ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်မယ်လို့ ကြုံးဝါးလိုက်တဲ့ ယူနိုက်တက် ကြယ်ပွင့် ဒန်နီယယ် ဂျိမ်းစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ညာ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဒန်နီယယ် ဂျိမ်းစ် က ဥရောပ နေးရှင်းလိဂ် ပြိုင်ပွဲမှာ ဝေးလ် လက်ရွေးစင် အသင်းကို နောက်တစ်ဆင့် တက်ရောက် နိုင်အောင် ကူညီပေးနိုင် ခဲ့တဲ့နောက် ယူနိုက်တက်မှာ ပွဲထွက်ခွင့် ရအောင် တိုက်ပွဲဝင်မယ်လို့ ကြုံးဝါး သွားခဲ့လိုက် ပါတယ် ။

ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ 2019 နွေ အပြောင်းအရွှေ့ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပေါင် 15 သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သူဖြစ်ပြီး ရောက်ရောက်ချင်းမှာပဲ ပုံစံကောင်းတွေကို ပြသ နိုင်ခဲ့တဲ့ အတွက် ပြိုင်ပွဲစုံမှာ 46 ပွဲ အထိ ကစားခွင့် ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။

myan789

ဒါပေမယ့် လက်ရှိ ရာသီမှာတော့ ပုံစံကောင်း မပြသ နိုင်ခဲ့တဲ့ အတွက် ပွဲထွက်ခွင့် နည်းပါးခဲ့ရပါတယ် ။ အခုတော့ ဝေးလ် လက်ရွေးစင် အသင်း အတွက် ပုံစံကောင်း ပြသ နိုင်ခဲ့တဲ့နောက် ဂျိမ်းစ် က ယူနိုက်တက်ဟာ သူ့ရဲ့ အသင်း ဖြစ်ကြောင်း ၊ ပွဲထွက်ခွင့် ရဖို့ တိုက်ပွဲဝင်မယ် ဆိုတဲ့ အကြောင်း ပြောခဲ့လိုက် ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက်ဟာ ကျွန်တော့်ရဲ့ အသင်းပါ ။ ကျွန်တော် ဒီမှာ ရှိနေတာကို မြတ်နိုးမိ ပါတယ် ။ ကျွန်တော် ကစားခွင့် ရသည် ဖြစ်စေ ၊ မရသည် ဖြစ်စေ ၊ ဒီမှာ ရှိနေရတာ ကို ကျွန်တော် ဂုဏ်ယူမိ ပါတယ် ။ ကျွန်တော် ယူနိုက်တက် အတွက် ကစားရတာ ဂုဏ်ယူ သလောက် ဝေးလ် အတွက် ကစားရတာလဲ ဂုဏ်ယူမိ ပါတယ် ”

” ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ကျွန်တော် အများကြီး ကစားခဲ့ဲ ရတဲ့ အခိုက်အတန့် အချို့ကို ပိုင်ဆိုင် ခဲ့ရ ပါတယ် ။ ဒီနှစ်တော့ သိပ်ပြီး မကစားရဘူးပေါ့ဗျာ ။ ဒါပေမယ့် ပွဲထွက်ခွင့် ရရှိဖို့ ကျွန်တော် အမြဲတမ်း ကြိုးစား အားထုတ် နေခဲ့ ပါတယ် ။ ကျွန်တော့် ရဲ့ အသင်း အပေါ် ထားတဲ့ စိတ်ဓါတ် ၊ ပွဲထွက်ခွင့် အတွက် တိုက်ပွဲ ဝင်လိုစိတ် ကတော့ ပြောင်းလဲ သွားမှာ မဟုတ် ပါဘူး ” လို့ ပြောရင်း ဝေးလ် အတွက် ဂိုးသွင်း ၊ ဖန်တီး နိုင်ခဲ့တဲ့ အပေါ် …

” လက်ရှိ အချိန်မှာ ကျွန်တော့်ရဲ့ ခံစားချက်တွေ ကောင်းမွန် နေခဲ့ ပါတယ် ။ ကျွန်တော် ကစားခွင့် ရရှိတဲ့ အခါတိုင်း အသင်း အတွက် အစွမ်းကုန် ပေးဆပ် ကစားခဲ့သူပါ ။ ကျွန်တော်ဟာ စွမ်းနိုင် သမျှ ပေးဆပ် ကစားဖို့ အတွက်ပဲ တွေးပါတယ် ။ အခုလို ဂိုးသွင်း ၊ ဂိုး ဖန်တီး နိုင်ခဲ့တဲ့ အတွက် ကျွန်တော် ဝမ်းမြောက် ပျော်ရွှင်မိ ပါတယ် ”

” ကျွန်တော်တို့ တွေဟာ ခက်ခဲတဲ့ ပွဲစဉ် တွေကို ကြုံတွေ့ ရမယ် ဆိုတဲ့ အသိစိတ်နဲ့ အသင်းဆီ ပူးပေါင်းခဲ့ ကြတာပါ ။ ဒါပေမယ့် ကျွန်တော်တို့ ကောင်းကောင်း ခုခံ ကစား နိုင်ခဲ့ ကြပြီး ပြိုင်ဖက် အသင်း အတွက် အခက်အခဲ ၊ ပြသနာ တွေကို ဖန်တီးပေး သွားနိုင် ခဲ့ကြ ပါတယ် ”

” လက်ရွေးစင် အသင်းရဲ့ အစိတ်အပိုင်း ဖြစ်ရတာက ဂုဏ်ယူစရာ ပါပဲ ။ ယူရို အတွက် ခြေစစ်ပွဲ အောင်တာနဲ့ ကျွန်တော်တို့ ဆက်ပြီး ရှေ့ဆက် နိုင်ဖို့ ကြိုးစားသွားကြမှာပါ ။ ကျွန်တော် တို့ဟာ ဥရောပမှာ ရှိတဲ့ အကောင်းဆုံး အသင်း တွေနဲ့ ယှဉ်ပြိုင် ကစားသွား ကြမှာပါ ။ ကျွန်တော်တို့ Group A ထဲ ရောက်ချင်သူတွေပါပဲ ”
” ကျွန်တော်တို့ တွေဟာ ကောင်းမွန်တဲ့ ကစားသမား အစုအဖွဲ့ တစ်ခုကို ပိုင်ဆိုင် ထားကြ ပါတယ် ။ ဒါကို ခင်ဗျားတို့ ကွင်းထဲ မြင်တွေ့ ကြမှာပါ ။ ကျွန်တော်တို့ ကမ္ဘာ့ ဖလား ပြိုင်ပွဲ မှာလည်း ခြေစစ်ပွဲ မကစားရပဲ တိုက်ရိုက် အုပ်စု ဝင်ခွင့် ရရှိ နိုင်ဖို့ အတွက် ဆက်လက် ကြိုးပမ်း ကြဦးမှာပါ ” လို့ ဂျိမ်းစ် က ပြောကြား သွားခဲ့လိုက် ပါတယ်

” ကျွန်တော်တို့ တွေဟာ ကောင်းမွန်တဲ့ ကစားသမား အစုအဖွဲ့ တစ်ခုကို ပိုင်ဆိုင် ထားကြ ပါတယ် ။ ဒါကို ခင်ဗျားတို့ ကွင်းထဲ မြင်တွေ့ ကြမှာပါ ။ ကျွန်တော်တို့ ကမ္ဘာ့ ဖလား ပြိုင်ပွဲ မှာလည်း ခြေစစ်ပွဲ မကစားရပဲ တိုက်ရိုက် အုပ်စု ဝင်ခွင့် ရရှိ နိုင်ဖို့ အတွက် ဆက်လက် ကြိုးပမ်း ကြဦးမှာပါ ” လို့ ဂျိမ်းစ် က ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular