ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပစ်မှတ်ထားကြောင်း ပြောကြားရင်း မန်စီးတီး နဲ့ ပွဲအတွက် အဆင်သင့် ဖြစ်နေပြီဆိုတဲ့ သောမက်စ်ပါတေး

အက်သလက်တီကို မက်ဒရစ် အသင်းကနေ ပေါင် ၄၅ သန်း နဲ့ ပြောင်းရွှေ့လာပြီးနောက် ပထမဆုံး အကြိမ် အဖြစ် သောမက်စ် ပါတေး ဟာ ယနေ့ ဗုဒ္ဓဟူး နေ့မှာ အာဆင်နယ် အသင်း နဲ့ အတူ လေ့ကျင့်ခန်း ဆင်းတော့မှာ ဖြစ်ပါတယ် ။

ပါတေး က ဒီတစ်ပတ်မှာ ကစားရမယ့် မန်ချက်စတာ စီးတီး နဲ့ ပွဲအတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း နဲ့ အာဆင်နယ် ကို ပြောင်းရွှေ့လာခဲ့တာဟာ ပရီးမီးယားလိဂ် ဖလား ရယူဖို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

myan789

အာဆင်နယ် အသင်းဟာ ၂၀၀၃-၀၄ ခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံ ဆု ကို ရှုံးပွဲ မရှိ စံချိန်နဲ့ ရယူ ပြီးကတည်းက ပရီးမီးယားလိဂ် ဖလား နဲ့ အလှမ်းဝေးနေခဲ့တာ ဖြစ်ပြီး အခုဆို ၁၆ နှစ်တိုင်တိုင် ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။

နောက်ပိုင်း နှစ်တွေမှာဆို အာဆင်နယ် အသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်ဖို့ထက် ထိပ်ဆုံးလေးသင်းထဲ ဝင်ရောက်နိုင်ဖို့ကိုပဲ အဓိက ပစ်မှတ်ထားနေရပြီး ချန်ပီယံလိဂ် ကစားခွင့်မရတာလည်း လေးနှစ်ဆက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ရာသီမှာ အာဆင်နယ် အသင်းဟာ အဆင့် ၈ နေရာ အထိ ကျဆင်း သွားခဲ့ပြီး အက်ဖ်အေ ဖလား အရယူ နိုင်ခဲ့တာကြောင့်သာ ယူရိုပါလိဂ် ပြိုင်ပွဲကို အုပ်စု အဆင့် ကနေ စတင် ကစားခွင့် ရရှိ သွားခဲ့တာပါ ။

ပါတေး ကတော့ အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလား နဲ့ ဝေးကွာ နေမှုကို အဆုံးသတ်ချင်ကြောင်း အခုလို ပြော​ကြား သွားခဲ့ပါတယ် ။ ” ပရီးမီးယားလိဂ် ဖလား ပြန်လည် ရယူဖို့က ကျွန်တော်တို့ဘနဲ့ ကျနော့်ရဲ့ ရည်မှန်းချက်အသစ် ပါ ၊ ကျွန်တော်တို့ အနေနဲ့ အရင်ကလို အောင်မြင်မှုတွေရအောင် လုပ်ဆောင်ရမယ်လို့ ထင်ပါတယ် ။ ”

” ဖလားအောင်မြင်မှု ရဖို့ဆိုတာ ခက်ခဲတဲ့ အရာပါ ၊ ကျွန်တော်တို့ အားလုံးလည်း ခက်ခဲမယ်ဆိုတာ သိကြပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ ကြိုးစား နေကြပါတယ်၊ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပြီလို့ ထင်ပါတယ် ၊ ကျွန်တော်တို့ အနေနဲ့ ကိုယ်လုပ်နိုင်တဲ့ အရာတွေကို အစွမ်းကုန် လုပ်​ဆောင်သွားရမှာပါ ။ ” လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၅) အဖြစ် မန်ချက်စတာ စီးတီး အသင်း အိမ်ကွင်းမှာ သွားရောက် ကစားရမှာပါ ။ ပါတေး ကတော့ မန်စီးတီး နဲ့ ပွဲမှာ ပါဝင် ကစားချင်ကြောင်းပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော်က ပွဲကြီးပွဲကောင်းတွေမှာ ပါဝင်ကစားရတာကို သဘောကျသူပါ ၊ ဒါပေမယ့် ပွဲထွက် ကစားခွင့်က နည်းပြ အပေါ်ပဲ မူတည်ပါတယ် ၊ သူ ကျနော့်ကို ကစားစေချင်သလား မကစားစေချင်သလားပေါ့ ၊ နည်းပြ အပေါ် မူတည်ပါတယ် ။ ”

” ကျွန်တော်ကတော့ အသင်းသားတွေနဲ့ အရင်ဆုံး အသားကျအောင်လုပ်မယ် ၊ ပြီးရင် လေ့ကျင့်ခန်း ဆင်းမယ် ၊ မီခေးလ် ရဲ့ ဆုံးဖြတ်ချက်ပါပဲ ၊ ကျနော်က ခုမှ အသင်းကို ရောက်တာ ဆိုတော့ ပြင်ဆင် နေတုန်းပါ ၊ ဒါပေမယ့် ကျွန်တော့် အနေနဲ့ အသင်းရဲ့ကစားပုံ နဲ့ အသားကျဖို့ လိုအပ်ပါတယ် ။ ”

” ကျွန်တော်ကတော့ အသင်းနဲ့ အမြန်ဆုံး အသားကျအောင် ကိုယ်တက်နိုင်သလောက် လေ့လာ သင်ယူသွားပါမယ် ၊ လေ့ကျင့်ရေးကွင်းမှာ နည်းပြ ခိုင်းတဲ့ အရာ အားလုံးကို လုပ်ဆောင်ပြပြီး ပွဲကစားဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြသသွားမှာပါ ။” လို့ ပြောကြား လိုက်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular