ပေါ့ဘာ အပေါ် ဆိုးရှားရဲ့ ကိုင်တွယ်ပုံကို သူဘာကြောင့် နှစ်သက်မိသလဲ ဆိုတာ ရှင်းပြလိုက်တဲ့ ကာရေဂါ

မန်ချက်စတာယူနိုက်တက် မန်နေဂျာ အိုလီဂန်နာ ဆိုးရှားဟာ နယူးကာဆယ်ကို ၄-၁ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ် ၊ ပီအက်ဂျီ ကို အနိုင် ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် နဲ့ ချဲလ်ဆီး နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို ပွဲထွက် ကစားသမား စာရင်းကနေ ချန်လှပ် ထားခဲ့ကာ လူအများအပြားကို အံ့အား သင့်စေ ခဲ့ပါတယ်။ ဒါပေမယ့် ကာရေဂါက ယူနိုက်တက် မန်နေဂျာရဲ့ ဒီလို လုပ်ဆောင်ပုံကို သဘောကျ နေပါတယ်။

ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်မီ အိုးထရပ်ဖို့ဒ်မှာ တော့တင်ဟမ်ကို ၆-၁ နဲ့ အရှက်တကွဲ ရှုံးနိမ့် ခဲ့ပြီးနောက် ဆိုးရှားဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲမှာ ပေါ့ဘာကို အရန်ခုံမှာ ထားရန် ရွေးချယ် သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ အဆိုပါ ၃ ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲ သရေ ရလဒ်ကို ရရှိခဲ့ပြီး ကစားပုံကလည်း ကောင်းမွန် နေခဲ့ကာ လမ်းကြောင်းမှန်ပေါ် ပြန်တက် လာခဲ့ပါတယ်။

myan789

လီဗာပူး ဂန္တဝင် ကာရေဂါက ကလပ်ရဲ့ စံချိန်တင် ပြောင်းရွေ့ကြေးရှင် ပေါ့ဘာ နဲ့ ဇန်နဝါရီက ခေါ်ယူထားတဲ့ ဘရူနိုဖာနန်ဒက်စ် တို့ကို ကွင်းလယ်မှာ တစ်ပြိုင်နက် အသုံးပြုခြင်းဟာ အလုပ် မဖြစ်ဘူးလို့ ဆိုလိုက် ပါတယ်။ ကာရေဂါက ပေါ့ဘာရဲ့ အခြေအနေကို ကောင်းကောင်း ကိုင်တွယ် ထားနိုင်ခဲ့တဲ့ ဆိုးရှားကို ချီးကျူးလိုက်ပေမယ့် ဒွန်နီဗန်ဒီဘိကို ပေါင်သန်း ၄၀ ခေါ်ယူခဲ့တဲ့ ယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်း ထုတ်သွားခဲ့ပါတယ်။

ကာရေဂါက “ပေါလ်ပေါ့ဘာကို အရန်ခုံမှာ ထားခဲ့တဲ့ ဆိုးရှားရဲ့ ကိုင်တွယ်ပုံကို ကျွန်တော် သဘောကျမိ ပါတယ်။ ခရစ်စတယ်ပဲလေ့စ် နဲ့ ပွဲစဉ် ပြီးကတည်းက ကျွန်တော် ဒီအကြောင်းကို ပြောထားခဲ့ ပြီးသားပါ။ ဖာနန်ဒက် နဲ့ ပေါ့ဘာ တို့ကို ကွင်းလယ်မှာ တစ်ပြိုင်နက် ပွဲထုတ် သွားလို့ မရပါဘူး။ ဒါဟာ အသင်းရဲ့ ဟန်ချက်ကို ထိခိုက်စေ နိုင်တဲ့ အပြင် သူတို့ဟာ အတူ တွဲကစားနိုင်စွမ်း မရှိပါဘူး။ သူတို့ ဘယ်တော့မှ တွဲဖက် ကစား နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။

ဗန်ဒီဘိကို သူတို့ ခေါ်ယူခဲ့တဲ့ အပေါ် ကျွန်တော် လုံး၀ နားမလည် နိုင်ပါဘူး။ သူ အသင်းမှာ နေရာ ရနိုင်ပမလား ဒါမှမဟုတ် သူ့ကို ဘယ်နေရာမှာ ထားကစား ရမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ သူ့ကို ခေါ်ယူလိုက်ကတည်းက ဗန်ဒီဘိဟာ နံပါတ် ၁၀ နေရာမှာ ကစားတဲ့သူ ဆိုတာကို အရင်ဦးဆုံး သတိရသွား ပါတယ်။ ဖာနန်ဒက်ဟာ အဲဒီနေရာမှာ ကစား နေပါတယ်။ ပေါ့ဘာ ကလည်း အဲဒီနေရာမှာ ကစားနိုင်စွမ်း ရှိပါတယ်။ အခု ယူနိုက်တက်ရဲ့ ကစားဟန်ကို ကြည့်လိုက်ပါ။ ဖာနန်ဒက် နဲ့ အတူ ဖရက် ၊ မက်တိုမီနေး တို့ကို တွဲပေးလိုက်ချိန်မှာ သူတို့ရဲ့ ကစားပုံ ပိုကောင်း လာခဲ့ပါတယ်။

ဒါပေမယ့် ဖရက် နဲ့ မက်တိုမီနေး တို့ဟာ မန်ချက်စတာယူနိုက်တက် အသင်း အတွက် လုံလောက်တဲ့ ကောင်းမွန်မှု မရှိသလို သူတို့နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို စိန်ခေါ် နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော့် အတွက် အဓိက ပြသာနာ ကတော့ ပေါလ်ပေါ့ဘာ ဖြစ်ပါတယ်။ ဒါဟာ အတော်ကြီးကို ကြာနေ ပါပြီ။

ဘရူနို ဖာနန်ဒက်ဟာ နံပါတ် ၁၀ နေရာကို အခိုင်အမာ ရယူ ထားတဲ့ သူပါ။ ဒါပေမယ့် လက်ရှိ အနေအထား အရ အိုလီ အနေနဲ့ ပေါင်သန်း ၉၀ တန် ကစားသမားကို အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ ပြန်ကော အသုံးပြုပမလား ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော့် အမြင် အရ ကတော့ ပေါ့ဘာ နဲ့ ဖာနန်ဒက် တို့ အတွဲဟာ လုံး၀ မလုပ် မဖြစ်ပါဘူး။” လို့ ဆိုလိုက် ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular