ပင်နယ်တီ ဆက်တိုက် လွဲချော်မှု ၊ စာချုပ်သစ် ကိစ္စတွေကြောင့် ၊ သတင်းစာရှင်းလင်းပွဲ တက်ရောက်ဖို့ ဖျက်သိမ်းခဲ့တဲ့ ရာမို့စ်

ပင်နယ်တီ ဆက်တိုက် လွဲချော်မှု ၊ စာချုပ်သစ် ကိစ္စတွေကြောင့် ၊ သတင်းစာရှင်းလင်းပွဲ တက်ရောက်ဖို့ ဖျက်သိမ်းခဲ့တဲ့ ရာမို့စ်

တစ်ချိန်ကတော့ “ မီးနစ် 90 ပြည့်လို့ သွင်းဂိုးတွေ လိုနေပြီလား ၊ ရာမို့စ် ဆီသာ ဖုန်းခေါ်လိုက်ပါ” ဆိုတဲ့ စကားမျိုးတောင် ပရိသတ်တွေ အကြားမှာ ရေပန်းစားခဲ့ပါတယ်။ ရာမို့စ် ကိုယ်တိုင်လဲ အရေးပါတဲ့ အခိုက်အတန့်တိုင်းမှာ သူ့ရဲ့ သွင်းဂိုးတွေ နဲ့ အမြဲတမ်း ကယ်တင်ရှင် လုပ်ပြခဲ့သူပါ။

myan789

2014 ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာ ဆိုရင် 93 မီးနစ် ရောက်မှ ချေပဂိုး သွင်းယူကာ ၊ အိမ်နီးနားချင်း အေတီကို ရဲ့ အိပ်မက်တွေကို ဖျက်ဆီးပစ်ခဲ့ဖူးပါတယ်။

သို့သော် ဒီနှစ် ဘောလုံးရာသီမှာတော့ ရာမို့စ် ရဲ့ ကွင်းထဲက စွမ်းဆောင်ရည် တစ်ချို့ဟာ ပရိသတ်တွေကို အံ့အားသင့်စေလျှက်ရှိနေပြီး ၊ စာချုပ်သစ် ကိစ္စ အဆင်မပြေသေးတဲ့ အချက်ဟာ သက်ရောက်မှုတွေ ရှိနေပြီလားလို့တောင် သံသယတွေ ဖြစ်လာနေကြပါတယ်။

သူ နောက်ဆုံး ပါဝင် ကစားပေးခဲ့တဲ့ 2 ပွဲမှာ ဆိုရင် ပင်နယ်တီ တစ်ကြိမ် ပေးထားရသလို ၊ ပင်နယ်တီ ကန်သွင့်ခွင့် နှစ်ကြိမ် စလုံးမှာလဲ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပါဘူး။

အသက် 34 နှစ် အရွယ် ခံစစ်မှုးကြီးရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ 7 လ တာ ကျန်တော့တာ ဖြစ်ပြီး ၊ လက်ရှိ အချိန်မှာ သူ့ရဲ့ စာချုပ်သစ် ကိစ္စ နဲ့ ပတ်သက်လု့ိ သတင်းတွေက အမျိုးမျိုးတောင် ပေါ်ထွက်လာနေလျှက်ရှိပါတယ်။

မက်ဒရစ် အခြေစိုက် သတင်းစာ တစ်စောင် ဖြစ်တဲ့ မာကာ ကတော့ ရာမို့စ် နဲ့ အသင်း ဥက္ကဌ ပီရက်တို့ အကြားက ဆက်ဆံရေးဟာ “အဖေ နဲ့ သား” လို ပုံစံမျိုးအထိ ကောင်းမွန်လျှက် ရှိတယ်လို့ ရေးသားလိုက်ပြီး ၊ မနာလိုတဲ့ မီဒီယာ တစ်ချို့က စာချုပ်သစ် နဲ့ ပတ်သက်ပြီး ကစားသမားကို မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲ ရေးသားထားပါတယ်။

တစ်ချိန်တည်းမှာပဲ နောက်ထပ် မက်ဒရစ် အခြေစိုက် သတင်းစာတစ်စောင် ဖြစ်တဲ့ AS က ပြင်သစ် ကလပ် PSG ဟာ ရာမို့စ် ကို ခေါ်ယူဖို့ အတွက် တစ်နှစ် လုပ်ခ ယူရို သန်း 20 + 3 နှစ် စာချုပ် နဲ့တောင် ကမ်းလှမ်းထားတယ်လို့ မနေ့က ထူးထူးခြားခြား ဖော်ပြလိုက်ပါတယ်။

ရာမို့စ် နဲ့ ရီးရဲ ဥက္ကဌ ပီရက်တို့ အကြားက ဆက်ဆံရေးတွေကို ပြန်သုံးသပ်ကြည့်ရရင် အခုလို စာချုပ်သစ် ချုပ်ဆိုမယ့် ကာလမျိုး ရောက်လာတိုင်း အဖုအထစ်တွေ အနည်းငယ်တော့ ပေါ်လာတာ တွေ့ရပါတယ်။ 2015 ခုနှစ် တုန်းကဆိုရင် ရာမို့စ် ဟာ ယူနိုက်တက် ကို ပြောင်းဖို့အတွက် လက်တစ်ကမ်း အလိုကိုတောင် ရောက်ရှိခဲ့ဖူးပြီး နောက်ဆုံး အချိန်ရောက်မှ အခြေအနေတွေ ပြောင်းလဲ သွားခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီ မတိုင်ခင်ကလဲ တရုတ် ကလပ်အသင်း တစ်သင်းက မြောက်များစွာသော လစာပမာဏ နဲ့ တရားဝင် ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ဖြစ်ခဲ့ဖူးပြီး ၊ နောက်ပိုင်းမှာ ရာမို့စ် ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ လုပ်ကာ ပယ်ချခဲ့ဖူးပါတယ်။

သို့သော် ဒီတစ်ကြိမ်က ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ရာမို့စ်ဟာ ရီးရဲ မက်ဒရစ်မှာ အခွန်ဆောင်ပြီး တစ်နှစ်လုပ်ခ ယူရို 8 သန်း နဲ့ လစာ အများဆုံး ရရှိနေတဲ့သူပါ။ ပီအက်စ်ဂျီ ကလဲ ခံစစ်မှုး လိုအပ်နေတာ မှန်သော်လဲ ၊ FFP စည်းမျဉ်းရဲ့ ဖိအားရှိနေတာကြောင့် ရာမို့စ် ကို ယူရို သန်း 20 အထိ ပေးပြီး ကမ်းလှမ်းမယ့် သတင်းဟာ သိပ်ပြီးတော့ ယုံကြည်ချင်စရာ မကောင်းသေးပါဘူး။

သို့သော် သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ဖို့ ဖျက်သိမ်းခဲ့တဲ့ ရာမို့စ် ရဲ့ အခြေအနေကြောင့် စိတ်ဝင်စားစရာ ပိုကောင်းလာပါတယ်။

စပိန် လက်ရွေးစင် အသင်းဟာ နေးရှင်းလိဂ် အုပ်စုပွဲစဉ် အဆုံးအဖြတ်ဖြစ် ဂျာမဏီ အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်ဟာ ရာမို့စ်ရဲ့ မွေးရပ်မြေ ဆီဗီးလ် မှာ ကစားမှာ ဖြစ်တာကြောင့် ၊ မူလက ပွဲကြိုသတင်းစာ ရှင်းလင်းပွဲအတွက် သူကိုယ်တိုင် တက်ရောက်မယ်လို့ ကြေငြာထားခဲ့တာပါ။

သို့သော် ပင်နယ်တီ 2 လုံး ဆက်တိုက် လွဲချော်ခဲ့တာ ၊ စာချုပ်သစ် ကိစ္စတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ပြီး နောက်ပိုင်း ၊ ရာမို့စ်ဟာ သတင်းစာရှင်းလင်းပွဲ တက်ရောက်မှာ မဟုတ်ကြောင်း ကြေငြာခဲ့ပါတယ်။

စပိန်ရဲ့ နာမည်ကြီး သတင်းထောက်တွေ ကတော့ ရာမို့စ် နဲ့ ရီးရဲ တို့အကြား စာချုပ်သစ် ကိစ္စ အတွက် မျက်နှာချင်းဆိုင်ထားပြီးပြီ ဖြစ်ပေမယ့် ၊ အလျှင်အမြန် သဘောတူညီမှု ရဖို့အတွက်တော့ ဖြစ်နိုင်ချေ နည်းသေးတယ်လို့ သုံးသပ်နေကြပြီး ၊ မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေ ဖြစ်လာရင်တောင် အံ့အားသင့်စရာ မဟုတ်ဘူးလို့ မှတ်ချက်ပေးလျှက် ရှိနေကြပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular