ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက်

လက်စတာ – ဝက်စ်ဟမ်း (တနင်္ဂနွေညနေ ၅း၃၀ နာရီ)
လက်စတာက ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေ ပြီး တိုက်စစ်ကလည်း အကောင်းဆုံးပုံစံပြနေတယ်။ ဒီပွဲမှာ ဗာဒီသာမကစားနိုင်ရင် တိုက် စစ်ပိုင်း အားပျော့သွားဖို့ရှိတာကို စဉ်းစားရမယ်။ ဒါပေမဲ့ အသင်းက ဟန်ချက်ညီတဲ့အသင်း မျိုးဖြစ်တာကြောင့် အရမ်းဆိုးရွားသွားဖို့မရှိဘူး။ ဝက်စ်ဟမ်းကလည်း ပုံစံကောင်းပြနေတဲ့ အသင်းပါ။ ဒါပေမဲ့ လက်စတာပဲ နိုင်ပွဲဆက်ဦးမယ်။

ဆောက်သမ်တန် – ဝက်စ်ဘရွန်း (တနင်္ဂနွေညနေ ၅း၃၀ နာရီ)
ချယ်လ်ဆီးနဲ့ပွဲမှာ ဝက်စ်ဘရွန်းကစားခဲ့တာ တော်တော်လေးကောင်းပါတယ်။ ဂိုး တွေစောစောစီးစီးရခဲ့တယ်ဆိုတာထက် တိုက်စစ်ပိုင်းက Space ကောင်းကောင်းရှာနိုင်ခဲ့ ပြီး အလုပ်လုပ်နိုင်ခဲ့တယ်။ ခံစစ်လည်းမဆိုးပါဘူး။ ဒုတိယပိုင်းမှာ ချယ်လ်ဆီးရဲ့တိုက်စစ် အားနဲ့ ပွဲအရှိန်ကြောင့်သာ အမှားတွေပေါ် ခဲ့တာဖြစ်တယ်။ ဆောက်သမ်တန်က ပြီးခဲ့တဲ့ တစ်ပတ်က နိုင်ပွဲစရပါပြီ။ ဒီပွဲမှာ အရှိန်တင်နိုင်မလားကြည့်ရမယ်။ နိုင်ဖို့တော့များတယ်။

myan789

အာဆင်နယ် – ရှက်ဖီးယူနိုက်တက် (တနင်္ဂနွေည ရး၃၀ နာရီ)
လီဗာပူးလ်ကို ရှုံးခဲ့ပေမယ့် အာဆင်နယ်ကစားတာ မညံ့ပါဘူး။ ရှေ့ပွဲတွေမှာလည်း ကစားပုံမဆိုးဘူးလို့ ပြောနိုင်တယ်။ အာတီတာလက်ထက်မှာ နိုင်သင့်တဲ့ပွဲတွေကို သေ သေချာချာ အာရုံစိုက်ကစားပြီး အမှတ်တွေစုလာနိုင်တာလည်း တွေ့ရတယ်။ ရှက်ဖီးယူ နိုက်တက်က မနှစ်ကပုံစံ မဟုတ်တော့ဘူး။ အထူးသဖြင့် တိုက်စစ်ပိုင်းက ပြဿနာရှိနေ တယ်။ ခံစစ်ကတော့ မဆိုးပါဘူး။ အာဆင်နယ် (၁-၀၊ ၂-၀)လောက်ဖြစ်မယ်။

ဝုလ်ဗ် – ဖူလ်ဟမ် (တနင်္ဂနွေည ရး၃၀ နာရီ)
ဖူလ်ဟမ်ရဲ့ခံစစ်ပြဿနာက ဒီရာသီမှာလည်း မထူးပါဘူး။ ပရီးမီးယားလိဂ်ကို တက် လာလိုက်၊ ခံစစ်ပြဿနာနဲ့ တန်းပြန်ဆင်းလိုက် သံသရာက ဒီနှစ်လည်း မြင်နေရတယ်။ ဝုလ်ဗ် က မန်စီးတီး၊ ဝက်စ်ဟမ်းနဲ့ ပွဲတွေမှာ ဆက်တိုက်ရှုံးခဲ့တယ်။ ဒါကြောင့် အမြန်ဆုံး ပြန်လည် ပြုပြင်ဖို့လိုနေပါပြီ။ ယိုတာမရှိတော့တဲ့ တိုက်စစ်ပိုင်းကို အမြန်ဆုံးပြုပြင်ဖို့လည်း လိုနေပါပြီ။ ဒီပွဲက Turning Point ဖြစ်လာနိုင်တယ်။ နိုင်ပွဲစရမယ်။

မန်ယူ – စပါး (တနင်္ဂနွေည ၁ဝးဝ၀ နာရီ)
စပါးက နောက်ဆုံးကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာ ချယ်လ်ဆီးကို အနိုင်ရခဲ့ပြီး ကစားပုံကောင်းခဲ့တာကိုတွေ့ရတယ်။ စပါး အတွက် ဆွန်ဟောင်မင်မကစားနိုင်တာကြောင့် အားနည်းချက်ရှိပြီး ချယ်လ်ဆီးနဲ့ပွဲက ကစားပုံအတိုင်းဆိုရင် လာမယ်လာကို အစားထိုးသုံးလို့ရနိုင်တယ်။ မန်ယူကတော့ ဘရိုက်တန်အသင်းနဲ့ပွဲမှာ နောက်ကျပယ်နယ်တီကြောင့် ကပ်နိုင်ခဲ့ပြီး အသင်းရဲ့ ကစားပုံက စိတ်ပျက်စရာပါ။ ရာသီအဖွင့်ပွဲတုန်းကလည်း အိမ်ကွင်းမှာ ပဲလေ့စ်ကို ရှု့ံးခဲ့တယ်။ လက်ရှိအချိန်မှာ ပေါ့ဘာရဲ့ခြေ စွမ်းက အားရစရာမရှိတဲ့အတွက် ဘရူနိုဖာနန်ဒက်စ်ကို အားပြုကစားနေရပြီး ဖာနန်ဒက်စ်လည်း မနှစ်ကလောက်တော့ ပုံစံ ကောင်းမပြနိုင်သေးဘူး။ ဟာရီကိန်း၊ လူးကပ်စ်မော်ရာတို့ကို မက်ဂွိုင်းရား၊ လင်ဒီလော့ဖ်တို့ ထိန်းချုပ်နိုင်ဖို့လိုသလို၊ ဘရူနို ဖာနန်ဒက်စ်၊ ပေါ့ဘာတို့ ကွင်းလယ်ကိုလည်း လိုဆယ်လ်ဆို၊ ဆစ်ဆိုကို၊ ဝင့်ခ်တို့ကွင်းလယ်က ယှဉ်ကစားနိုင်ဖို့လိုနေတယ်။ မနှစ်က အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူနိုင်ခဲ့ပေမယ့် ဒီရာသီအနေအထားအရဆိုရင်တော့ သရေလောက်ပဲ ရလိမ့်မယ်။

အက်စတွန်ဗီလာ – လီဗာပူးလ် (တနင်္လာနံနက် ဝဝး၄၅ နာရီ)
ပုံစံကောင်းပြပြီး နိုင်ပွဲဆက်နေတဲ့ အက်စတွန်ဗီလာနဲ့ လီဗာပူးလ်တို့ ထိပ်တိုက် တွေ့တဲ့ပွဲဖြစ်ပြီး နှစ်သင်းစလုံးအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်။ ဗီလာက အ နိုင်ရခဲ့တဲ့ နှစ်ပွဲစလုံး ပေးဂိုးလုံးဝမရှိသေးဘဲ အသင်းရဲ့တိုက်စစ်ကလည်း ကစားပုံမဆိုး ဘူး။ မနှစ်က ဗီလာကွင်းမှာ လီဗာပူးလ် ခက်ခက်ခဲခဲအနိုင်ယူခဲ့ရသလိုပဲ ဒီနှစ်လည်း လီ ဗာပူးလ် ခက်ခက်ခဲခဲ အနိုင်ယူရလိမ့်မယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular