ပြစ်ဒဏ်မြောက်ခဲ့ပေမယ့် ဘာကြောင့် VAR က လိုင်ယွန် ရဲ့ ဒုတိယဂိုးကို ခွင့်ပြုခဲ့တာလဲ ?

ပြင်သစ် လီဂူးဝမ်း ကလပ် လိုင်ယွန် ဟာ ယမန်နေ့ ညက ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ် အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ စီးတီး နဲ့ ယှဉ်ပြိုင် ကစားပြီး ၃ – ၁ နဲ့ အနိုင် ရကာ ဆီမီး ဖိုင်နယ် ကို တက်ရောက် သွားခဲ့ ပါတယ် ။ ဒါဟာ မန်စီးတီး ရဲ့ ချန်ပီယံလိဂ် အိပ်မက် ကို ပြီးဆုံး စေခဲ့ပြီး စီးတီး နည်းပြ ဂွာဒီယိုလာ ဟာလည်း ဘာစီလိုနာ ကနေ ထွက်လာပြီး နောက်ပိုင်း ချန်ပီယံလိဂ် ဖလား မရနိုင်မှု ကို ဆက်လက် တည်မြဲ စေခဲ့ ပါတယ် ။

လိုင်ယွန် ဟာ ပထမ ပိုင်း ၂၄ မိနစ် ကတည်းက ကောနက် ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင် ထားနိုင် ခဲ့ ပါတယ် ။ မန်စီးတီး က အခွင့်အရေးတွေ ပိုရခဲ့ ပေမယ့် ရှေ့တန်းလူတွေ ကောင်းစွာ အသုံးမချ နိုင်ခဲ့ ကြပါဘူး ။ မိနစ် 70 မှာတော့ ကီဗင် ဒီဘရိုင်း က မန်စီးတီး အတွက် ချေပဂိုး ပြန်သွင်းပေး ခဲ့ ပါတယ် ။

myan789

စီးတီး က ပွဲကို အသာစီး ရတော့မယ်လို့ ထင်မှတ် ထားချိန် မှာပဲ လိုင်ယွန် တို့ ဦးဆောင်ဂိုး ပြန်ရ သွားခဲ့ ပါတယ် ။ ဒီဂိုး ကိုတော့ 75 မိနစ် မှ လူစားဝင် လာတဲ့ တိုက်စစ်မှုး မူဆာ ဒမ်ဘီလီ က သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး သိပ် မကြာခင် မှာပဲ ဒမ်ဘီလီ က နောက်ထပ် ၁ ဂိုး ထပ်သွင်းကာ ပွဲကို အဆုံးသတ် စေခဲ့ ပါတယ် ။

ပွဲချိန် အတွင်းမှာ အရေးပါတဲ့ အလှည့်အပြောင်း အခိုက်အတန့် တွေ ရှိခဲ့ပြီး ၂-၁ ဖြစ်နေချိန် မှာ မန်စီးတီး တိုက်စစ်မှုး စတာလင် ရဲ့ အပိုင် အခွင့်အရေး လွဲချော်မှု ဟာ လူပြောများတဲ့ ကိစ္စ ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် လိုင်ယွန် အသင်းရဲ့ ဒုတိယမြောက် သွင်းဂိုးကို ခွင့်ပြု လိုက်တာ ဟာလည်း ပွဲအတွက် အရေးပါတဲ့ အပြောင်းအလဲ ဖြစ်စေခဲ့ ပါတယ် ။

လိုင်ယွန် တိုက်စစ်မှုး ဒမ်ဘီလီ ဟာ တန်ပြန် တိုက်စစ် ကနေ ဂိုးသွင်း နိုင်ဖို့ အတွက် စီးတီး ဂိုးရှေ့ ကို ပြေးလာချိန် မှာ အတူယှဉ် ပြေးလာတဲ့ မန်စီးတီး နောက်ခံလူ အိုင်းမရစ် လာပေါ့တ် ရဲ့ ခြေထောက် နဲ့ ညိသွား ခဲ့ ပါတယ် ။ အကျိုးဆက် ကတော့ လာပေါ့တ် လဲကျ ကျန်ရစ်ခဲ့ပြီး ဒမ်ဘီလီ က ဘောလုံး ကို လွတ်လွတ် ကျွတ်ကျွတ် ဆွဲပြေးကာ အီဒါဆင် နဲ့ တစ်ယောက်ချင်း အတွေ့မှာ အပိုင်ကန် သွင်းသွားခဲ့ တာပဲ ဖြစ်ပါတယ် ။

ဒီဂိုးကို စီးတီး ကစား သမားတွေ အပြင်းအထန် စောဒက တက်ခဲ့ကြ ပေမယ့် ကွင်းလယ်ဒိုင် ကတော့ VAR ပြန်ကြည့် အပြီးမှာ ဂိုးအဖြစ် ခွင့်ပြု ခဲ့ ပါတယ် ။ ဒါကြောင့် လိုင်ယွန် က ပွဲကို ၂ – ၁ နဲ့ ဦးဆောင် သွားနိုင် ခဲ့ပြီး စီးတီး ကစား သမားတွေ စိတ်ဓါတ် ကျသွား ခဲ့ရ ပါတယ် ။

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ပီတာ ဝယ်လ်တန် က လိုင်ယွန် ရဲ့ ဒုတိယမြောက် သွင်းဂိုးကို မပယ်ဖျက် ခဲ့မှု အပေါ် အနည်းငယ် အံ့အား သင့်မိ ခဲ့သလို ဘာကြောင့် ပြစ်ဒဏ်ဘော အဖြစ် မသတ်မှတ်ခဲ့သလဲ ဆိုတာ နားမလည်ကြောင်း ဆိုသွားခဲ့ ပါတယ် ။ ဒါပေမယ့် ဘာကြောင့် လူကျွံဘော မဖြစ်ခဲ့တာလည်း ဆိုတာ ကိုတော့ ရှင်းပြ ပြောဆို သွားခဲ့ ပါတယ် ။

“လာပေါ့တ် ကို လဲကျပြီး ဘောလုံးကို ပြန်မဆယ် နိုင်တော့တဲ့ အနေအထား ကို ကျွန်တော်တို့ ဆွေးနွေး ရမှာပါ ။ သူတို့ အချင်းချင် ထိသွား ခဲ့ကြပါတယ် ။ ဒါပေမယ့် ဒါက ပြင်းထန်တဲ့ အရာ မဟုတ်ဘူးလို့ သူတို့ ( VAR ဒိုင်အဖွဲ့ ) က ယူဆ ခဲ့ကြသလား မသိပါဘူး ။ ဒါကို ပြစ်ဒဏ်ဘော မပေးလို့ ကျွန်တော် အံ့သြမိ ပါတယ်”

“အထူး သဖြင့် ဒီပြစ်ဒဏ် ကျုးလွန် မိတဲ့ ကစား သမား ဟာ ပွဲအတွက် အရေးပါတဲ့ သွင်းဂိုးကို ကိုယ်တိုင် သွင်းယူ သွားခဲ့ တာပါ ။ သူ့မှာ ရည်ရွယ်ချက် ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ဒါဟာ ပြစ်ဒဏ် ကျုးလွန် ရာ ရောက်ပါတယ်” လို့ ဝယ်လ်တန် က ဆိုသွားခဲ့ ပါတယ် ။

ဒါ့အပြင် လူကျွံ နေတဲ့ လိုင်ယွန် ကစား သမား တစ်ဦး ရဲ့ ခြေထဲ ကနေ ဖြတ်လာတဲ့ ဘောလုံး ဖြစ်နေမှု အပေါ်လည်း ဝယ်လ်တန် က “လူကျွံ မကျွံ စဉ်းစားတဲ့ နေရာမှာ အဲ့ဒီ ကစား သမားက ကစားကွက် နဲ့ ပါဝင် ပတ်သက် နေမှု ရှိမရှိ ဆိုတာကို အမြဲ ထည့်စဉ်းစားပါတယ် ။ အခု ဒီ ကစား သမားက ဘောလုံးကို မထိ လိုက်ပါဘူး ၊ ဘောလုံးကို ရယူဖို့ လည်း အားမထုတ် ခဲ့ပါဘူး ။ ဒါကြောင့် လူကျွံ ဘောလုံး မသတ်မှတ် ခဲ့တာပါ” လို့ ရှင်းပြ သွားခဲ့ ပါတယ် ။

မန်စီးတီး ဟာ ဒီရာသီ ကို ကာရာဘောင် ဖလား တစ်ခုတည်းနဲ့ ကျေနပ် ခဲ့ရပြီး ကျရှုံးတဲ့ ရာသီ တစ်ခု ဖြစ်ခဲ့ရ ပါတယ် ။ နောက်ရာသီ မှာ စီးတီး တို့ ပိုကောင်းအောင် လုပ်ပြ နိုင်မလား ဆိုတာ ကိုတော့ စောင့်ကြည့် ရမှာ ပဲ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular