ပဲလေ့စ် နဲ့ ပွဲကြို အချက်များ နဲ့ . . . မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ယနေ့ည ( မြန်မာ စံတော်ချိန် ည ၁၁း၀၀ နာရီ ) မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ခရစ္စတယ် ပဲလေ့စ် အသင်းကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာ ဖြစ်ပါတယ် ။ ဒီပွဲ ဟာ မနှစ်က ဥရောပ ပွဲတွေ ကစားခဲ့တာကြောင့် နားရက် ပိုယူခဲ့ ရတဲ့မန်ချက် စတာ ယူနိုက်တက် အတွက် ရာသီ အဖွင့် ပွဲစဉ် ဖြစ်ပြီး ပဲလေ့စ် ကတော့ ပွဲစဉ် ၁ မှာ အနိုင် ၃ မှတ် ရရှိ ထားခဲ့ ပါတယ် ။

ယူနိုက်တက် ဘက်မှာ ဖီးလ်ဂျူံးစ် နဲ့ တူအမ် ဇီဘီ တို့ကလွဲရင် ဒဏ်ရာ ရ ကစား သမား ရှိမနေ ဘူးလို့ သိရ ပါတယ် ။ ဒါပေမယ့် အင်္ဂလန် အသင်း နဲ့ အိုက်စလန် ကို လိုက်ပါရင်း ပြဿနာ ဖြစ်ခဲ့တဲ့ ဂရင်းဝုဒ် ကိုတော့ ရုပ်ပိုင်း နဲ့ စိတ်ပိုင်း ဆိုင်ရာကိုပြန်တည်ဆောက်ဖို့အတွက်အနားပေး သွားဖို့ ရှိနေ ပါတယ် ။

myan789

ဒီညမှာ ပေါ့ဘာ နဲ့ လုခ်ရှော တို့ ကျိန်းသေ ပါဝင် နိုင်တယ်လို့ နည်းပြ ဆိုးရှား က အရိပ်မြွက် ပြောဆို ခဲ့သလို ဂိုးပေါက် ကိုလည်း ဒေးဗစ် ဒီဂီယာ က စောင့်ရှောက် ဖို့ အလားအလာ များနေ ပါတယ် ။

ယူနိုက်တက် ဟာ အိုးထရက်ဖိုဒ့် မှာ နောက်ဆုံး ကစား ထားတဲ့ ပရီးမီးယားလိဂ် 17 ပွဲမှာ ၉ ပွဲ နိုင်ပြီး 7 ပွဲ သရေ ကျထားကာ ၁ ပွဲသာရှုံးနိမ့်ထားခဲ့ပါတယ်။ပဲလေ့စ်နဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ် နောက်ဆုံး ၂၂ ပွဲ မှာလည်း ၁ ပွဲသာ ရှုံးထားပြီး 17 ပွဲနိုင် ၊ ၄ ပွဲ သရေ ရလဒ်ကို ပိုင်ဆိုင် ထားခဲ့ ပါတယ် ။

ဧည့်သည် ပဲလေ့စ် အသင်း ဘက်မှာတော့ ဂယ်ရီ ကာဟေး ၊ ဂျိမ်းစ် တွမ်ကင်း ၊ ပက်ထရစ် ဗန်အန်ဟော့ တို့ ဒဏ်ရာ ကနေ သက်သာ လာဖွယ် မရှိသေးဘူး လို့ သိရ ပါတယ် ။ ဒါပေမယ့် မာမာဒူ ဆခို ၊ ဘန်တီကီ နဲ့ ကော်နာ ဝစ်ခ်ဟမ်း တို့ကတော့ လူစာရင်း မှာ ပြန်ပါ လာဖွယ် ရှိတယ် လို့ ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွက် တစ်နှစ်တာ အကောင်းဆုံး ဆုတွေကို ယမန်နေ့ က ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။ တစ်ရာသီ အကောင်းဆုံး ကစား သမားဆု ( ဆာ မတ်စ် ဘတ်စဘီ ဆု ) ကိုတော့ ဇန်နဝါရီ ကမှ အသင်းကို ပြောင်းရွှေ့ လာတဲ့ ဘရူနို ဖာနန်ဒက်စ် က ရရှိ သွားခဲ့ ပါတယ် ။

ဖာနန်ဒက်စ်ဟာယူနိုက်တက်အတွက်၂၂ပွဲသာကစားထားရသေးပေမယ့်ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ရှိခဲ့ ပါတယ် ။ ဖာနန်ဒက်စ် ဟာ ယူနိုက်တက် ရဲ့ တစ်လတာ အကောင်းဆုံး ကစား သမား ဆု ကိုလည်း ရောက်လာတဲ့ ၅ လ အတွင်းမှာ ၄ ကြိမ် ( ဖေဖော်ဝါရီ ၊ မတ် ၊ ဇွန် နဲ့ သြဂုတ် ) အထိ ရယူ နိုင်ခဲ့ ပါတယ် ။

ဒီဆု ဟာ ပရိသတ်တွေ ရဲ့ မဲ နဲ့ ရွေးချယ်တာ ဖြစ်ပြီး ဖာနန်ဒက်စ် ဟာ မဲ ၃၅.၅% ရရှိ ပြီးဒီဆုကို ရရှိ ခဲ့တာ ဖြစ်ပါတယ် ။ ယူနိုက်တက် တိုက်စစ်မှူး အန်တိုနီ မာရှယ် ကတော့ ၃၄% နဲ့ ကပ်ပြီး အရေးနိမ့် ခဲ့ရ ပါတယ် ။ တတိယ နေရာမှာတော့ မားကပ် ရက်ဖိုဒ့် က ၁၀.၄% ရရှိခဲ့ တယ်လို့ သိရ ပါတယ် ။

ဒါပေမယ့် အန်တိုနီ မာရှယ် ဟာ ယူနိုက်တက် ကစား သမား အချင်းချင်း ပေးအပ်တဲ့ Players’ Player of the Year ဆုကိုတော့ ဆွတ်ခူး ရရှိ ခဲ့တယ် လို့ သိရှိရ ပါတယ် ။

ဒီပွဲ ကိုတော့ မာတင် အက်ကင်ဆန် က ကွင်းလယ်ဒိုင် အဖြစ် တာဝန်ယူ ကိုင်တွယ် မှာ ဖြစ်ပြီး VAR အခန်း ကိုတော့ ဂျိုနသန် မော့စ် က တာဝန်ယူ ကြီးကြပ် ကွပ်ကဲ သွားမယ် လို့ ကြားသိရ ပါတယ် ။

နာမည်ကျော် ဘောလုံး သုံးသပ် ခန့်မှန်းသူ မာတင် လော်ရင်ဆန် ( လော်ရိုး ) ကတော့ ဒီပွဲ မှာ အိမ်ရှင် မန်ချက် စတာ ယူနိုက်တက် က ၂ – ၀ နဲ့ အနိုင် ရရှိ သွားလိမ့်မယ် လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။ Daily Mirror ကနေ သုံးသပ် ခန့်မှန်း ခဲ့တဲ့ မိုက်ကယ် အိုဝင် ကလည်း ယူနိုက်တက် က ၂ – ၀ နဲ့ အနိုင် ရမယ်လို့ ခန့်မှန်း ဖော်ပြ သွားခဲ့ ပါတယ် ။

ယနေ့ည ပွဲထွက် လာနိုင်တဲ့ ကစားကွက် နဲ့ လူစာရင်း ကတော့ –
၄-၄-၂ ( စိန်ပွင့် )
ဒီဂီယာ
ဘစ်ဆာကာ ၊ လင်ဒီလော့ဖ် ၊ မက်ဂွဲယား ၊ လုခ်ရှော
မာတစ် ၊ ပေါ့ဘာ ၊ ဗန်ဒီဘိ ၊ ဖာနန်ဒက်စ်
မာရှယ် ၊ ရက်ဖိုဒ့်

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular