ပြီးခဲ့တဲ့ရာသီကနဲ့နှိုင်းယှဉ်ရင် ဒီရာသီ ဗီလာပက်မှာ လီဗာပူးရဲ့ အားသာချက် တစ်ခုနဲ့ ချန်ပီယံလိဂ် မဲခွဲမှု အပေါ် သုံးသပ်လိုက်တဲ့ ဝိုင်နယ်ဒန်

လီဗာပူး အသင်းဟာ ယနေ့ညမှာတော့ ဗီလာပက်မှာ ပုံစံကောင်း ပြနေတဲ့ အက်စတွန်ဗီလာကို သွားရောက် ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၃ ပွဲကစား ၃ ပွဲစလုံး အနိုင်ရရှိ ထားခဲ့သလို ဗီလာ ကလည်း ၂ ပွဲ ကစား ၂ ပွဲစလုံး နိုင်ထားပြီး ပေးဂိုးကလည်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဗီလာပက်မှာ ကစားခဲ့တဲ့ ပွဲစဉ်ဟာ လီဗာပူးတို့ နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး အမှတ်ပေးဖလား ဆွတ်ခူး နိုင်ခဲ့ရာမှာ အဓိက ကျခဲ့တဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ လီဗာပူးဟာ ပွဲပြီးဖို့ ၄ မိနစ် အလိုထိ ဒင်းစမစ်ရဲ့ အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်နေခဲ့ပေမယ့် ရောဘတ်ဆန်ဟာ လီဗာပူး အတွက် ချေပဂိုး ပြန်လည် ရယူ ပေးခဲ့ပါတယ်။

myan789

အဲဒီနောက် နာကျင်အချိန်ပိုမှာ မာနေးဟာ ထောင့်ကန်ဘော ကနေ တဆင့် ခေါင်းတိုက် သွင်းယူ ပေးခဲ့ပြီး လီဗာပူးကို ၃ မှတ် ရရှိစေခဲ့ကာ မန်စီးတီးနဲ့ ရမှတ် ကွာဟမှုကို ထပ်မံ မြှင့်တင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝို်င်နယ်ဒန်က “ပြီးခဲ့တဲ့ ရာသီက တကယ့်ကို ခက်ခဲ ရှုပ်ထွေး ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ပွဲပြီးခါနီးထိ ၁-၀ နဲ့ အရေးနိမ့် နေခဲ့တာ ဖြစ်ပြီး ရောဘတ်ဆန်က ခေါင်းတိုက်ဂိုး သွင်းယူ ခဲ့တာကြောင့် ၁-၁ နဲ့ ပွဲကို ပြန်လာ နိုင်ခဲ့တာပါ။

အဲဒီနောက် နာကျင် အချိန်ပို နောက်ဆုံး ငါးမိနစ်မှာ ဆာဒီယိုက ခေါင်းတိုက်ဂိုး သွင်းယူခဲ့တာကြောင့် ကျွန်တော်တို့ အနိုင် ရရှိ ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပွဲ အကြောင်းကို လူတွေ မှတ်မိ နေကြအုံးမယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီမှာ နိုင်ပွဲ ရဖို့ဟာ ဘယ်လောက် ခက်ခဲသလဲ ဆိုတာ ကျွန်တော်တို့ ကောင်းကောင်း သိပါတယ်။

ပြီးခဲ့တဲ့ ရာသီကနဲ့ ယှဉ်ရင် ဒီနေ့ ပွဲမှာ ကျွန်တော်တို့ အတွက် အနည်းငယ် အားသာချက် ဖြစ်သွားနိုင်တာ ကတော့ ပရိတ်သတ်တွေ မရှိတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗီလာဟာ အနိုင်ယူရတာ အရမ်း ခက်ခဲတဲ့ အသင်း ဖြစ်ပါတယ်။ ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာမှာပါ။ ကျွန်တော်တို့ အရမ်းကို ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ကစား သွားရမှာပါ။ ကျွန်တော်တို့ ၁၀၀% အာရုံစိုက် ထားနိုင်ဖို့ နဲ့ ပြီးခဲ့တဲ့ ရာသီ နဲ့ ဒီရာသီမှာ လုပ်ပြ ထားတဲ့ အရာတွေကို လုပ်သွားဖို့ လိုပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကစား သွားဖို့ ကြိုးစား သွားမှာပါ။” လို့ ဆိုသွား ပါတယ်။

ဒီလမှာတော့ ချန်ပီယံလိဂ် ပြိုင်ပွဲ ပြန်လာ ခဲ့ပြီ ဖြစ်ကာ လီဗာပူးဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဂျနီဗာမှာ ပြုလုပ်ခဲ့တဲ့ မဲခွဲပွဲမှာတော့ အုပ်စု D မှာ အိုင်ယက် ၊ အတ္တလန်တာ ၊ မစ်ဂျယ်လန်း တို့နဲ့ တစ်အုပ်စုတည်း ကျရောက် နေခဲ့ပါတယ်။ လီဗာပူးဟာ အောက်တိုဘာ ၂၁ ရက်နေ့မှာ အိုင်ယက်ကို အဝေးကွင်းမှာ သွားရောက် ကစားရတဲ့ ပွဲစဉ်နဲ့ ချန်ပီယံလိဂ် ရာသီကို ဖွင့်လှစ် သွားမှာ ဖြစ်ပြီး ဖီယင်နော့ နဲ့ ပီအက်ဗီ ကစားသမားဟောင်း ဖြစ်သူ ဝိုင်နယ်ဒန် ကတော့ သူ့ရဲ့ ပြိုင်ဘက်ဟောင်း အိုင်ယက်နဲ့ ပြန်လည် တွေ့ဆုံရမယ့် အရေးကို ရင်ခုန် နေပါတယ်။

ဝိုင်နယ်ဒန်က “ရင်ခုန်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့် မွေးရပ်မြေ ဟော်လန်က အသင်း တစ်သင်း ဖြစ်နေလို့ပါ။ ပြီးတော့ အဲဒီမှာ ကျွန်တော်နဲ့ သိတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ သူတို့နဲ့ ရင်ဆိုင် ကစားရတာ ကောင်းပါတယ်။ သူတို့ရဲ့ ဘောလုံး ကစားဟန် အရ သူတို့ဟာ လေးစားမှုနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော် ဒီအုပ်စုက အသင်း ၃ သင်း စလုံးကို ပြောတာပါ။

သူတို့ဟာ ကျွန်တော်တို့ရဲ့ လေးစားမှုနဲ့ ထိုက်တန်ပြီး ကျွန်တော်တို့ ဒီပွဲတွေ အတွက် ၁၀၀% ပေးဆပ် ကစားကာ နိုင်ပွဲတွေ ရဖို့ အကောင်းဆုံး ကြိုးစားရင်းနဲ့ သူတို့ကို လေးစားမှု ပြသွားမှာပါ။ ကျွန်တော် ခုနက ပြောခဲ့သလိုပဲ ပြီးခဲ့တဲ့ နှစ်တွေ ၊ လတွေက သူတို့ရဲ့ စွမ်းဆောင်ပြခဲ့မှုတွေ အတွက် ဒါဟာ သူတို့နဲ့ လုံး၀ ထိုက်တန်တဲ့ အရာ ပါပဲ။” လို့ ပြောခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular