ပြင်းထန်တဲ့ ဒူးဒဏ်ရာ က ပြန်လာပြီးနောက် ချဲလ်ဆီး ပရိသတ်တွေကို ကတိ တခုပြုလာတဲ့ ဂီလ်မာ

ချဲလ်ဆီး အသင်း ရဲ့ စကော့တလန် ဆယ်ကျော်သက် ကွင်းလယ်လူ ဘီလီ ဂီလ်မာ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒဏ်ရာ က ပြန်ကောင်းလာခဲ့ပြီးနောက် ၊ ချဲလ်ဆီး စီနီယာ အသင်း နဲ့ အတူ ပုံမှန် လေ့ကျင့်မှုတွေ ပြန်လည် စတင်ခဲ့ပါတယ် ။

ဂီလ်မာ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ပြီးဆုံးခါနီး ကစားခဲ့တဲ့ ခရစ်စတယ် ပဲလေ့စ် နဲ့ ပွဲမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိခဲ့ကာ ၊ လပိုင်းခန့် အနားယူခဲ့ရပြီး ၊ အခုအခါမှ ပြန်လည် သက်သာလာခြင်း ဖြစ်ပါတယ် ။

myan789

ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၊ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် စင်တင်ပေးခဲ့တဲ့ လူငယ် ခြေတက်တွေထဲက တဦး ဖြစ်တဲ့ ဂီလ်မာ ဟာ လီဗာပူး အသင်း နဲ့ အက်ဖ်အေ ဖလား ကွာတားဖိုင်နယ် ပွဲစဉ် ၊ အဲဗာတန် ကို ၄ဂိုးပြတ် နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အထူး ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ် ။

ဂီလ်မာ ကြောင့် ကွင်းလယ် ခံစစ် နေရာမှာ ဂျော်ဂျင်ဟို နေရာ ပျောက်လုနီးပါး ဖြစ်ခဲ့ပြီး ၊ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ဂျော်ဂျင်ဟို နဲ့ ဂီလ်မာ တို့ အနက် တဦးကို ရွေးချယ်ကာ အသင်းမှာ ဆက်ထိန်းရမယ် ဆိုရင် လမ်းပတ် ဟာ ဂီလ်မာ ကို သေချာပေါက် ရွေးမှာ ဖြစ်ပါတယ် ။

လောလောဆယ် မှာ စကော့တလန် ယူ ၂၁ အသင်း အတွက် အရွေးခံထားရပေမယ့် ၊ မနေ့ည က ကစားခဲ့တဲ့ ခရိုအေးရှား ယူ ၂၁ အသင်း နဲ့ ယူ ၂၁ ယူရို ခြေစစ်ပွဲမှာ လူစားဝင် ကစားခွင့် ရခဲ့ပေမယ့် ၊ မိနစ်ပိုင်း မှာပဲ ကွင်းလယ်ဒိုင် ရဲ့ စိတ်ပျက်ဖွယ် ၊ အံ့အားသင့်ဖွယ် အနီကတ်ကြောင့် အထုတ်ခံခဲ့ရကာ ၊ နောက်ဆုံး ခြေစစ်ပွဲကိုလည်း လွဲချော်မှာ ဖြစ်ပါတယ် ။

ထိုပွဲစဉ် မတိုင်မီ က တွေ့ဆုံခဲ့တဲ့ အင်တာဗျူး တခုမှာတော့ ဘီလီ ဂီလ်မာ က သူဟာ အခုအခါမှာ ဒဏ်ရာ ကင်းစင်လာပြီ ဖြစ်လို့ ၊ ချဲလ်ဆီး အသင်း နဲ့ စကော့တလန် အသင်း အတွက် အပြည့်အဝ အာရုံစိုက်တော့မှာ ဖြစ်သလို ၊ ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ကတိပြု ပြောဆိုလာခဲ့ပါတယ် ။

ဂီလ်မာ က ” ပြန်ကောင်းလာတဲ့ အချိန် က အကောင်းဆုံး အချိန်တော့ မဟုတ်ခဲ့ပေမယ့် ၊ ကံကောင်းစွာ နဲ့ ကျွန်တော့ ရဲ့ ဒဏ်ရာ ကုသမှု အခြေအနေ က အထူး တိုးတက်ခဲ့ပါတယ် ။ အခုလို ကလပ် နဲ့ နိုင်ငံ အသင်း ကစားသမား စာရင်းမှာ ပြန်ပါရတာ အရမ်း ကောင်းပါတယ် ။ ”

” ချဲလ်ဆီး အသင်း က အချိန်တွေကို ကျွန်တော် သဘောကျ ကျေနပ်မှု ရှိပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ဟာ ကျွန်တော့ အတွက် ကြီးမားတဲ့ အတွေ့အကြုံ ဖြစ်ပြီး ၊ ကမ္ဘာ့ အဆင့် ကစားသမား တွေနဲ့ အတူ တွဲဖက် ကစားခွင့် ရခဲ့ခြင်း ဟာ ကျွန်တော့ အတွက် ကြီးမားတဲ့ တိုးတက်မှု ဖြစ်ခဲ့ပါတယ် ။ ”

” ဒီ အသင်း ဟာ ဆုဖလားပေါင်း များစွာ ဆွတ်ခူးထားခဲ့ပြီး ၊ ဒီမှာ ကျွန်တော် နေ့စဉ်နေ့တိုင်း သင်ယူလေ့လာနေပါတယ် ။ ကိုယ် စွမ်းဆောင်ခဲ့သမျှ အရာ အားလုံး အတွက် အသိအမှတ်ပြုခြင်း ခံရတာ အရမ်း ကောင်းပါတယ် ။ ရှေ့ဆက် ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားသွားမှာ ဖြစ်သလို ၊ ကျွန်တော့ ရဲ့ အကောင်းဆုံး ပုံစံ ကို ဆက်လက် ပြသသွားမှာ ဖြစ်ပါတယ် ။ ”

” အခုဆို ထိပ်တန်း ကစားသမားသစ်တွေလည်း ထပ်ရောက်လာလို့ ၊ အရင်ကထက် ပွဲကစားခွင့် ရဖို့ ပိုပြီး ခက်ခဲနိုင်ဖို့ ရှိပါတယ် ။ ဒါပေမယ့် ကစားခွင့် အချိန်တွေနဲ့ အတွေ့အကြုံတွေ ရဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular