ပုံစံကောင်းတွေ ပျောက်ဆုံးနေခဲ့တဲ့ ဒန်နီယယ် ဂျိမ်းစ်ရဲ့ ပွဲကစားခွင့် အပေါ် မှတ်ချက် ပေးလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့် နည်းပါး နေခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဒန်နီယယ် ဂျိမ်းစ်ဟာ ချဲလ်ဆီး နဲ့ ဂိုး မရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် တုန်းက ပွဲထွက် ကစားခွင့် ပိုင်ဆိုင် ထားနိုင် ခဲ့ပြီး မေ့ပျောက်လိုက် ရမယ့် ရက်စွဲ တစ်ခုကို ပိုင်ဆိုင် ထားခဲ့ရ ပါတယ် ။

ဒန်နီယယ် ဂျိမ်းစ်ဟာ ယူနိုက်တက်တို့ နယူးကာဆယ် အသင်းကို 1 – 4 ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် တုန်းကလည်း ပွဲထွက် ကစားခွင့် ပိုင်ဆိုင် နိုင်ခဲ့သူလည်း ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် သူဟာ ပွဲထွက်ခွင့် ရရှိ ခဲ့တဲ့ ပွဲစဉ် နှစ်ပွဲလုံး မှာ ပုံစံကောင်း မပြသ နိုင်ခဲ့ပဲ ရုန်းကန် ခဲ့ရ ပါတယ် ။

myan789

ဒါဟာ 2019 နွေ အပြောင်းအရွှေ့ တုန်းက ဆွမ်ဆီး မှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပေါင် 18 သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့တဲ့ လူငယ် တိုက်စစ် ကစားသမား လေးရဲ့ စိတ်ပျက်ဖွယ် ရက်စွဲတွေ ဖြစ်ခဲ့ ရပြီး ပရိသတ်တွေ ကလည်း သူ့ကို ပွဲထွက် ကစားသမား စာရင်းမှ ချန်လှပ် စေလို နေကြ ပါပြီ ။

သူဟာ ယူနိုက်တက် အသင်းဆီ စတင် ရောက်ရှိ ခဲ့စဉ် တုန်းက ကစား ပေးခဲ့တဲ့ ပွဲစဉ် 4 ပွဲမှာ 3 ဂိုး သွင်းယူ နိုင်ခဲ့တဲ့နောက် ပုံစံကောင်း ပျောက်ဆုံး နေခဲ့ပြီး LASK အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ယူရို ပါလိဂ် ပြိုင်ပွဲမှာ တစ်ဂိုး သွင်းယူ ပေးခဲ့တဲ့နောက် အသင်း အတွက် အကျိုးပြု နိုင်စွမ်း ကင်းမဲ့ နေခဲ့ ပါတယ် ။

ဒါ့ကြောင့်လည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ညာ တောင်ပံ တိုက်စစ်မှာ ပွဲထွက် ကစားခွင့်တွေ စတင် ရရှိ ခဲ့ပြီး ပုံစံကောင်း တွေကို ဆက်တိုက် ပြသ သွားနိုင်ခဲ့တဲ့ အကယ်ဒမီထွက် လူငယ် ကစားသမားလေး မေဆွန် ဂရင်းဝုဒ် က ပွဲထွက်ခွင့် တစ်နေရာကို သိမ်းပိုက် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ အသက် 22 နှစ် အရွယ် ကစားသမား အပေါ် ယုံကြည်မှု တွေကို ဆက်လက် ပေးဆောင်ရင်း သူ့ကို ဆက်လက် တိုးတက် ကောင်းမွန် စေဖို့ အတွက် လမ်းညွှန် ပေးသွားဖို့ ရှိနေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဒန် (ဂျိမ်းစ်) ရဲ့ ယုံကြည်မှု တွေဟာ အားကောင်း နေပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ အရည်အသွေး ကောင်းတဲ့ အသင်းဖော် တွေနဲ့ အတူ ပွဲထွက် ကစားခွင့်တွေ ပိုင်ဆိုင် နေရလို့ ပါပဲ ။ ချဲလ်ဆီး နဲ့ ကစားခဲ့ ရတဲ့ ပွဲစဉ် ဆိုတာက သူဟာ အရည်အသွေး ကောင်းတဲ့ ပြိုင်ဖက် တွေနဲ့ ရင်ဆိုင်ခဲ့ ရတဲ့ ပွဲစဉ် ပါပဲ ”

” သူဟာ အခိုက်အတန့် အချို့ကို ပိုင်ဆိုင် နိုင်ခဲ့ပါတယ် ။ ကျွန်တော်တို့ ကတော့ သူ့ကို ဆက်လက် တိုးတက် စေဖို့ ညွှန်ကြားမှု လုပ်ဆောင် သွားဦးမှာ ပါပဲ ။ ဒန်က အသင်း အတွက် အပေါင်း လက္ခဏာ ဆောင်ကျဉ်းတဲ့ အကျိုးသက်ရောက်မှု တွေကို လုပ်ဆောင် ပြနိုင်ခဲ့ ပါတယ် ။ ကျွန်တော်တို့ ကတော့ သူ့ကို ဆက်လက် တိုးတက် ကောင်းမွန် စေဖို့ လမ်းညွှန် ပေးသွား ကြမှာပါ ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular