ပရီးမီးယားလိဂ် မှာ မက်ဆီ နဲ့ ရင်ဆိုင် ကစားရဖွယ် ရှိနေတဲ့ အပေါ် မှတ်ချက် ပေးလိုက်တဲ့ တီယာနေး

အာဆင်နယ် အသင်း ဘယ်နောက်ခံလူ ကီရန် တီယာနေး က မက်ဆီ သာ ဘာစီလိုနာ ကနေ မန်စီးတီးထံ ပြောင်းရွှေ့လာပါက တစ်ရာသီ အတွင်း အာဂျင်သားနဲ့ နှစ်ကြိမ် တွေ့ဆုံ ရမယ့် အခွင့်အရေးဟာ သူ့ဘဝရဲ့ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာ နိုင်ကြောင်း ပြောကြား လိုက်ပါတယ် ။

ဘာစီလိုနာ အသင်း ခေါင်းဆောင် လီယွန်နယ် မက်ဆီ ဟာ နူးကမ့် မှာ နှစ် ၂၀ နီးပါး ကစားပြီးနောက် အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆို ထားသူပါ ။ မက်ဆီ ကို ခေါ်ယူဖို့ သူ့ရဲ့ ဆရာဟောင်း ဖြစ်သူ ဂွာဒီယိုလာ ရဲ့ မန်စီးတီး အသင်းက စိတ်ဝင်စား နေပါတယ် ။

myan789

ဘာစီလိုနာ နဲ့ လာလီဂါ ဘောလုံး အဖွဲ့ချုပ်ကတော့ မက်ဆီ ကို ခေါ်ယူ ချင်တဲ့ ဘယ်အသင်းမဆို စာချုပ် ဖျက်သိမ်းကြေး ပေါင် ၆၃၂ သန်း ပေးချေ ရမယ်လို့ အသိပေး ထားပါတယ် ။ နောက်ဆုံး ထွက်ပေါ် လာတဲ့ သတင်းတွေအရ မန်စီးတီး အသင်းဟာ မက်ဆီကို ခေါ်နိုင်ဖို့ နီးစပ် နေပြီလို့ သိရပါတယ် ။

မန်စီးတီး အသင်းဟာ မက်ဆီ ကို ခေါ်ယူ ဖို့ ငွေကြေး ဆိုင်ရာ စာချုပ် အချက်အလက်တွေ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ် နေပြီး ငါးနှစ်စာချုပ် ချုပ်ဆိုမှာ ဖြစ်ကာ ယူရို သန်း ၇၀၀ အထိ အကုန်အကျ ခံသွားမယ်လို့ သိရပါတယ် ။

မက်ဆီ ဟာ ပထမ သုံးနှစ်ကို မန်စီးတီး မှာ ကစားသွားရမှာ ဖြစ်ပြီး ကျန်နှစ်နှစ်ကိုတော့ မန်စီးတီး ပိုင်ရှင်တွေပဲ ပိုင်ဆိုင်တဲ့ နယူးယောက် စီးတီး အသင်းမှာ ကစားရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်

အာဆင်နယ် အသင်း နောက်ခံလူ တီယာနေး က ပရီးမီးယားလိဂ် မှာ မက်ဆီ နဲ့ ရင်ဆိုင် ကစားရဖွယ် ရှိနေတဲ့ အပေါ် အခုလို မှတ်ချက် ပေးသွား ခဲ့ပါတယ် ။ တီယာနေး ဟာ ဆဲလ်တစ် အသင်းမှာ တုန်းက မက်ဆီ နဲ့ ရင်ဆိုင် ကစားခဲ့ဖူးပြီး အတော်လေး ရုန်းကန် ခဲ့ရကြောင်း ဖွင့်ဟ ပြောကြား လိုက်တာပါ ။

” ကျွန်တော် မက်ဆီ နဲ့ အရင်တုန်းက ရင်ဆိုင် ကစားဖူးပါတယ် ၊ သူ့ကို လိုက်ကပ် ကစားခဲ့ပေမယ့် ဘယ်လိုမှ သူ့အနားကို ကပ်မရပါဘူး ၊ ကျွန်တော့်ကို မိုင်ပေါင်များစွာ ပြတ်ကျန်အောင် လုပ်နိုင် ခဲ့ပါတယ် ။ “

” သူ လက်ရှိမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာ ကျွန်တော် မသိပါဘူး ၊ မန်စီးတီး က ချိတ်ဆက် နေတာကိုလည်း တွေ့ပါတယ် ၊ တစ်ရာသီတည်းမှာ သူနဲ့ နှစ်ကြိမ်လောက် ရင်ဆိုင် ကစားရမှာက ကျနော့် ကစားသမားဘဝရဲ့အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်မှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular