ပဉ္စမမြောက် ဖလားကို သိမ်းပိုက် လိုက်ပြန် ဖြစ်တဲ့ ဟန်စီ ဖလစ်

ဘိုင်ယန် မြူးနစ် အသင်းရဲ့ နည်းပြသစ် ဟန်စီ ဖလစ် ရဲ့ ရွှေရောင်နေ့ရက်တွေ ဟာ တစ်ရက်ပြီး တစ်ရက်ပိုလို့တောင်တောက်ပနေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှဆီဗီလာအသင်းကို အချိန်ပိုမှာ အနိုင်ယူပြီး ၊ ဥရောပ စူပါဖလား ဆွတ်ခူးထားခဲ့တဲ့ ဘိုင်ယန် ဟာ မနေ့ညကလဲ ဒေါ့မွန် အသင်းကို အနိုင်ယူကာဂျာမန်စူပါဖလားကိုထပ်မံသိမ်းပိုက်သွားခဲ့ပြန်ပါပြီ။

ဒီဖလားဟာ နည်းပြ ဟန်စီ ဖလစ် အတွက် ဘိုင်ယန် နည်းပြဖြစ်လာပြီးနောက်ပိုင်းပဉ္စမမြောက် ရယူနိုင်ခဲ့တဲ့ဖလားဖြစ်သလို၊စုစုပေါင်းကိုင်တွယ်ထားတဲ့ပွဲ40မှာဖလား5လုံးအထိသိမ်းပိုက်ထားနိုင်ခဲ့လို့ ၊ 8 ပွဲ ကစားပြီးတိုင်း 1 လုံး နှုန်း ရယူနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

myan789

ဘိုင်ယန် မြူးနစ် ရဲ့ ကစားသမားစာရင်းဟာတောင့်တင်းပြီးသားဆိုပေမယ့်၊တီယာဂိုမရှိတော့တဲ့ ကွင်းလယ်ကြောင့် အရင်လောက်အထိ မြိုင်ဆိုင်မှု မရှိတာတော့ သေချာပါတယ်။ အထူးသဖြင့် ဘောလုံး ပိုင်ဆိုင်မှု အပိုင်းတွေမှာ အသာစီး ရယူနိုင်သည့်တိုင်အောင် ၊ အခွင့်အရေး ဖန်တီးမှု အပိုင်း နဲ့ Transition အပိုင်းတွေ မှာ တော်တော်လေး အားနည်းသွားခဲ့တာ တွေ့ရပါတယ်။

ဆီဗီလာ နဲ့ ကစားခဲ့တဲ့ ပွဲစဉ်ဆိုရင် လိုပက်တီဂူ ရဲ့ ခံစစ်ကို သေသေသပ်သပ်ထိုးဖောက်နိုင်ခြင်း မရှိခဲ့တဲ့ အပြင် ၊ တန်ပြန်တိုက်စစ်တွေကိုလဲ အချိန်တိုင်းနီးပါး ခွင့်ပြုနေခဲ့ရတာပါ။ အဲဒီပွဲမှာ နူအာသာအကောင်းဆုံးလက်စွမ်းမပြနိုင်ခဲ့ရင်၊ဘိုင်ယန်အနေနဲ့မီးနစ်90အတွင်းမှာအရှုံးပေးခဲ့ရ နိုင်တာ အသေအချာပါပဲ။

မနေ့ညက ကစားသွားတဲ့ ဂျာမန် စူပါ ဖလားပွဲစဉ်မှာတော့ နှစ်သင်း စလုံးဟာတန်ပြန်တိုက်စစ် ပုံဖော်မှု ခပ်မြန်မြန် နဲ့ ကစားသွားခဲ့လို့ တော်တော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။ ဘိုင်ယန် ကလဲPressingနဲ့CounterAttackတွေကိုအားပြုသလို၊ဒေါ့မွန်ကလဲဟားလန်းကိုအထောင်ထားကာ ဂျူလီယန် ဘရန့် ၊ မာကို ရွိုက်စ် တို့ရဲ့ တိုးအားတွေ နဲ့ ပြန်လည် တုန့်ပြန်သွားခဲ့တာပါ။

ဘိုင်ယန်ဟာ32မီးနစ်အတွင်းမှာပဲသောမတ်မူလာတိုလစ်ဆိုတို့ရဲ့သွင်းဂိုးတွေနဲ့ဦးဆောင်ခဲ့ပေမယ့် ဒေါ့မွန် ရဲ့ တုန့်ပြန်မှုတွေကလဲ အရမ်းကို ကောင်းလွန်းခဲ့လို့ ချေပဂိုး နှစ်ဂိုး အထိ ပြန်လည် ခွင့်ပြုခဲ့ရပါတယ်။

တိုလစ်ဆို သွင်းယူလိုက်တဲ့ အဖွင့်ဂိုး ဆိုရင် တန်ပြန် တိုက်စစ်ကနေ သယ်လာတဲ့ ဘောလုံးကို လီဝန်ဒေါ့စကီး က ဂိုးရှေ့ကို လှလှပပ ခင်းပေးခဲ့ကာ ၊ ပြင်သစ် ကွင်းလယ် ကစားသမား က နှစ်ဆင့် ပိတ်သွင်းကာ ရယူသွားခဲ့တာပါအဲဒီနောက်အယ်ဖွန်ဆိုဒေးဗီးလ်ရဲ့ဖြတ်တင်ဘောကနေ တဆင့် ၊ မူလာ က ခေါင်းတိုက် သွင်းယူပြီးဒုတိယမြောက်ဦးဆောင်ဂိုးကိုရယူလိုက်ပြန်ပါတယ်။

ပွဲဟာဂိုးပြတ်သွားနိုင်တယ်လို့ထင်မှတ်နေဆမှာပဲဒေါ့မွန်ရဲ့တုန့်ပြန်ပုံတွေကပြန်လည်ကောင်းမွန်လာပါတယ်။ ပါဗက် ရဲ့ အမှားကနေ တဆင့် ရရှိလာတဲ့ ဘောလုံးကို ဟာလန်း က ဘရန့်ဆီ ခင်းပေးလိုက်ရာ၊ဂိုးရှေ့မှာအသင့်ရှိနေတဲဘရန့်ကအပိုင်ပိတ်သွင်းပြီးပထမချေပဂိုးရယူနိုင်ခဲ့ပါ တယ်။

ဒုတိယပိုင်း ပြန်စလို့ 10 မီးနစ် အရောက်မှာတော့ ဘိုင်ယန် ခံစစ်ကို တစ်ချိန်လုံး ဒုက္ခပေးနေတဲ့ ဟားလန်းကဒုတိယချေပဂိုးသွင်းယူပေးလိုက်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့နှစ်သင်းစလုံးဟာ လူငယ် ကစားသမားတွေကိုပဲ အပြိုင် ထည့်သွင်းကာ ခင်းကျင်းလာခဲ့ပါတယ်။အထူးသဖြင့် ဒေါ့မွန်ဟာ ရီးရဲ က အငှားနဲ့ ခေါ်ယူထားတဲ့ ရိုင်နီယာ ၊ အင်္ဂလန် လူငယ်လေး ဘယ်လင်ဂမ် ၊ အမေရိကန် လူငယ်လေး ရေနာ တို့ကိုပါ ထည့်သွင်းလာခဲ့တာပါ။

သို့သော် ကွင်းလယ် ကစားသမား ဒီလာနေး ရဲ့ ဘောလုံး လက်ခံပုံ မသေသပ်မှု ကနေ တဆင့် ၊ Counter Press လုပ်နေတဲ့ ကင်မစ်ချ် က ဘောလုံးကို သယ်သွားခဲ့ကာ လီဝန်ဒေါ့စကီးဆီ ပို့ပေးလိုက်ပြီး ၊ လီဝန်ဒေါ့စကီး ပြန်ချပေးတဲ့ ဘောလုံးကို အနီးကပ် ပိတ်သွင်းကာ အနိုင်ဂိုး ရယူသွားခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန် အတွက်တော့ နောက်ဆုံးကစားခဲ့တဲ့ 3 ပွဲမှာ 2 ပွဲ ကို အနိုင်ကစားပြီး ဖလား 2 လုံး ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular