ပရီးမီးယားလိဂ်ကို ပြန်လာချင်ကြောင်း ဖွင့်ဟလိုက်ပြီ ဖြစ်တဲ့ ဂါးရတ် ဘေးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂျေဒန် ဆန်ချို အစား အခြား တောင်ပံ တိုက်စစ် ကစားသမား တစ်ဦးကို ခေါ်ယူဖို့ စိတ်ထား ပြောင်းခဲ့ လိုက်တဲ့ အနေအထား တစ်ရပ် မှာတော့ ရီးယဲ မက်ဒရစ် အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂါးရတ် ဘေးလ်က ပရီးမီးယား လိဂ်ကို ပြန်လည် ပြောင်းရွှေ့ လိုကြောင်း ဖွင့်ဟ ခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေ အပြောင်းအရွှေ့ အတွင်း ဒေါ့မွန် အသင်း မှ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချို ကို နံပါတ် တစ် ဦးစားပေး အဖြစ် ခေါ်ယူ လိုချင်ခဲ့ ပေမယ့် ဂျာမန် ကလပ် နဲ့ သဘော တူညီမှု မရရှိနိုင် ဖြစ်နေ ခဲ့တဲ့ အတွက် သူ့ကို မေ့ပျောက် လိုက်ဖို့ လုပ်ဆောင် နေခဲ့ ပါတယ် ။

myan789

အဆိုပါ နေရာ အတွက် ယူနိုက်တက် တို့ဟာ အခြား တောင်ပံ တိုက်စစ် ကစားသမား တစ်ဦး တစ်ယောက် ကို ခေါ်ယူဖို့ အတွက် ချိန်ရွယ် နေခဲ့ပြီး Daily Star ကတော့ ဂါးရတ် ဘေးလ် ဟာ ယူနိုက်တက်တို့ စောင့်ကြည့် နေတဲ့ ကစားသမား ဖြစ်လာ ခဲ့ပြီ လို့ ရေးသား ဖော်ပြ သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဘေးလ် ကိုယ်တိုင် ကလည်း ပွဲထွက် ကစားခွင့်တွေ အကန့်အသတ် ဖြစ်ခဲ့ ရတဲ့ စပိန် မြေမှာ ဆက်လက် မရှိလို တော့ပဲ အသင်း ပြောင်းရွှေ့ လိုနေ ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ပရီးမီးယားလိဂ် ကို ပြန်လည် ပြောင်းရွှေ့ ဖြစ်မလား လို့ အမေး ခံလိုက် ရချိန် မှာတော့ …

” အကယ်လို့ ဒီလို ရွေးချယ် စရာ အခွင့်အလမ်းတွေ မြင့်တက် လာမယ် ဆိုရင်တော့ ကျွန်တော် သေချာပေါက် စောင့်ကြည့်လိုက်မှာ ပါပဲ ။ ဘာတွေ ဆက်ပြီး ဖြစ်လာ မလဲ ဆိုတာကို ကျွန်တော် တို့ စောင့်ကြည့် နေကြ ပါ့တယ် ။ လက်ရှိ အပြောင်းအရွှေ့ ကာလ က ကုန်ဆုံးဖို့ အချိန် အများကြီး ကျန်နေပါ သေးတယ် ”

” ဒါ့ကြောင့် စောင့်ကြည့် ဖို့တော့ လိုအပ် နေပါ သေးတယ် ။ အချိန်က စကားပြော သွားပါ လိမ့်မယ် ။ ကျွန်တော် ကတော့ ဆုံးဖြတ်ချက် လုပ်ဆောင်ရေး ကိစ္စ တွေဟာ ရီးယဲ မက်ဒရစ် အသင်း ရဲ့ လက်ထဲ မှာပဲ ရှိနေ သေးတယ် လို့ ပြောဆိုချင် ပါတယ် ” လို့ ဂါးရတ် ဘေးလ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဂါးရတ် ဘေးလ် ဟာ ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ တုန်းက အမည် ဖော်ပြ ထားခြင်း မရှိခဲ့တဲ့ ပရီးမီးယား လိဂ် ထိပ်သီး ကလပ် အသင်း တစ်သင်း ရဲ့ ပေါင် 89 သန်းတန် ကမ်းလှမ်းမှု တစ်ခုကို ရရှိခဲ့ သေးတယ်လို့ သတင်းတွေ ကျယ်လောင် နေခဲ့ပါ သေးတယ် ။ ဒါပေမယ့် ထူးခြား မလာခဲ့ ပါဘူး ။ ရီးယဲ ဥက္ကဌဟောင်း ကယ်လ်ဒါရွန် ကိုယ်တိုင်က …

” ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ ရဲ့ နောက်ဆုံး ရက်စွဲတွေ တုန်းက ဘေးလ် အတွက် ပရီးမီးယားလိဂ် မှ ကမ်းလှမ်းမှု အချို့ ရောက်ရှိ လာခဲ့ပါ သေးတယ် ။ သူတို့ တွေက ယူရို သန်း 100 ( ပေါင် 89 သန်း ) အထိ ပေးချေ ဖို့ အတွက်တောင် ဆန္ဒ ရှိခဲ့ကြ ပါတယ် ။ ဒါပေမယ့် ဘေးလ်ဟာ အသင်းမှ ရှိနေမယ်လို့ အသင်း ဖက်က ယူဆ ခဲ့တဲ့ အတွက် ငြင်းဆန် ခဲ့ရ ပါတယ် ”

” ကျွန်တော် အသင်း နာမည် သိပေမယ့် ဒါကို ထုတ်ဖော် ပြောဆိုခွင့် မရှိ ပါဘူး ။ အဆုံးသတ် မှာတော့ ရီးယဲ မက်ဒရစ် အသင်းက ဘေးလ် အတွက် ရောက်ရှိ လာခဲ့တဲ့ ကမ်းလှမ်းမှု တွေကို ငြင်းဆန် ပယ်ချ သွားဖို့ပဲ ရွေးချယ် သွားခဲ့ ပါတယ် ။ သူတို့ တွေက ဘေးလ် ကို ပွဲထွက်ခွင့်တွေ ပေးဖို့ အထိ ရည်ရွယ် ထားခဲ့ကြ ပါတယ် ” လို့ ပြောကြား ခဲ့ပါ သေးတယ် ။

မကြာသေးခင် တုန်းကလည်း ဘေးလ် ကိုယ်တိုင်က သူဟာ အသင်း ပြောင်းရွှေ့ လိုကြောင်း ဖွင့်ဟ ပြောကြား ထားခဲ့သေး သလို ရီးယဲ မက်ဒရစ် အသင်း ကလည်း အပြောင်းအရွှေ့ မဖြစ်ပွား စေဖို့ အတွက် အခက်အခဲ တွေကို ဖြစ်ပေါ် စေခဲ့ကြောင်း ထုတ်ဖော် ပြောကြား ခဲ့ဖူး ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular