular