ဖာမီနိုကို ချန်လှပ်ကာ ဂျိုတာကို ပွဲထွက်စေခဲ့တဲ့ အကြောင်းရင်း နဲ့ ခံစစ်မှာ ​ခြေစွမ်းပြခဲ့တဲ့ ရီးစ်ဝီလီယံရဲ့ စွမ်းဆောင်ရည်အပေါ် ကလော့ရဲ့ သုံးသပ်ချက်

မန်နေဂျာ ယာဂန်ကလော့ဟာ မနေ့ညက အတ္တလန်တာကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ လီဗာပူးရဲ့ ခြေစွမ်း အပေါ် ဝမ်း​မြောက်လျက် ရှိနေပြီး အန်ဖီးကလပ်ဟာ လက်ရှိမှာတော့ အုပ်စု D မှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ ၅ မှတ်အသာနဲ့ ဦးဆောင် နေပါတယ်။ လီဗာပူးဟာ ဒီပွဲစဥ်မှာ ပွဲအစ ကနေ အဆုံးထိ အကောင်းဆုံး ကစားပုံကို ပြသခဲ့ပြီး ဒီယေဂိုဂျိုတာဟာ ဟက်ထရစ် သွင်းယူကာ အထူး ခြေစွမ်းပြ ကစားခဲ့သလို ကျန်နှစ်ဂိုးကို မိုဟာမက်ဆာလား နဲ့ ဆာဒီယိုမာနေး တို့က သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ်မှာ ၃ ပွဲဆက် ပေးဂိုးမရှိ ကစားကာ အနိုင်ရရှိခဲ့သလို ဒါဟာ အန်ဖီးကလပ် အတွက် ၅ ပွဲဆက် နိုင်ပွဲ ဖြစ်ပါတယ်။ ယာဂန်ကလော့ ကတော့ တိုက်စစ်ကစားပုံ အရမ်းကောင်းတဲ့ အတ္တလန်တာကို ဂိုးမပေးရအောင် ကစားကာ clean sheet ရယူခဲ့တဲ့ လီဗာပူးရဲ့ ခံစစ် ကစားပုံ အပြင် အဆုံးသတ် တိကျသေချာတဲ့ တိုက်စစ်ပိုင်း ကိုလည်း ကျေနပ် အားရနေပါတယ်။

myan789

ပထမဦးစွာ အသင်းရဲ့ ခြေစွမ်းအပေါ် ယာဂန်ကလော့က ”ဒီပွဲမတိုင်မီ နဲ့ ပွဲအစမီ အတ္တလန်တာနဲ့ ပက်သက်ပြီး ကျွန်တော် ပြောခဲ့တဲ့ အရာတွေ အားလုံးဟာ မှန်ကန်မှု ရှိပါတယ်။ သူတို့ဟာ ကစားပုံ အရမ်းကောင်းပြီး အသင်းတိုင်းကို ပြသနာတွေ ပေးနိုင်ပါတယ်။ ဒီပွဲကြောင့် ဒီရလဒ်ကြောင့် ဒါဟာ ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ကောင်းပါတယ်။ ဒါကို သိပါတယ်။ ကျွန်တော်တို့ ဒီအတွက် ကောင်းကောင်း ကစားရမှာ ဖြစ်သလို အစွမ်းကုန် ကစားမှ ရမယ့် အနေအထားပါ။

ဒါကို ကျွန်တော်တို့ ဒီညမှာ လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အတ္တလန်တာရဲ့ တိုက်စစ်ကို အမြင့်ဆုံး level နဲ့ ကာကွယ် ခဲ့သလို ကိုယ်ကိုယ်တိုင်လည်း အကောင်းဆုံး ကစားကာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ငါးဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။ နောက်ထပ် ၂ ဂိုး ၃ ဂိုး ထပ်ရနိုင်တဲ့ အခြေအနေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အလီ ကလည်း ကမ္ဘာ့အဆင့် ကာကွယ်မှု ၃ ကြိမ်လောက် လုပ်ခဲ့ရပါတယ်။ သူတို့ ကောင်းတဲ့ အရာတွေကို ခွင့်ပြုခဲ့မယ်ဆိုရင် သူတို့ရဲ့ ခြိမ်းခြောက်မှု ဘယ်လောက် ကြီးသလဲဆိုတာ ခင်ဗျားတို့ တွေ့ခဲ့ရမှာပါ။ အသင်းရဲ့ overall ခြေစွမ်းက တအားကို ကောင်းပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ နိုင်ခဲ့တာပါ။ ရလဒ်က အရေးမပါပါဘူး။ ကျွန်တော်တို့ နိုင်ပဲ နိုင်ချင်ခဲ့တာပါ။”

ဒီယေဂိုဂျိုတာရဲ့ လက်ရှိခြေစွမ်းဟာ တိုက်စစ်ပိုင်း အတွက် ရွေးချယ်ရာမှာ ခေါင်းခဲစေနိုင်သလား?

”အားလုံး ကောင်းပါတယ်။ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေဟာ ကျွန်တော့်ကို ဘယ်တုန်းကမှ ခေါင်းမခဲစေပါဘူး။ ဒီညအတွက် ဒီလို ဆုံးဖြတ်ချက် ချခဲ့တာဟာ ဒီပွဲနဲ့ ကိုက်ညီမှု ရှိလို့ ဖြစ်ပါတယ်။ ပထမဦးစွာ ဒီယေဂိုရဲ့ ပုံစံကောင်းကို အသုံးချချင် ခဲ့တာပါ။ အတ္တလန်တာရဲ့ ကစားဟန် ၊ ခံစစ် ကစားဟန်တွေကြောင့် ဒီယေဂိုရဲ့ skill ဟာ ကျွန်တော်တို့ အတွက် အကူအညီ ဖြစ်နိုင်တယ်လို့ ယူဆခဲ့လို့ပါ။

ဒါပေမယ့် တစ်ခါတစ်ရံ ကမ္ဘာ့ကြီးဟာ အရမ်းကို ဆိုးတဲ့ နေရာ ဖြစ်ပါတယ်။ ကစားသမား တစ်ဦးက ဒီအချိန်မှာ တောက်ပနေတဲ့ အခါ ကျွန်တော်တို့ အတွက် ပွဲ ၅၀၀ လောက် ဆက်တိုက် ကစားထားတဲ့ သူအကြောင်း ပြောစရာ ဖြစ်သွားပါတယ်။ အကယ်၌ ဘော်ဘီဖာမီနိုသာ အသင်းမှာ မရှိရင် ကျွန်တော်တို့ ချန်ပီယံလိဂ် ဝင်ခွင့်တောင် ရနိုင်မှာ မဟုတ်ပါဘူး။ အခုတော့ သူမပါတဲ့ အကြောင်းကို ကျွန်တော် ချက်ချင်းဆိုသလို ရှင်းပြ နေရပါတယ်။

သူဟာ အသင်းအတွက် အကောင်းဆုံး လုပ်ပေးထားသူပါ။ အသင်းရဲ့ စပယ်ရှယ် နေ့ရက် တစ်ချို့ကိုလည်း ဖန်တီး ပေးထားသူ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ကစားသမား ၁၁ ယောက်ထက် ပိုမို လိုအပ်ပါတယ်။ ဒီညမှာ ဒီယေဂိုဟာ သူ့ရဲ့ ပုံစံကောင်းကို အကောင်းဆုံး အသုံးချ သွားခဲ့ပြီး စူပါ ကစားပုံကို ပြသခဲ့ပါတယ်။ ဒါဟာ ဘော်ဘီနဲ့ ဘာမှ မသက်ဆိုင်သလို ကျွန်တော့်အတွက် ခေါင်းကိုင်စရာလည်း မရှိပါဘူး။ ကောင်လေးတွေ ဒီညမှာ ကစားသွားခဲ့တဲ့ ပုံစံကိုသာ ကျွန်တော် အရမ်း ပျော်ရွှင် နေတာပါ။” လို့ လီဗာပူး နည်းပြက တုန့်ပြန်လိုက်ပါတယ်။

ဗဟိုခံစစ်မှာ ခြေစွမ်းပြ ကစားသွားခဲ့တဲ့ လူငယ်ကစာသမားလေး ရီးစ်ဝီလီယံရဲ့ ခြေစွမ်းအပေါ် ကလော့က ”ရီးစ်ဟာ ပြောင်မြောက်စွာ ကစား သွားခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့ ဒုတိယမြောက် ပရော်ဖက်ရှင်နယ် ပွဲထွက်ခွင့်မှာ ဇာပါတာ မူရီရယ် တို့လို ကစားသမားတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။ ဒါဟာ အရမ်းကို ကောင်းပါတယ်။ ကျွန်တော်သာ ဆိုရင် အတော့်ကို ကတုန်ကယင် ဖြစ်နေမှာပါ။ ဒီကောင်လေးကတော့ ဒီလို မဟုတ်ပါဘူး။ ဒါဟာ များစွာ အကူအညီ ဖြစ်ခဲ့ပါတယ်။ အဓိကက အသင်းရဲ့ ခံစစ် ကစားပုံ ဖြစ်ပြီး ဒီညမှာ လုံးဝကို ကောင်းခဲ့ပါတယ်။

ကျွန်တော်တို့ နောက်တန်းကို ပြိုင်ဘက်နဲ့ တစ်ဦးချင်း ရင်ဆိုင်ရတဲ့ အခြေအနေတွေကို ဒီညမှာ တက်နိုင်သမျှ ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တန်းမှာ ဗာဂျယ် မရှိတာကြောင့် ဒီတာဝန်ကို အားလုံး မျှယူခဲ့ပါတယ်။ ပခုံးတစ်ခု နေရာမှာ ပခုံးဆယ်ခု ထမ်းထားတဲ့ အခါ ဒါဟာ အလုပ် ဖြစ်နိုင်ပါတယ်။ ဒီညမှာ အားလုံးရဲ့ ထောက်ပံ့မှုနဲ့အတူ ခံစစ်ကြောင်းရဲ့ လုပ်ဆောင်ပုံတွေ တအားကောင်းခဲ့ပါတယ်။ စီနီယာ ကစားသမားတွေက အတူတကွ တာဝန်ယူ ပေးခဲ့အပေါ် ကျွန်တော် ပျော်ရွှင်မိပါတယ်။ အဝတ်လဲခန်းထဲမှာ ရီးစ်ဟာ တအားကို ပျော်ရွှင် နေပါတယ်။ ဒါဟာ မြင်ရတာ အရမ်းကောင်းပါတယ်”

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular