လိဒ်စ် – လီဗာပူးလ် (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် နံနက် ၁း၃၀ နာရီ)
လီဗာပူးလ်က ချန်ပီယံလိဂ်ပွဲကျပ်ကစားထားရပြီး ပွဲပန်းနေနိုင်တဲ့ ပြဿနာရှိတယ်။ ခံစစ်ပိုင်းကတော့ ပရီးမီးယားလိဂ် နောက်ပိုင်းပွဲတွေမှာ ဂိုးပေးနှုန်းနည်းလာတာတွေ့ရပြီး အတိုင်းအတာတစ်ခုအထိ တိုးတက်လာတယ်။ ဒါပေမဲ့ အဓိကပြဿနာက လိဒ်စ်လို တိုက်စစ်ကို လွတ်လွတ်လပ်လပ်၊ ရဲရဲတင်းတင်းကစားတဲ့အသင်းတွေဟာ လီဗာပူးလ်ကို ဒီရာသီမှာ ဒုက္ခပေးလေ့ရှိတဲ့အသင်းတွေရဲ့ပုံစံမျိုး ဖြစ်နေတာပဲ။ လိဒ်စ်ခံစစ်ကို လီဗာပူးလ် ဂိုးသွင်းနိုင်မယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေမဲ့ လိဒ်စ်ရဲ့တိုက်စစ်ကိုရော လီဗာပူးလ်က ထိန်းနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်ရမယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လီဗာပူးလ် အသည်းအသန်အမှတ်လိုနေလို့ ကပ်နိုင်သွားမယ့်ဘက်မှာနေချင်တယ်။








