ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) ပွဲကြိုသုံးသပ်ချက်

မန်ယူ – ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ဇူလိုင်လ ၂၂ ရက် ည ၁၁:၃၀ နာရီ)


နောက်ဆုံးပန်းဝင်ချိန်။ အပြိုင်ဖြစ်နေတာက (၃)သင်း။ ဒီလိုအချိန်မှာ အမှားမခံတော့ဘူးဆိုတာ ပြောနေစရာတောင် မလိုပါဘူး။ ဝက်စ်ဟမ်းကတော့ ဝက်ဖို့ဒ်ကိုအနိုင်ယူပြီးတဲ့နောက် တန်းဆင်းအန္တရာယ်က လွတ်သလောက်ဖြစ်သွားပြီ။ လုပ်စရာ မကျန်တော့ဘူးလို့ပဲ ပြောရမယ်။ ဒေးဗစ်မွိုက်စ်က တောက်လျှောက် ရုန်းကန်ခဲ့ရပေမယ့် ရာသီသိမ်းပန်းဝင်ချိန်မှာ လှလှပပ လုပ်ပြသွားတယ်။ အခု ဒီပွဲမှာလည်း အသင်းဟောင်း မန်ယူကို ဘယ်လောက်အထိ ဒုက္ခပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ်။ ဝက်စ်ဟမ်းသာ အားထည့်ကစားရင် အိမ်ကွင်းဆိုပေမယ့် မန်ယူ အခက်အခဲရှိနိုင်တယ်။ ခံစစ်ကို လုံအောင်ကစားပြီး အန်တိုနီယိုနဲ့ တိုက်စစ်မှာ ရုန်းတဲ့ ဝက်စ်ဟမ်းရဲ့ပုံစံက ရိုးရှင်းပေမယ့် ထိရောက်ပါတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းခံစစ်မှာ ပြဿနာရှိတာက ကစားပုံလေးလံတာဖြစ်ပြီး တစ်ဦးချင်းကောင်းတဲ့ တိုက်စစ်မှူးတွေနဲ့တွေ့ရင် အခက်အခဲတွေ့တတ်တာပဲ။ မန်ယူကတော့ နောက်ပိုင်းပွဲတွေမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့အမှားအနည်းငယ်တွေ့လာရပေမယ့် အခုအချိန်အထိ အသင်းကို အကျိုးပြုနေဆဲဖြစ်ပြီး အသင်းရဲ့အထိုင်ကို ငြိမ်အောင်လုပ်ပေးနိုင်တယ်။ ခိုင်မာတဲ့ကစားကွက်နဲ့ ရှင်းလင်းတဲ့တိုက်စစ်လမ်းကြောင်းတွေကိုလည်းမြင်လာရတယ်။ ဒါကြောင့် ဒီပွဲက မန်ယူ နိုင်မယ့်ပွဲဖြစ်ပြီး တန်ဖိုးကြီးတဲ့ (၃)မှတ်ကို ယူနိုင်ပါလိမ့်မယ်။

myan789

လီဗာပူးလ် – ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဇူလိုင်လ ၂၃ ရက် နံနက် ၁:၄၅ နာရီ)


ချယ်လ်ဆီးက ရာသီကုန်မှာ ပွဲကျပ် (၂)ပွဲနဲ့ ရုန်းကန်ရတော့မှာဖြစ်တယ်။ ဒီပွဲမှာ လီဗာပူးလ်ကိုနိုင်ခဲ့ရင် နောက်ဆုံးပွဲမှာ အခွင့်အရေးက ကိုယ့်လက်ထဲမှာ ရှိနေမှာဖြစ်ပြီး ဒီရာသီရဲ့အရေးအကြီးဆုံးပွဲလို့လည်း ပြောလို့ရတယ်။ နောက်ပိုင်းပွဲတွေမှာ လီဗာပူးလ်ကို ချယ်လ်ဆီး အရေးနိမ့်လေ့ရှိပေမယ့် အခုလို အခြေအနေမျိုးတော့မဟုတ်ဘူး။ လီဗာပူးလ်က ဖလားယူပြီးသားအသင်းဖြစ်ပြီး ချယ်လ်ဆီးက သေရေးရှင်ရေးအခြေအနေမှာ လီဗာပူးလ်က ဒီပွဲအပေါ် ဘယ်လိုသဘောထားမလဲဆိုတဲ့အချက်က အရေးကြီးတယ်။ လီဗာပူးလ်ရဲ့အခြေအနေက ဖလားလည်းလုစရာမလိုတော့ဘူး။ စံချိန်အတွက်လည်း မက်စရာမရှိတော့ဘူး။ လူကုန်ထုတ်ရင် ခြေကုန်ထုတ်ပါ့မလား၊ ခြေကုန်ထုတ်ပြီး အာရုံစိုက်ကစားမယ်ဆိုရင်ရော လူစုံနဲ့ ကစားပါ့မလားဆိုတာ စဉ်းစားစရာရှိတယ်။ လမ်းပတ်လက်ထက်မှာ ကလော့ပ်ရဲ့အသင်းနဲ့ ကစားခဲ့တဲ့ပွဲတိုင်း ကောင်းပါတယ်။ ရလဒ်မကောင်းပေမယ့် ခြေစွမ်းကောင်း၊ ပုံစံကောင်းကို ပြနိုင်တာတွေ့ရတယ်။ ဒါပေမဲ့ လမ်းပတ်ရဲ့လက်ရှိအသင်းက အရေးအကြီးဆုံးအချိန်ရောက်မှ ဒီရာသီအညံ့ဆုံးပုံစံဖြစ်နေပြီး အထူးသဖြင့် ခံစစ်က လုံးဝစိတ်ချလို့မရဘူး။ လီဗာပူးလ်ကလည်း ချန်ပီယံဖြစ်ပြီးနောက် ကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာ အားနည်းခဲ့ပါတယ်။ သရေကျသွားနိုင်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular