ပရီးမီးယားလိဂ်ပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်

ရှက်ဖီးယူနိုက်တက် – လိဒ်စ်ယူနိုက်တက် (တနင်္ဂနွေ ညနေ ၅း၃၀ နာရီ)
ဒီနှစ်သင်းက ပရီးမီးယားလိဂ်မှာ ၁၉၉၄ နောက်ပိုင်း ပထမဆုံးအကြိမ်တွေ့တာပါ။ ရှက်ဖီးက မနှစ်က အမှတ်ပေးဇယားအဆင့် (၉)မှာ ရပ်တည်ပြီး ခြေစွမ်းပြခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်တော့ ရလဒ်ပိုင်းက အားရစရာမရှိတော့ဘူး။ အထူးသဖြင့် ခံစစ်က အခြေအနေ အရမ်း မဆိုးပေမယ့် တိုက်စစ်က အားရစရာလုံးဝမရှိဘူး။ လိဒ်စ်က တိုက်စစ်ကောင်းပြီး ခံစစ် အရမ်းအားနည်းနေတယ်။ သရေကျနိုင်တယ်။ (၁-၁)လောက်ဖြစ်မယ်။

စပါး – နယူးကာဆယ် (တနင်္ဂနွေည ရး၃၀ နာရီ)
နယူးကာဆယ်က အဖွင့်ပွဲမှာ ဝက်စ်ဟမ်းကို ခြေစွမ်းပြအနိုင်ယူခဲ့ပြီး၊ ပြီးခဲ့တဲ့ပွဲမှာ တော့ ဘရိုက်တန်ကို အရှက်တကွဲရှုံးခဲ့တယ်။ စပါးက ဒီပွဲမှာ ကစားသမားသစ် ရယ်ဂီလွန် ပါလာနိုင်တယ်။ တိုက်စစ်က သိပ်စဉ်းစားစရာမရှိဘူး။ ကွင်းလယ်ကလည်း ပိုကောင်းလာ တယ်။ ယုံကြည်မှု မြင့်တက်နေတဲ့အချိန်မှာ နိုင်ပွဲဆက်ယူနိုင်ရင် စပါးက လမ်းကြောင်းမှန် ပေါ် ပြန်တက်လာဖို့ ပိုမြန်ပါမယ်။ စပါး သေချာပေါက်နိုင်မယ်။

myan789

မန်စီးတီး – လက်စတာ (တနင်္ဂနွေည ၁၀း၀၀ နာရီ)
မန်စီးတီးက လီဗာပူးလ်ယူသွားတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်ယူဖို့ ပစ်မှတ်ထားနေမယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိ ဘူး။ ဒါပေမဲ့ ဒီလိုလုပ်ဖို့အတွက် ယုံကြည်မှု ပြည့်ဝနေဖို့လိုပြီး ဒီအတွက်လည်း ရာသီအစမှာကတည်းက အမြင့်ပျံနိုင်ဖို့ လိုနေ ပါတယ်။ ဝုလ်ဗ်နဲ့ ပွဲခြေစွမ်းက ခြုံကြည့်ရင် အားရစရာကောင်းပေမယ့် လိုအပ်ချက်နည်းနည်းတော့ ရှိတယ်။ ဒါပေမဲ့ လူမစုံ တဲ့ ကြားထဲက အဝေးကွင်းမှာ ဝုလ်ဗ်လိုအသင်းကို အနိုင်ကစားခဲ့တာ ချီးကျူးစရာဖြစ်တယ်။ လက်စတာက ပုံမှန်မဟုတ်တဲ့ တိုက်စစ်ပုံစံကို ပြသနေပြီး အဖွင့် (၂)ပွဲမှာ (၇)ဂိုးသွင်းခဲ့တယ်။ ဒါက လက်စတာကိုမြင်ရလေ့ရှိတဲ့ပုံစံမဟုတ်ဘူး။ ဒါပေမဲ့ ပွဲ အရမ်းမကျပ်တာကို သတိပြုရမှာဖြစ်ပြီး ဒီပွဲကတော့ လက်စတာအတွက်၊ ရော်ဂျာစအတွက် ကြီးကြီးမားမားအစမ်းသပ်ခံရမယ့် ပွဲဖြစ်တယ်။ ဘန်လေနဲ့ပွဲမှာကစားခဲ့တဲ့ ခံစစ်ပုံစံမျိုးနဲ့ဆိုရင် မန်စီးတီးတိုက်စစ်ကို တားဆီးဖို့လည်း အခက်အခဲရှိပါတယ်။ ဒီပွဲ မှာ မာရက်ဇ်၊ လာပေါ့တ်တို့ ပြန်ပါလာနိုင်တယ်။ မန်စီးတီးပဲ ကြိုက်တယ်။

ဝက်စ်ဟမ်း – ဝုလ်ဗ် (တနင်္လာနံနက် ၀၀း၃၀ နာရီ)
ဝုလ်ဗ်က ရှက်ဖီးယူနိုက်တက်ကို နိုင်ပြီး၊ မန်စီးတီးကို ရှုံးတယ်။ သာမန်ဖြတ်သန်းမှု ပါပဲ။ ကောင်းကွက်၊ ဆိုးကွက် ပြောစရာမရှိသေးဘူး။ ခြေစွမ်းမဆိုးဘူးလို့တော့ ပြောနိုင် တယ်။ ပြီးတော့ ဝက်စ်ဟမ်းထက်စာရင် ခြေစွမ်းပိုကောင်းသလို၊ ပိုမာကျောပါတယ်။ ဝက်စ် ဟမ်းက အာဆင်နယ်ကို ပွဲပြီးခါနီးပေးလိုက်ရတဲ့ဂိုးနဲ့ ရှုံးခဲ့ပေမယ့် ခြေစွမ်းမဆိုးဘူး။ ဒါပေမဲ့ ကစားပုံ ရိုးလွန်းတယ်။ ဝုလ်ဗ်ကိုပဲ ကြိုက်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular