ပရီးမီးယားလိဂ် ပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ် – ချယ်လ်ဆီး (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ရက် ည ၇:၀၀ နာရီ)
နယူးကာဆယ်ရဲ့ အိမ်ကွင်းခြေစွမ်းက မဆိုးဘူး။ တိုက်စစ်ကတော့ ဂိုးတွေရနေပေမဲ့ အားရစရာသိပ်မရှိဘူး။ မက်ဆီမင်ရဲ့ တစ်ဦးချင်းခြေစွမ်းက ကောင်းပေမဲ့ တန်ဖိုးမရှိတဲ့နေရာမှာ၊ အရေးမပါတဲ့ Show တွေနဲ့ အချိန်ကုန်သလိုဖြစ်နေတယ်။ ချယ်လ်ဆီးက ခြေမှန်နေပါပြီ။ တိုက်စစ်ကလည်း ယုံကြည်မှုအမြင့်ဆုံးကို ရောက်နေပြီလို့ ခံစားရတယ်။ ဒီလိုပွဲမျိုးကို ချယ်လ်ဆီး အနိုင်ကစားနိုင်ဖို့လိုသလို၊ နိုင်ဖို့လည်း ရှိပါတယ်။

အက်စတွန်ဗီလာ – ဘရိုက်တန် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ရက် ည ၉:၃၀ နာရီ)
ဘရိုက်တန်က မာကျောတဲ့အသင်းတစ်သင်းပါ။ ဒါပေမဲ့ တိုက်စစ်ပိုင်းမှာ ပြဿနာ နည်းနည်းရှိတယ်။ မူပေးသာ ဂိုးမသွင်းနို်င်ရင် ဂိုးရဖို့လည်း ခက်တယ်။ အက်စတွန်ဗီလာက နောက်ဆုံး (၃)ပွဲမှာ (၂)ပွဲ ရှုံးခဲ့ပေမဲ့ သူတို့ကစားတဲ့ ခြေစွမ်းက တည်ငြိမ်ပြီး၊ ပုံမှန်ခြေစွမ်းရှိတယ်။ အာဆင်နယ်ကိုဂိုးပြတ်အနိုင်ကစားခဲ့တဲ့ ခြေစွမ်းနဲ့ ယုံကြည်မှုမျိုးကိုလည်း သဘောကျတယ်။ ဗီလာ နိုင်ပွဲဆက်ပါလိမ့်မယ်။

myan789

စပါး – မန်စီးတီး (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ရက် ည ၁၂:၀၀ နာရီ)
စပါးက ပရီးမီးယားလိဂ်အသင်းတွေထဲမှာ (၇)ပွဲဆက် ရှုံးပွဲမရှိကစားထားပြီး Longest Unbeaten Run အဖြစ် ချီတက်နေတယ်။ ဒါ့အပြင် ဒီပွဲနိုင်ရင် (၄)ပွဲဆက် လိဂ်နိုင်ပွဲရမှာဖြစ်ပြီး ဒါက ၂၀၁၆ နောက်ပိုင်း အကောင်းဆုံးစံချိန်လည်းဖြစ်လာပါမယ်။ ဒီရာသီ စပါးရဲ့ပြဿနာက အိမ်ကွင်းရလဒ် အားနည်းခြင်းဖြစ်တယ်။ အိမ်ကွင်းမှာ အဲဗာတန်ကို ဂိုးပေးခဲ့ရပြီး ရှုံးတယ်။ နယူးကာဆယ်ကို ဂိုးပေးရပြီးသရေကျတယ်။ ဝက်စ်ဟမ်းကို (၃)ဂိုးဦးဆောင်ပြီးမှ သရေကျတယ်။ ဘရိုက်တန်နဲ့ပွဲမှာ အိမ်ကွင်း နိုင်ပွဲစရပေမဲ့ ဂိုးကတော့ ပေးရတုန်းပဲ။ မန်စီးတီးကတော့ တိုက်စစ်အား သိသိသာသာကျဆင်းနေပါတယ်။ ဒီရာသီမှာ ဂိုးအများကြီး သွင်းတဲ့ပွဲတွေ နည်းသထက်နည်းလာတဲ့အပြင် ပိုဆိုးတာက တစ်ပွဲတည်းမှာ (၂)ဂိုးမရတာတောင် ကြာနေပြီ။ စပိန်အတွက် ဖယ်ရန်တောရက်စ် ဟက်ထရစ်ရခဲ့တာနဲ့ ဂျေးဇူး ပြန်လာတာတွေကို စောင့်ကြည့်ရမယ်။ အစဉ်အလာအရ ဂွါဒီယိုလာက မော်ရင်ဟိုကို အသာရထားတယ်။ ဒါပေမဲ့ စပါးကွင်းမှာ မန်စီးတီးက ရုန်းကန်ရလေ့ရှိနေပြန်တယ်။ သရေဆိုတာ မျှတပါတယ်။

မန်ယူ – ဝက်စ်ဘရွန်း (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၂ ရက် နံနက် ၂:၃၀ နာရီ)
တန်းတက်လာတဲ့ ဝက်စ်ဘရွန်း၊ ဖူလ်ဟမ်တို့ အခြေအနေမကောင်းဘူးဆိုပေမဲ့ ဖူလ်ဟမ်ကတောင် ဝက်စ်ဘရွန်းကစားတာထက် ပိုအားရစရာကောင်းတယ်။ မန်ယူကတော့ နောက်ဆုံးပွဲမှာ အဲဗာတန်ကို အနိုင်ကစားခဲ့တဲ့ ခြေစွမ်းက အားရစရပါ။ ဒီခြေစွမ်းကို ဆက်ထိန်းထားနို်င်ဖို့လည်း များတယ်။ အိမ်ကွင်းနောက်ဆုံးပွဲတွေမှာ စပါးနဲ့ အာဆင်နယ်ကို ရှုံးပြီး၊ ချယ်လ်ဆီးနဲ့ သရေကျခဲ့တဲ့ မန်ယူ ဒီပွဲကိုတော့ နိုင်ပွဲပြန်ယူပါလိမ့်မယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular