ဖလား 3 လုံး ရယူပြသွားတဲ့ ဟန်ဆီ ဖလစ် ၊ 100% နိုင်ပွဲ နဲ့ ချန်ပီယံလိဂ် ဖလား သိမ်းပိုက် သွားတဲ့ ဘိုင်ယန်

ဟန်ဆီ ဖလစ် ဆိုတဲ့ နာမည် ကို ကျနော်တို့ သိပ်ပြီး ရင်းနှီးမှု မရှိခဲ့ကြပါဘူး။ သို့သော် လက်ရှိမှာတော့ ဘိုင်ယန် မြူးနစ် အတွက် တစ်ရာသီ အတွင်း သမိုင်းဝင် ဖလား 3 လုံးကို သိမ်းပိုက် ပြသွားနိုင်တဲ့ နည်းပြ တစ်ယောက် အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

ဖလစ် ဟာ 2000 ခုနှစ် ဝန်းကျင် က ဟော့ဖန်ဟိန်း အသင်းရဲ့ နည်းပြ အဖြစ် 5 နှစ်ခန့် လုပ်ကိုင်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာတော့ သြစတီးယား ကလပ် ဆဲလ်ဘု အသင်းရဲ့ လက်ထောက်နည်းပြ ၊ ဂျာမဏီ လက်ရွေးစင် အသင်းရဲ့ လက်ထောက်နည်းပြ အဖြစ် ဆက်လက် တာဝန်ယူခဲ့သလို ၊ ဟော့ဖန်ဟိန်း အသင်းဆီ ကို ပြန်လည် ရောက်ရှိလာပြီး အားကစား ဒါရိုက္ တာ အဖြစ် လုပ်ကိုင်ခဲ့ပြန်ပါတယ်။

myan789

ဒီရာသီ အစောပိုင်းမှာတော့ သူဟာ ဘိုင်ယန် မြူးနစ် အသင်းဆီကို လက်ထောက် နည်းပြ အဖြစ် နဲ့ ရောက်ရှိလာခဲ့ပါတယ် ။ နည်းပြ ကိုဗက် နဲ့ ဘိုင်ယန် မြူးနစ် တို့အကြား နှစ်ဖက် သဘောတူညီမှု ရယူကာ လမ်းခွဲလိုက်ချိန်မှာတော့ ၊ သူဟာ ယာယီ နည်းပြ ရာထူးကို ရယူရင်း နဲ့ ဘိုင်ယန် မြူးနစ် ကစားသမား စာရင်း နဲ့ အလိုက်ဖက်ဆုံး ကစားကွက်ကို တည်ဆောက်ကာ ၊ သမိုင်းဝင် ဖလား သုံးလုံးကို ရယူပြသွားခဲ့တာပါ။

သူဟာ 2020 အတွင်း ကစားခဲ့တဲ့ ပြိုင်ပွဲပေါင်းစုံ မှာ ရှုံးပွဲ မရှိ မှတ်တမ်းနဲ့ ရှေ့ဆက်နိုင်ခဲ့တဲ့ အပြင် ဘွန်ဒက်လီဂါ ဖလား ၊ ပိုကယ် ဖလား နဲ့ ချန်ပီယံလိဂ် ဖလားတွေ ကိုပါ သိမ်းပိုက် ပြသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မနေ့ည က ကစားသွားခဲ့တဲ့ PSG နဲ့ ပွဲမှာ ဆိုရင် သူဟာ ပုံမှန် ပွဲထွက်နေကြ ကစားသမား ဖြစ်တဲ့ ပါရီဆစ် ကို အရံထိုင်ခုံမှာ ထားခဲ့ကာ ၊ ကင်စလေ ကိုမန် ကို အသုံးပြုလာခဲ့လို့ တော်တော်လေး အံ့အားသင့်ခဲ့ကြရပါတယ်။ ပါရီဆစ် ဟာ အယ်ဖွန်ဆို ဒေးဗီးလ် အတွက် ခံစစ်ကိုတောင် ဆင်းကူနိုင်သူ ဖြစ်ပြီး ၊ ကိုမန် ကတော့ တိုက်စစ်ကို ပိုပြီး အားသန်တဲ့သူပါ။

ဟန်ဆီ ဖလစ် ကတော့ တောင်ပံတိုးအားတွေ ကနေ ပီအက်စ်ဂျီ ကို ဖိအားပေးဖို့ ရဲရဲကြီး ဆုံးဖြတ်ချက် ချသွားခဲ့တာ အရမ်းကို မှန်ကန်လွန်းတယ်လို့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုလဲ ကိုမန် ကပဲ အနီးကပ် ခေါင်းတိုက်ကာ သွင်းယူပေးသွားခဲ့တာပါ။

ပီအက်စ်ဂျီ ဟာ တန်ပြန် တိုက်စစ်တွေ ကနေ ဂိုးရဖို့ ပြင်ဆင်ခဲ့ပေမယ့် ၊ နူအာ စောင့်နေတဲ့ ဂိုးပေါက်ကိုတော့ ကျော်လွှားနိုင်ခြင်း မရှိခဲ့သလို ၊ ကွင်းလယ် ကစားကွက်မှာလဲ သီယာဂို အယ်ကန်တရာ ရဲ့ ခြယ်လှယ်မှုတွေ အောက်မှာပဲ မှေးမှိန်သွားခဲ့ရပါတယ်။

ဒီပွဲမှာ တိုက်စစ် ကစားပုံကို ရဲရဲ ဝံံ့ဝံ့ ပုံဖော်သွားတဲ့ နည်းပြ ဟန်ဆီ ဖလစ်ရဲ့ ပြတ်သားတဲ့ ဗျူဟာ နဲ့ ဆုံးဖြတ်ချက်ကိုတော့ ချီးကျူးရမှာပါ။

အထူးခြားဆုံး ကတော့ ချန်ပီယံလိဂ် သမိုင်းကြောင်း တစ်လျှောက်မှာ ဘိုင်ယန် မြူးနစ် ဟာ ရှုံးပွဲ လုံး၀ မရှိပဲ 100% နိုင်ပွဲ ရလာဒ် နဲ့ ဗိုလ်စွဲ သွားခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ အုပ်စု အဆင့်ကနေ ဗိုလ်လုပွဲ အထိ စုစုပေါင်း 11 ပွဲ ကစားကာ 11 ပွဲ စလုံးကို အနိုင် ကစားပြသွားခဲ့တာပါ။

ဒါ့အပြင် စပါး အသင်းဘက်ကို 10 ဂိုး ၊ ရက်စတား ဘဲလ်ဂရိတ် အသင်းဘက်ကို 9 ဂိုး ၊ ချဲဆီး အသင်းဘက်ကို 7 ဂိုး နဲ့ ဘာစီလိုနာ အသင်းဘက်ကို 8 ဂိုး အထိ သွင်းယူပြခဲ့ကာ ၊ သူတို့ရဲ့ တစ်ပွဲ ပျမ်းမျှသွင်းဂိုးက 4 ဂိုး ဝန်းကျင် အထိတောင် ရှိခဲ့ပါတယ်။

တိုက်စစ်မှုး လီဝန်ဒေါ့စကီး ကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလဲ သွင်းဂိုး အများဆုံး ဖြစ်ခဲ့လို့ ၊ ဘွန်ဒက်လီဂါ အကောင်းဆုံး ကစားသမားဆု ၊ ဘွန်ဒက်လီဂါ ရွှေဖိနပ်ဆုတွေ အပြင် ၊ ချန်ပီယံလိဂ် ရွှေဖိနပ်ဆု ကိုပါ သိမ်းပိုက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဘိုင်ယန် မြူးနစ်ဟာ လီဗာပူး ရဲ့ ဥရောပ ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကို လွှဲပြောင်းရယူလိုက်တဲ့ အပြင် ၊ ချန်ပီယံလိဂ် သမိုင်းမှာလဲ စုစုပေါင်း 6 ကြိမ် နဲ့ တတိယ အအောင်မြင်ဆုံး ကလပ် အဖြစ် လီဗာပူး နဲ့ ပူးတွဲ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular