ပြင်သစ်လိဂ်ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

PSG – လိုင်ယွန် (မြန်မာစံတော်ချိန် သြဂုတ်လ ၁ ရက်၊ နံနက် ၁:၄၀ နာရီ)
PSG က ပြီးခဲ့တဲ့အပတ်မှာ ဖလားတစ်လုံး သိမ်းပိုက်ခဲ့ပြီး ဒီအပတ်မှာလည်း သူတို့အတွက် Domestic Treble ဖြစ်စေမယ့် လိဂ်ဖလားကို သိမ်းပိုက်ဖို့ ကြိုးစားပါလိမ့်မယ်။ ပြည်တွင်းဖလားအကုန်သိမ်းပိုက်နိုင်မှ PSG အတွက် တာဝန်ကျေတယ်လို့လည်း ဆိုနိုင်မှာဖြစ်တယ်။ လိုင်ယွန်အသင်းအတွက်ကတော့ PSG ထက် အရေးကြီးနေပါတယ်။ ဒါက ဆုဖလားမက်လုံးဆိုတာထက်ပိုပြီး ဥရောပဝင်ခွင့်အတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်ပါတယ်။

လိုင်ယွန်ဥက္ကဋ္ဌ အော်လက်စ်ဟာ ၂၀၁၉-၂၀ ပြင်သစ်လီဂူးရာသီ ဖျက်သိမ်းခဲ့တဲ့ တာဝန်ရှိသူတွေကို အမြဲဝေဖန်ခဲ့တဲ့သူ ဖြစ်တယ်။ ကိုဗစ်ကြောင့် ဘဏ္ဍာရေးပိုင်းထိခိုက်နိုင်တဲ့အခြေအနေမှာ ဥရောပဝင်ခွင့်ဆိုတာ ပုံမှန်အချိန်တွေထက်တောင် အရေးကြီးပါသေးတယ်။ ဒါကြောင့် ဒီပွဲဟာ လိုင်ယွန်အတွက် ဖောင်ဖျက်တိုက်ရမယ့် ပွဲဖြစ်ပြီး မီးကုန်းယမ်းကုန် ကြိုးစားလာလိမ့်မယ်။ ခြေစမ်းပွဲတွေမှာ လိုင်ယွန်ဟာ နည်းဗျူဟာစမ်းသပ်မှုတွေ လုပ်နေပြီး Three Back ပုံစံ အထိုင်ချကစားနေတယ်။ ဒီပိုင်းလည်း ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်လို့ ပွဲထွက်ပါဝင်လာမှာဖြစ်ပြီး ဒမ်ဘီလီ-ဒီပိုင်းအတွဲက အရင်ထက်အားနည်းသွားတဲ့ PSG ခံစစ်ကို ကောင်းကောင်းဒုက္ခပေးနိုင်လိမ့်မယ်။

myan789

PSG အတွက်ကျတော့ လိုင်ယွန်နဲ့ ခြားနားပါတယ်။ ဆုဖလားမက်လုံးက အရေးကြီးတယ်ဆိုပေမယ့် အခြားတစ်ဖက်မှာ သူတို့ အစဉ်အမြဲအိပ်မက်မက်လာခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ ကျန်နေပါသေးတယ်။ ဗိုလ်လုပွဲအထိ လမ်းကြောင်းချောင်နေတဲ့ အနေအထားဖြစ်ပြီး သူတို့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ချက်ကြီးနေပါတယ်။ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ပြင်သစ်ဖလားပွဲမှာ အဓိကတိုက်စစ်မှူး ဘာပေ ဒဏ်ရာရခဲ့ပြီး (၃)ပတ်လောက် နားရမယ့်ထိုးနှက်ချက်က PSG ကို ခြောက်လှန့်နေနိုင်မှာ သေချာတယ်။ ဒီပွဲကိုလည်း တတ်နိုင်သလောက် အားအင်ချွေတာပြီးတော့ ဒဏ်ရာပြဿနာ မကြုံရအောင် ကစားလာလိမ့်မယ်။

PSG အသင်းက ထိပ်တိုက်တွေ့ဆုံမှုတွေမှာရော၊ လူအင်အားအရပါ သိသိသာသာ သာလွန်နေပေမယ့် ဖောင်ဖျက်တိုက် လာမယ့် လိုင်ယွန်ကို ခက်ခက်ခဲခဲ ကစားရပါလိမ့်မယ်။ မထင်မှတ်ဘဲ လိုင်ယွန် ဖလားရသွားနိုင်တယ်။

  • ထူးခြားအချက်အလက်များ
    • PSG သည် လိုင်ယွန်အသင်းနှင့် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၁၀) ကြိမ်အနက် (၈)ကြိမ်အထိ အနိုင်ကစားထားပြီး ဖလားပွဲတွေ့ဆုံမှုတွင် ရှုံးပွဲမတွေ့သည်မှာ ၂၀၁၁-၁၂ ရာသီကတည်းကဖြစ်သည်။
    • PSG နှင့် လိုင်ယွန်အသင်းတို့၏ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးအကြိမ် (၂၀)တွင် နှစ်သင်းပေါင်းသွင်းဂိုး (၂.၅)ဂိုးအောက်ဖြစ်ခဲ့သည်မှာ (၄)ပွဲသာ ရှိသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular