spot_img

ပရီးမီးယားလိဂ်အသင်းကြီးများ ပူးပေါင်းပါဝင်ရန် ဆန္ဒရှိနေသော ဥရောပစူပါလိဂ်ပြိုင်ပွဲကို ပရီးမီးယားလိဂ်အဖွဲ့ချုပ် ဝေဖန်ရှုတ်ချ

ပရီးမီးယားလိဂ်အသင်းကြီးများ ပူးပေါင်းပါဝင်ရန် ဆန္ဒရှိနေသော ဥရောပစူပါလိဂ်ပြိုင်ပွဲကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လက်မခံဘဲ ယင်းပြိုင်ပွဲပေါ်ပေါက်လာစေရန် ကြိုးပမ်းမှုများကို ဝေဖန်ရှုတ်ချလိုက်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်အသင်းကြီး (၆)သင်းဖြစ်သော မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီးနှင့်စပါးအသင်းတို့သည် ကျန်ဥရောပအသင်းကြီး(၆)သင်း(ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ အေစီမီလန်) နှင့်ပူးပေါင်းကာ ဥရောပစူပါလိဂ်ပြိုင်ပွဲ ပေါ်ပေါက်လာစေရန် ကြိုးပမ်းလျက်ရှိနေပြီး ယင်းပြိုင်ပွဲမှာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က လက်ရှိကျင်းပနေသော ချန်ပီယံလိဂ်ပြိုင်ပွဲ၏ရှေ့ရေးကို ကြီးမားစွာ ခြိမ်းခြောက်နေသည်။

myan789

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်၌ ”ပိရမစ်ပုံစံသွားနေသော ဥရောပဘောလုံးလောကနှင့် ပြည်တွင်းဘောလုံးလောကများ၌ ကလပ်အသင်းများသည် ထိပ်ဆုံးအဆင့်ကို တက်လှမ်းနိုင်ရန်နှင့် အကောင်းဆုံးအောင်မြင်မှုရယူရန် အိပ်မက်အပြည့်ဖြင့် ကြိုးစားနေကြကြောင်း၊ ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ယင်းအိပ်မက်များကို ဖျက်ဆီးသည့်ပြိုင်ပွဲဖြစ်ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေဖြင့် ယင်းဥရောပစူပါလိဂ်ပြိုင်ပွဲပေါ်ပေါက်စေ ရန် အဆိုပြုကြိုးပမ်းမှုများကို ကန့်ကွက်ရှုတ်ချကြောင်း” ဖော်ပြခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular