ပေါ့ဂ်ဘာ ၊ ဆန်ချို တို့ရဲ့ အပြောင်းအရွှေ့ တွေဟာ ကျိုးကြောင်း ဆီလျော်မှု မရှိဘူးလို့ ဥပမာပေး ပြောကြားလိုက်တဲ့ အာဆင်ဝင်းဂါး

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ နဲ့ ဒေါ့မွန် ကြယ်ပွင့် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချို တို့ရဲ့ အပြောင်းအရွှေ့ သတင်း တွေဟာ ဈေးကွက် ထဲမှာ ပျံ့လွင့် နေခဲ့တာ ကြာလွန်းတဲ့ သတင်းတွေ အဖြစ် ရှိနေခဲ့ ပါပြီ ။

ပေါ့ဂ်ဘာ ကိုယ်တိုင် က ဇီဒန်း ကိုင်တွယ်တဲ့ ရီးယဲ မက်ဒရစ် အသင်းမှာ ကစားရေး ဆိုတာ အိပ်မက်တစ်ခု ဖြစ်ကြောင်း ဝန်ခံ စကား ပြောကြား ခဲ့တဲ့နောက် သူ့ရဲ့ အပြောင်းအရွှေ့ သတင်း တွေဟာ တစ်ဖန် ပြန်လည် ကျယ်လောင် လာခဲ့ ပါတယ် ။ ယခင် တုန်းကတော့ သူ့ကို ခေါ်ဖို့ ရီးယဲ နဲ့ ဂျူဗင်တပ် တို့ စိတ်ဝင်စား ခဲ့ကြ ပါတယ် ။

myan789

အခြား တစ်ဖက် မှာတော့ မန်စီးတီး အသင်းမှ ထွက်ခွာပြီး ဒေါ့မွန် ဆီကို ပြောင်းရွှေ့ ခဲ့တဲ့နောက် ပုံစံကောင်း တွေကို နှစ်စဉ် ပြသ ထားနိုင် ခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချို ကို ယူနိုက်တက် တို့ ခေါ်ယူဖို့ ပစ်မှတ် ထားနေတာလည်း အချိန် ကြာမြင့်ခဲ့ ပါပြီ ။

သူတို့ နဲ့ ပတ်သက်လို့ ထွက်ပေါ် နေခဲ့တဲ့ သတင်း တွေက လမ်းကြောင်း မတူညီ ပေမယ့် ပရီးမီးယား လိဂ် ကနေ ထွက်ခွာခဲ့ ကြတဲ့ ပုံစံ တူညီ နေခဲ့ သလို ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ ပေါင် သန်း 100 ဝန်းကျင် ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိဖို့ အခွင့်အလမ်း ပိုင်ဆိုင် ခဲ့ခြင်း ပါပဲ ။

ပေါ့ဂ်ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ် ဖြစ်တဲ့ ပေါင် 89 သန်းနဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး ဆန်ချို ကလည်း ယူနိုက်တက် ဆီကို ပေါင် သန်း 100 ဝန်းကျင် နဲ့ ပြောင်းရွှေ့ ရောက်ရှိ လာဖို့ သတင်းကြီး နေခဲ့သူပဲ ဖြစ်ပါတယ် ။

အခုတော့ အာဆင်နယ် အသင်းရဲ့ ဂန္ဓဝင် နည်းပြဟောင်း ဖြစ်သူ အာဆင်ဝင်းဂါး က အင်္ဂလန် ကနေ ထွက်ခွာပြီး အင်္ဂလန်ကိုပဲ ပေါင်သန်း 100 လောက်နဲ့ ကစားသမားတွေ ပြန်လည် ရောက်ရှိ လာမယ့် အပြောင်းအရွှေ့ တွေက ကျိုးကြောင်း ဆီလျော်မှု မရှိကြောင်း သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော် ရှာဖွေ တွေ့ရှိ ခဲ့တဲ့ အံ့ဖွယ် အရာ တစ်ခုက အင်္ဂလန်ဟာ ကစားသမား တွေကို စာတတ်အောင် သင်ပေးနိုင်ခဲ့တယ် ဆိုတာ ပါပဲ ။ ဒါပေမယ့် အင်္ဂလန် မြေက ပွဲစဉ် တွေဟာ အတော်လေး ခက်ခဲပြီး ပြိုင်ဆိုင်မှု အဆင့်အတန်း ကလည်း မြင့်မားလှတဲ့ အတွက် လူငယ်တွေ ဆက်နေရမလား ဆိုတာ ဝိရောဓိ ဖြစ်တတ်ကြ ပါတယ် ”

” ဒီအတွက် ကျွန်တော် ဥပမာ နှစ်ခု ပေးချင် ပါတယ် ။ ပေါ့ဂ်ဘာ ဆိုတာ အင်္ဂလန် မြေကနေ ပညာသင် ခဲ့သူ တစ်ဦး ပါပဲ ။ အဲ့ဒီနောက် သူဟာ အလွတ် ပြောင်းရွှေ့ သွားခဲ့ပြီး ( ဂျူဗင်တပ် အသင်းဆီ ) ပေါင် သန်း 100 ဝန်းကျင်လောက် ကုန်ကျခဲ့တဲ့ ပမာဏ တစ်ခု နဲ့ အင်္ဂလန် မြေကို ပြန်လာခဲ့ ပါတယ် ”

” ဂျေဒန် ဆန်ချို ဆိုတာ ကလည်း မန်ချက်စတာ စီးတီး အသင်းမှာ ပညာသင် ခဲ့တဲ့ ကစားသမား တစ်ယောက် ပါပဲ ။ ဒါပေမယ့် အခု အချိန်မှာ ခင်ဗျားဟာ သူ့ကို အင်္ဂလန် မြေဆီ ပြန်လည် ခေါ်ယူ ချင်မယ် ဆိုရင် ပေါင် သန်း 100 လောက် ပေးချေ ရမှာ အသေအချာ ပါပဲ ”

” ရလဒ် တစ်ခု အနေ နဲ့ ကျွန်တော် တို့ဟာ ကိုယ်တိုင် ပညာ သင်ကြား ပေးခဲ့တဲ့ ကစားသမား တွေကို အရမ်း မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် နဲ့ အင်္ဂလန် မြေဆီ တစ်ဖန် ပြန်လည် ခေါ်ယူ နေသလို ဖြစ်နေ ပါတယ် ။ ဒါဟာ ကျိုးကြောင်း ဆီလျော်မှု မရှိတဲ့ ကိစ္စ တစ်ခုပဲလို့ ကျွန်တော် တွေ့ရှိ ခဲ့ရ ပါတယ် ” လို့ အာဆင်ဝင်ဂါး က ဥပမာပေး ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular